Print

ရာသီလာနေစဉ် အမျိုးသားနဲ့အတူနေရင် ကိုယ်ဝန်ရတတ်ပါသလား။

  16-Mar-2022
Preview Image

          ရာသီလာနေစဉ် အမျိုးသားနဲ့အတူနေရင် ကိုယ်ဝန်ရတတ်ပါသလား။ ဆရာတို့ မေးခွန်းကို နှစ်ခုခွဲလိုက်မယ်ဆိုရင် ရာသီလာတဲ့အချိန်မှာ အမျိုးသားနဲ့အတူနေလို့ရလားဆိုတာရယ်၊ အတူနေလိုက်ရင် ကိုယ်ဝန်ရောရတတ်သလားဆိုတာ ပြောပြပါမယ်။

 

လူတွေရဲ့စိတ်ထဲမှာ ဒီရာသီလာတဲ့အချိန်က မသန့်တဲ့အချိန်ပဲ၊ ရှောင်ရမယ်ဆိုပြီး အတူမနေတာရှိတယ်။ အမျိုးသမီးကလည်း ဒီအချိန်ကြီးမှာ သူနဲ့လာနေရင် အဲဒီယောကျ်ားကို စိတ်ဆိုးတာတွေ ရှိတယ်။ ဒီအချိန်က မနေသင့်တဲ့ အချိန်လို့ သူထင်နေတာကိုး။ အဲလိုအတူမနေရဘူးဆိုတာ ဆေးပညာမှာ မရှိပါဘူး။ အတူနေလို့ရပါတယ်။ သွေးဆင်းတာပဲ ရှိတာပါ။ တစ်ခုတော့ရှိတာပေါ့၊ သန့်သန့်ရှင်းရှင်းနေရမယ်။ ကြမ်းကြမ်းတမ်းတမ်းမနေရပါဘူး။ အသွေးအသားတွေက အရမ်းနုနေတာကိုး။ ရောဂါတွေလည်း အလွယ်တကူ ဝင်ရောက်လာနိုင်လို့ပါ။ နောက်တစ်ခုက ရာသီသွေးလာတဲ့အခါ အများကြီးလာတာ၊ ကိုက်ခဲတာ၊ စိတ်တိုနေတာ အဲ့အချိန်မှာ ယောကျ်ားက အတွင်းသွားနေရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

 

နောက်မေးခွန်းတစ်ခု ကိုယ်ဝန်ရှိနိုင်လားဆိုတော့ ပုံမှန်အားဖြင့် မိန်းကလေးတစ်ယောက် သားဥကြွေတဲ့အချိန်မှာ ကိုယ်ဝန်ရှိနိုင်ပါတယ်။ သားဥက ဘယ်အချိန်မှာ ကြွေလဲဆိုတော့ ရာသီတစ်ခါလာတယ်၊ နောက်တစ်ခါလာတယ်၊ ၂၈ ရက်တစ်ခါလာတယ်ဆိုပါစို့။ ဥလေးက စလာပြီး ၁၄ရက် ဝန်းကျင် (၁၀ ရက် - ၁၆ ရက်ကြား) မှာ ဥလေးကြွေပါတယ်။ အဲအခါသွားနေရင် ကိုယ်ဝန်ရတတ်ပါတယ်။ ပုံမှန်အားဖြင့် ရာသီလာနေစဉ် ၊ ရာသီလာပြီး ပထမ ၇ ရက် (တစ်ပတ်) အတွင်းရယ်၊ ရာသီမလာခင် တစ်ပတ်အတွင်းမှာ ကိုယ်ဝန်မရပါဘူး၊ သေချာပါတယ်။ တစ်ခုပဲပေါ့ ရာသီလာနေစဉ် အတူနေတာ ကလေးမရနိုင်ဘူးဆိုတာ မှန်ပါတယ်၊ သို့သော် ရာသီက ဘယ်လိုလာတာလဲဆိုတာသိဖို့ လိုပါတယ်။

 

ရာသီသွေးက တစ်လတစ်ခါ ပုံမှန်လာနေရင်တော့ ဟုတ်ပါတယ်။ သို့သော် တချို့ မိန်းကလေးတွေက တစ်လထဲမှာ နှစ်ခါ၊ သုံးခါလာတာရှိတယ်။ တချို့ကကျတော့ ၃ - ၄ လနေမှ တစ်ခါလာတာရှိတယ်။ အဲလို ပုံမမှန်ရင်တော့ ရာသီလာနေစဉ် ကလေးမရဘူးလို့ ပြောလို့မရပါဘူး။ သူတို့အတွက် ဥဘယ်အချိန်မှာ ကြွေလဲဆိုတာ တွက်လို့ မရနိုင်ပါဘူး။

 

Credit : သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာ စိုးလွင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18