Print

တစ်နေ့ကို ၂၅ မိနစ် လမ်းလျှောက်ခြင်းဟာ အသက် ၇ နှစ် ရှည်စေနိုင်

  29-Oct-2016
Preview Image

တစ်နေ့ကို ၂၅ မိနစ် ခန့် လမ်းလျှောက်ခြင်းဟာ ဘဝမှာ ၇ နှစ်စာ အသက် ရှည်သွား စေတယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ဆိုလိုက်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရတော့ အလွန်အကျွံ မဖြစ်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းဟာလည်း အသက် ၅၀ ၊ ၆၀ ခန့် ရောက်တဲ့အခါမှာ နှလုံးရောဂါနဲ့ သေဆုံး နိုင်တဲ့အန္တရာယ်တွေရှိလာနိုင်တယ်လို့ သိရပါတယ်။ နှလုံးရောဂါဆိုင်ရာ ဥရောပ လူ့အဖွဲ့အစည်း ဖြစ်တဲ့ (ESC) မှာတနင်္ဂနွေ နဲ့ ပြုလုပ်ခဲ့တဲ့ သုတေသန အသစ် အရ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အသက်အရွယ်ကြီးရင့်ခြင်းတွေကြန့်ကြာစေနိုင်တယ်လို့ ဆွေးနွေးခဲ့ကြပါ တယ်။ဂျာမနီ နိုင်ငံက ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာတော့ အသက် ၃၀ ကနေ ၆၀ ကြားရှိတဲ့ အမျိုးသား တွေနဲ့ အမျိုးသမီး တွေကို နေ့စဉ် လေ့ကျင့်ခန်း ပရိုဂရမ်တွေ လုပ်ဆောင်စေပြီး လေ့လာခဲ့တာဖြစ်ပါတယ်။ထို လေ့လာမှုအတွက် ရွေးချယ်ခံရသူတွေဟာ အရင်တုန်းက ပုံမှန်လေ့ကျင့်ခန်း မလုပ်ကြသူတွေ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ လေ့လာမှု က တစ်ဆင့် ထို ရွေးချယ်ခံထားရသူတွေရဲ့ သွေးထဲက အသက်အရွယ်ကြီးရင့်မှုကို ခြေရာခံကြည့်ခဲ့ပါတယ်။ ၆လအတွင်းမှာပဲ DNA ကို ပြုပြင်ခြင်းမှာ ကူညီပေးနိုင်မယ့် ခန္ဓာကိုယ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ကျွမ်းကျင်သူတွေ ပြောကြတာကတော့ ၂၅ မိနစ်ခန့် လှုပ်လှုပ်ရှားရှား လမ်းလျှောက်ခြင်း(သို့) နေ့စဉ်အနှေးလမ်းလျှောက်ခြင်း တွေဟာ ကျန်းမာခြင်းနဲ့ ပျော်ရွှင်ခြင်း ရဲ့ အပိုနှစ်တွေကို ဝယ်ယူလိုက်နိုင်တယ်ဆိုတာပါပဲ။ နှလုံးရောဂါ ဆိုင်ရာ ပရော်ဖက်ဆာတစ်ယောက် ဖြစ်တဲ့ SanjaySharma က ပြောပြခဲ့တာကတော့ "သင်ပုံမှန်ပဲ လေ့ကျင့်ခန်း လုပ်သွားမယ်ဆိုရင် သင့်အသက် ၅၀၊ ၆၀ လောက်ရောက်တဲ့အခါမှာ နှလုံးရောဂါနဲ့ သေဆုံးဖို့အခွင့်အရေးကို ၅ဝရာခိုင်နှုန်း လျော့ကျသွားစေမှာပါ။ ဒါဟာ ကြီးမားတဲ့ ကောင်းကျိုးတစ်ခုပါပဲ" လို့ ဆိုပါတယ်။

ဒါ့အပြင်ကျွမ်းကျင်သူတွေက လေကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ အသက်အရွယ်၏ကြီးရင့်ခြင်းကို ကြန့်ကြာစေတယ်ဆိုတာကိုလည်း လေ့လာမှုနဲ့ ပြသခဲ့ကြပါတယ်။ မတူညီတဲ့ လေ့လာမှုတွေက ရှာဖွေတွေ့ရှိခဲ့တာကတော့ အသက် ၇၀ နှစ်မှာမှ လေ့ကျင့်ခန်းပုံမှန် စလုပ်ခဲ့ကြသူတွေဟာ အသက် ၈၀ ကျော်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ နှလုံးခုန်နှုန်းကို နှောင့်ယှက်ခံရမှုနဲ့ ပတ်သက်ပြီး ခံစားကြုံတွေ့ရဖို့ နည်းပါးစေတယ်လို့ သိရပါတယ်။ ဒါဟာ အေရိုးဗစ်လေ့ကျင့်ခန်းတွေ ခွန်အားဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေဟာ အသက် အရွယ် ကြီးရင့်မှုနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့သက်ရောက်မှုတွေ ရှိစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အေရိုးဗစ် လို လေ့ကျင့်ခန်းတွေဟာ ကြွက်သားတိုးစေတဲ့ အလေးမခြင်း လို လေ့ကျင့်ခန်းမျိုးထက်စာရင် ကြီးရင့်လာတဲ့ DNA ကို ပြု ပြင်ဖို့ ကူညီပေးနိုင်တဲ့အတွက် ပိုမိုအသက်ရှည်စေတယ်လို့ သိရပါတယ်။

Ref: Mario Thit Htoo Lwin (Health) Source: The Telegraph V Thursday, September 3, 2015

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18