Print

ဆောင့်ကြောင့်ထိုင်အနေအထားနဲ့အိမ်သာတက်ခြင်းဟာ အမှန်ကန်ဆုံးနည်းလမ်းဖြစ်

  29-Oct-2016
Preview Image

 

လူသားတွေ မစင်စွန့်တဲ့ အကြောင်းအရာဟာ မပြောသင့်မပြောအပ်တဲ့ အကြောင်းအရာ တစ်ခုဖြစ်ပေမယ့်လည်း သိပ္ပံပညာရှင်တစ်ယောက်က မစင်စွန့်တဲ့ နည်းလမ်းအကြောင်း   ပြောပြီး အောင်မြင်မှုရပြီးတဲ့နောက်လူတိုင်းအတွက်လည်း ပြောစရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ဂျာမနီနိုင်ငံက အနုဇီဝပညာရှင် တစ်ယောက်ဖြစ်တဲ့ Giulia Enders ဆိုသူ  အခိုင်အမာ ပြောပြခဲ့တာကတော့ အနောက်နိုင်ငံတွေမှာ အိမ်သာတက်၊ မစင်စွန့်တဲ့အခါ ငုတ်တုတ်ထိုင်ပြီး ပြုလုပ်ခြင်းဟာ မှားယွင်းနေတယ်ဆိုတာပါပဲ။ အကောင်းဆုံးဖြစ်မယ့်  နည်းလမ်းကတော့ အရှေ့တိုင်း အာရှနိုင်ငံတွေမှာလို ဆောင့်ကြောင့်ထိုင် ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ငုတ်တုတ်ထိုင် မစင်စွန့်ခြင်းက ဘာကြောင့်မှားယွင်းရသလဲ ဆိုတာကိုလည်း  ဂျာမနီနိုင်ငံ Frankfurt မြို့မှာ အနုဇီဝဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရဖို့ ကြိုးစားနေတဲ့ မစ္စ Enders က ရှင်းပြထားပါတယ်။ အနောက်နိုင်ငံတွေမှာလို ငုတ်တုတ်ထိုင် အိမ်သာ တက်ခြင်းဟာ မစင်စွန့်ခြင်း လုပ်ဆောင်ချက်တွေကို ပိုမို ကြာရှည်စေပါတယ်။

 

ဒါ့အပြင် လိပ်ခေါင်းရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ (Diverticulitis) လို အူမကြီး အတွင်းမှာ နာကျင်မှုကို ခံစားရတဲ့ရောဂါတွေဟာ အာရှနိုင်ငံတွေမှာထက် အနောက်နိုင်ငံတွေမှာ ဖြစ်ပွားတာ ပိုများပါတယ်။ ဒါဟာ အိမ်သာတက်တဲ့ ပုံစံ အနေအထားကြောင့်ပါ။  '၁.၂ဘီလီယံအရေအတွက် ရှိတဲ့ကမ္ဘာတစ်ဝှမ်းက ဆောင့်ကြောင့်ထိုင်ပြီး အိမ်သာတက်တဲ့သူတွေဟာ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားလေ့သိပ်မရှိသလို လိပ်ခေါင်းပြသနာ လည်း မရှိကြပါဘူး' လို့ Enders က Guardian သတင်းဌာနကို ပြောပြခဲ့ပါတယ်။ ဆောင့်ကြောင့်ထိုင်ပြီး အိမ်သာတက်ခြင်းဟာ အူလမ်းကြောင်းကို အန္တရာယ်ကင်းစေနိုင်ပါ တယ်။ အစာအိမ်ကနေ အစာချေဖျက်ပြီး ကျန်နေတဲ့ အကြွင်းအကျန်တွေကို မစင်စွန့်ရတဲ့ အူလမ်းကြောင်း အဝဟာ ကျွန်ုပ်တို့ ငုတ်တုတ်ထိုင်နေချိန်နဲ့ မတ်တပ်ရပ်နေချိန်တို့မှာ  မစင်စွန့်ဖို့အတွက် လိုအပ်သလောက် မဟပေးနိုင်ပါဘူး။ ထိုအူလမ်းကြောင်းကို လုံလောက်စွာ ဟနေစေဖို့အတွက် အာရှ နိုင်ငံတွေမှာလို ဆောင့်ကြောင့်ထိုင် အိမ်သာတက်တာသာ  အကောင်းဆုံး ဖြစ်ပါတယ်။ အနောက်နိုင်ငံသုံး အိမ်သာတွေမှာ ဆောင့်ကြောင့်ထိုင် အသုံးပြုဖို့ကလည်း အဲဒီလို အသုံးပြုဖူးတဲ့ ကျောင်းသား တွေ ဒဏ်ရာကိုယ်စီ ရခဲ့ဖူးတဲ့  သာဓက တွေရှိနေပါတယ်။ ဒါကြောင့် အာရှနိုင်ငံတွေမှာ သုံးတဲ့အိမ်သာက အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

 

 Ref: Mario Dailymail Wednesday, May 20, 2015

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18