Print

Angina (နှလုံးရင်ဆို့နာ)

  15-Mar-2022
Preview Image

ရင်ဆို့နာသည် နှလုံးရောဂါ လက္ခဏာ တစ်ရပ်ပင်ဖြစ်သည်။ ရင်ဆို့နာသည် နှလုံးကြွက်သားက သွေး၊ အောက်ဆီဂျင်၊ ဂလူးကို့စ်များ လုံလောက်မှုမရှိဘဲ အလုပ်လုပ်နိုင်ရန် ကြိုးစားခြင်းကြောင့် နာကျင်မှုဝေဒနာ ဖြစ်လာစေသည့် ရောဂါ တစ်မျိုးဖြစ်သည်။ ရင်ဆို့နာအား နှလုံးအားနည်းရောဂါအဖြစ် အများဆုံး သုံးနှုန်းကြသည်။ နှလုံးကြွက်သားသည် နှလုံးသွေးလွတ်ကြောမှတစ်ဆင့် ဖြန့်ဝေထောက်ပံ့မှုဖြင့် သွေးများကို ရရှိကြသည်။ အကယ်၍ နှလုံးသွေးလွှတ်ကြောများ ကျဉ်းမြောင်းနေခဲ့ပါက နှလုံးကြွက်သားဆီသို့ လုံလောက်သော သွေးမရရှိတော့ဘဲ ရင်ဆို့နာကို စတင်ဖြစ်ပွားစေပါသည်။ ရင်ဆို့နာသည် စိတ်ခံစားမှု ပြင်းထန်သော (သို့) စိတ်လှုပ်ရှားမှု အမြင့်ဆုံးဖြစ်သော အခြေအနေများ၌ ပိုမိုဆိုးရွားစွာ ဒုက္ခပေးတတ်သည်။

 

ရင်ဆို့နာ၏ ရောဂါလက္ခဏာများ

 

• ရင်ဘတ်အလယ်တည့်တည့်နေရာ၌ ဆုပ်ကိုင်ခံထားရသလို အောင့်၍နာကျင်ခြင်း

• ဝဲဘက်လက် (သို့) ဝဲ - ယာ လက်နှစ်ဖက်စလုံး နာကျင်ကိုက်ခဲလာခြင်းနှင့် ကျောပြင်မှ မေးရိုးအထိ နာကျင်ကိုက်ခဲလာခြင်းနှင့် ကျောပြင်မှ မေးရိုးအထိ နာကျင်မှုပျံ့နှံ့နေခြင်း

• အသက်ကောင်းစွာမရှူနိုင်၊ အသက်ရှူမဝဖြစ်ခြင်း

• ခန္ဓာကိုယ်အရေပြား တစ်ခုလုံး၌ ဖြူရော်ရော်ဖြစ်နေပြီး နှုတ်ခမ်းများပြာနေခြင်း တို့ပင်ဖြစ်သည်။

• နှလုံးရောဂါပြင်းထန်စွာ ခံစားနေရသူဖြစ်ပါက လမ်းလုံးဝ မလျှောက်ခိုင်းသင့်ပါ။

 

ရင်ဆို့နာခံစားနေရသူအား အောက်ပါအတိုင်း ရှေးဦးသူနာပြုပါ။

 

၁။ နှလုံးအားနည်း၍ “ရင်ဆို့နာ” ဝေဒနာ ခံစားနေရသူအား သက်သောင့်သက်သာ အနေအထားဖြင့် ထိုင်နိုင်အောင် ကူညီပေးပါ။ လူနာအား ထိုင်ခုံပေါ် ထိုင်နိုင်အောင် ကူညီပြီးပါက ဦးခေါင်းနောက်၌ ပျော့ပျောင်းသော အဝတ်ခေါက်တစ်ခု ခံထားပေးပါ။

 

၂။ ပြီးနောက် ရင်ဆို့နာအတွက် ဆေးဝါးကုသမှု ခံယူဖူးခြင်း ရှိမရှိလူနာအား မေးမြန်းပါ။ အကယ်၍ လူနာက ဆေးဝါးကုသမှု ခံယူဖူးသည့် “glyceryltrinitrate” ဆေးအား မှီဝဲဖူးသည်ဟု ပြန်ဖြေပါက အဆိုပါဆေးအား ဆေးပြားပုံစံဖြစ်လျှင် လူနာ၏ လျှာအောက်တွင် ထားပေးပြီး “Spary” (ဖျန်းရမည့်အရည်ဆေး) ဖြစ်ပါက လျှာအောက်အား ဖျန်းပေးလိုက်ပါ။ “glyceryltrinitrate” ဆေးအသုံးပြုရာ၌ သတိကောင်းစွာရနေသော လူနာကိုသာ ပေးရပါမည်ဖြစ်သည်။

 

၃။ ထို့နောက် လူနာအသက်ဝဝ လွတ်လပ်စွာ ရှူနိုင်ရန် တင်းကျပ်စွာ ဝတ်ထားသည့် အဝတ်အစားများအား ဖြေလျှော့ပေးပါ။

 

၄။ လူနာအား စိတ်ချရသောအခြေအနေ ရှိ မရှိစစ်ဆေးကြည့်ပါ။

 

၅။ ရင်ဆို့နာဝေဒနာ ခံစားနေရသူက ၁ မိနစ် (သို့) ၂ မိနစ်အတွင်း နာကျင်သောဝေဒနာ သက်သာ၍ ကောင်းမွန်စွာ အနားယူနိုင်ခြင်း ရှိမရှိစစ်ဆေးပါ။

 

• အကယ်၍ နာကျင်သောဝေဒနာ မပျောက်ကင်းခဲ့ပါက ၎င်းရောဂါသည် “ရင်ဆို့နာ” မဟုတ်ဘဲ “နှလုံးသွေးကြောပိတ်ရောဂါ” (Heart attack) အဖြစ် အတည်ပြုပေးရမည်ဖြစ်သည်။ “ရင်ဆို့နာ” သည် နှလုံးအားနည်းရောဂါဖြစ်ပြီး Heart attack က နှလုံးသွေးကြောပိတ် (နှလုံးရောဂါဖြစ်သည်)

 

• နှလုံးသွေးကြောပိတ်ရောဂါကြောင့် ဝေဒနာခံစားနေရသူဖြစ်ပါက အချိန်မီ အသက်ကယ်တင်ရန် ဆေးရုံသို့ အမြန်ပို့ဆောင်ပေးပါ။

 

Credit:

ဦးသန်းအောင်လှိုင် (ဆေးပညာ)

ရှေးဦးသူနာပြုစုနည်း စာအုပ်မှကောက်နုတ်ထားပါသည်။

 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18