Print

ကင်ဆာရောဂါရှိသူများအတွက် ရှင်သန်နေထိုင်ခြင်း

  31-Mar-2020
Preview Image

ကင်ဆာဖြစ်တဲ့ လူနာတွေက အမြဲမေးတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဘယ်လောက်နေရမလဲ ဆိုတာပါပဲ။ ဆရာတို့က လူတစ်ယောက်ရဲ့ အသက်ရှင်တဲ့ အချိန်ကာလကို ပြောလို့မရပါဘူး။ ကင်ဆာဖြစ်တဲ့ လူနာတွေအနေနဲ့ မြန်မာလူမျိုးတွေနဲ့ မစိမ်းတဲ့ မဇ္ဈိမပဋိပဋာစိတ်လေးကိုလည်း ထားစေချင်ပါတယ်။ အဲဒီစိတ်လေးကိုသာ ထားရှိမယ်ဆိုရင် နေရတဲ့ အချိန်ကာလလေးကို အကောင်းဆံုးဖြတ်ကျော်သွားနိုင်ပါမယ်။

စိတ်ကလည်း အရေးကြီးပါတယ်။ စိတ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ကြံ့ကြံ့ခိုင်အောင် ကြိုးစားရပါမယ်။ ဥတုဆိုတာကတော့ သင့်တင့်လျောက်ပတ်တဲ့ ဆေးဝါး၊ အစားအသောက် နဲ့ အပူအအေး မျှတအောင် ခန္ဓာကိုယ်ကိုပြုပြင်ရပါမယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးဝါးတွေကို သောက်သုံးမယ်၊ လိုက်နာဆောင်ရွက်မယ်ဆိုရင် လူနာတစ်ယောက်ရဲ့ အသက်ရှင်ခွင့်ရတဲ့ အချိန်အတိုင်းအတာက ပိုလာမှာဖြစ်ပါတယ်။

ဆရာဝန်တွေက ဥတုနှင့်အာဟာရကိုသာ ထိန်းညှိပေးနိုင်ပါတယ်။ ကံနှင့်စိတ် ကိုတော့ လူနာကိုယ်တိုင်ကပဲ လုပ်ဆောင်ရမှာပါ။ ဒါကြောင့် ၅၀ ရာခိုင်နှုန်းက မိမိကိုယ်မိမိ အားကိုးရမှာပါ။

အာဟာရအနေနဲ့ ကာဗိုဟိုက်ဒရိုတ်၊ အဆီ၊ အသားဓာတ်တွေ အားလုံးစုံအောင် စားသောက်ပါ။ ကင်ဆာဖြစ်တဲ့အချိန်မှာ ဘယ်အစာကိုရှောင်မှ၊ သက်သတ်လွတ်စားမှရယ် မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာကို မျှမျှတတ စားစေချင်ပါတယ်။ အချိုမှုန့်ပါတဲ့အစားအစာ၊ အသားကင်၊ တစေးဖောက်ထားတဲ့ အစားအစာ၊ ဆိုးဆေးပါတဲ့ အစားအစာတွေကို မစားစေချင်ပါဘူး။

ဓာတုဗေဒနည်းတွေနဲ့ ပြုပြင်ထားတာတွေကို မစားဘဲ သဘာဝနည်းအတိုင်းရရှိတဲ့ အစားအစာတွေကိုသာ စားသုံးစေချင်ပါတယ်။ ဘယ်အစားအသောက်ပဲစားစား ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီး ဆာမှပဲစားစေချင်ပါတယ်။ စုံအောင်စားစေချင်ပါတယ်။

ထမင်းတစ်မျိုးတည်း စားနေလို့ မလုံလောက်ပါဘူး။ ဟင်းတွေပဲ၊ အသားတွေပဲ စားနေလို့လည်း မလုံလောက်ပါဘူး။ ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ ဟင်းသီးဟင်းရွက်တွေကို မျှတစွာပါဝင်အောင်စားပေးပါ။ စားနိုင်သလောက်အောက် နည်းနည်းလျှော့စားသင့်ပါတယ်။ ဒါမှဗိုက်က ခံနိုင်ရည်ရှိပါမယ်။ တရားလွန်စားမယ်ဆိုရင် ရင်ပြည့်ရင်ကယ်တာ၊ အန်တာတွေဖြစ်နိုင်ပါတယ်။

Credit : ပါမောက္ခဒေါက်တာစိန်လင်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18