Print

အစာမကြေခြင်းအတွက် ချင်းပြုတ်ရည်

  31-Mar-2020
Preview Image

ချင်းပြုတ်ရည်သည် အစာမကြေသူများအတွက် သင့်တော်ပါသည်။ ချင်းရည်ပြုလုပ်နည်းမှာ-
၁။ လက်မခန့်ရှိသော ချင်းကို ကြိတ်ပြီးချေပါ။
၂။ ချေပြီးသား ချင်းကို ဖန်ခွက်တခုထဲထည့်၍ ပွက်ပွက်ဆူသော ရေနွေးကို ဖန်ခွက်ပြည့်သည်အထိ လောင်းထည့်ပါ။
၃။ ရေပူနှင့်တွေ့၍ ချင်းရည်များ ပွက်ပွက်ဆူပြီး ပလုံထလာပါမည်။ ယင်းကို ၁၀-မိနစ် ၁၅-မိနစ်ခန့် ထားပါ။
၄။ ၎င်းနောက် ချင်းဖတ်များကို ဆယ်၍ ယင်းအဖတ်မှ အရည်များ ကုန်သည်အထိ ညှစ်ပေးပါ။
၅။ ဖန်ခွက်ထဲရှိ အဖတ်များကို ဖယ်ထုတ်ပစ်ပါ။
၆။ ပျားရည် လက်ဖက်ရည်ဇွန်း တဇွန်းထည့်၍ သမအောင် မွှေပါ။
၇။ ၎င်းနောက် ပျားရည်ရောပြီးသားကို ဖြည်းညင်းစွာ စုပ်၍သောက်ပါ။
မှတ်ချက်။ ။ ယင်းချင်းပြုတ်ရည်ကို အစာမကြေသည့်ရောဂါ အတွက်သာမက ကိုယဝန်ဆောင်၍ မူးဝေ ပျို့အန်ခြင်း၊ ခရီးသွား၍ မူးဝေပျို့အန်ခြင်း (Motion Sickness) များမှာပါ အသုံးတည့်ပါသည်။

Credit : အစာမကြေခြင်းအတွက်ဆေးမြီးတို

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18