Print

သားဥကြွေဆေး

  21-Dec-2019
Preview Image

• (Clomid) 50mg ဆေးကို အမျိုးသမီးတွေ ကလေးမရနိုင်သေးတာအတွက် သုံးတယ်။
• တိတိကျကျ ပြောရရင် မျိုးဥမထွက်သူတွေအတွက်သုံးတာ ဖြစ်ပါတယ်။

• Irregular ovulation မျိုးဥထွက် မမှန်သူတွေ နဲ့ ကိုယ်ဝန်ကြောင့်မဟုတ်ဘဲ ရာသီမလာသူတွေကိုလဲ ပေးနိုင်တယ်။ ဥပမာ တားဆေးကြောင့်ဖြစ်ရတာ နဲ့ Polycystic ovary syndrome မျိုးဥအိမ်အကျိတ်တွေ ရှိသူတွေ။
• Clomiphene ခေါ်တဲ့ Selective oestrogen receptor modulator ဆေးဖြစ်တယ်။ ဒီဆေးကြောင့် ဦးနှောက်ထဲက (ဟိုက်ပိုသဲလ်မတ်စ်) ထဲမှာ Oestrogen receptor နဲ့ ပေါင်းစပ်ပြီး Oestrogen ရဲ့ ပြောင်းပြန်သတ္တိကို တားပေးမယ်။ (အီစထိုဂျင်) နည်းလာရင် (ဟိုက်ပိုသဲလ်မတ်စ်) ကနေ (ပစ်ကျူထရီ-ဂလင်း) ကို (FSH) နဲ့ (LH) ဟော်မုန်းတွေကို ပိုထုတ်ပေးအာင် နိုးဆွပေးမယ်။ ဒီ ဟော်မုန်း ၂ မျိုးဟာ မျိုးဥထွက်ဘို့ လိုအပ်တယ်။
• ဘေးထွက်-ဆိုးကျိုးတွေကတော့ မျက်နှာနီမြန်းခြင်း၊ ဗိုက် နဲနဲအောင့်ခြင်း၊ လေပွခြင်း၊ မျိုးဥအိမ်ကြီးခြင်း၊ မျက်စိ မကြည်လင်ခြင်းတွေ ဖြစ်တယ်။
• နည်းနည်းသာ ဖြစ်တတ်တာတွေကတော့ ပျို့-အန်ခြင်ဖြစ်ခြင်း၊ စိတ်ကျခြင်း၊ အာယုတ်ခြင်း၊ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားတင်းခြင်း၊ ရာသီများခြင်း၊ ကြားရက်သွေးစို့ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ အင်ပြင်ထွက်ခြင်း၊ အရေပြား အလာဂျီရခြင်း၊ ဆီးခဏခဏသွားခြင်း နဲ့ ဆံပင်ကျွတ်ခြင်းတွေ ဖြစ်တယ်။
• ကိုယ်ဝန်ရှိနေသူ၊ အသည်းရောဂါရှိသူ၊ ရာသီသွေး မမှန်ဘဲ များနေသူ၊ စိတ်ကျရောဂါရှိသူ၊ မျိုးဥအိမ်အကျိတ်ရောဂါ မဟုတ်ဘဲ မျိုးဥအိမ်ကြီးနေသူတွေကို မပေးရပါ။
• Clomid 50mg ကို တခါသောက် ၁ ပြား၊ တနေ့ ၁ ကြိမ်၊ ၅ ရက်၊ ဆေးသောက်ချိန်မှန်မှန်သောက်ပါ။ ရာသီရက် ပဉ္စမနေ့ကနေစသောက်ပါ။
• နောက် ၅ ရက်နေလို့မှ မျိုးဥမထွက်သေးရင် နောက်လတွေဆက်သောက်ဖို့ ညွှန်မယ်။ ဒါမှမဟုတ် ဆေးအဆ တိုးပေးမယ်။
• ယောကျ်ားတွေ သုက်ပိုးအရေအတွက်များစေပြီး ကလေးရလာနိုင်အောင် Fertomid 25mg ပေးတယ်။
• ဒီနည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေ ဖြစ်မယ်။ ပုံမှန်အမွှာဆိုတာ ၁-၂% သာရှိတယ်။ ကလေးအမွှာ ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ ၃ မွှာဆိုတာ ရှာမှရှား ဖြစ်နိုင်တယ်။ ဆေးက ကလေးကို ဒုက္ခမပေးပါ။

Credit : ဒေါက်တာတင့်ဆွေ


 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18