Print

ကိုယ်ဝန်ဆောင် မိခင်များသတိထားစရာ

  21-Dec-2019
Preview Image

ယခင်တစ်ကြိမ် ကိုယ်ဝန်ဆောင်ပြီးသော မိခင်များအနေနှင့် နောက်ကိုယ်ဝန်များတွင် မိခင်ရေ ကလေးပါ အန္တရာယ်ကင်းရှင်းစေရန် ကိုယ်ဝန်အပ်ချိန်တွင် ယခင်ကိုယ်ဝန်ရာဇဝင်ကို စုံလင်စွာ ပြောပြသင့်သည်။

- ယခင်က သားအိမ်ပြင်ပတွင် သန္ဓေတည်ဖူးပါက ယခုတစ်ကြိမ်တွင်လည်း ပြန်ဖြစ်နိုင်သောကြောင့် တီဗီဓာတ်မှန် (USG) ကို စောစီးစွာ ပြုလုပ်၍ သားအိမ်တွင်း ကိုယ်ဝန်ဆောင်ခြင်းကို အတည်ပြုသင့်သည်။


- ကလေးအသေမွေးခြင်း၊ မွေးကင်းစကလေးသေဆုံးခြင်းတို့ ဖြစ်ဖူးပါက နောက်တစ်ကြိမ်တွင် ဤသို့မဖြစ်စေရန် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်သင့်သည်။


- ယခင်က ပေါင်မပြည့်ကလေး မွေးဖူးပါက ယခုအကြိမ်တွင် သန္ဓေသားကြီးထွားမှု နှောင့်နှေးမှုကို စောစီးစွာ သိရှိစေရန် သန္ဓေသားအရွယ်အစားကို တီဗွီဓာတ်မှန်ရိုက်သင့်ပါသည်။


- ကိုယ်အလေးချိန်အလွန်ကြီးသော ကလေးမွေးဖူးခြင်း၊ ရေမွှာရည်များခြင်းတို့ဖြစ်ဖူးပါက ကိုယ်ဝန်ဆောင်ချိန်မိခင်တွင် ဆီးချိုသွေးချိုတက်တတ်သောကြောင့်ဖြစ်ပြီး အသက်အန္တရာယ်မဖြစ်စေရန် သွေးတွင်းသကြားဓာတ်ကို ကိုယ်ဝန် ၂၈ ပတ်နှင့် ၃၂ ပတ်ကြားနှင့် ဗိုက်နာနေစဉ်အချိန်တွင်း သတိထားစောင့်ကြည့်ရန် လိုအပ်သည်။


- မွေးရာပါ ချို့ယွင်းချက်ရှိသော ကလေးမွေးဖူးပါက နောက်တကြိမ်ကိုယ်ဝန်မဆောင်မီ မိမိတွင်ရောဂါရှိ၊ မရှိစမ်းသပ်စစ်ဆေးပြီး လိုအပ်သော ကုသမှုများကို ကြိုတင်ခံယူသင့်သည်။


- မိခင်၏ သွေးမှာ Rh အနှုတ်သွေး အမျိုးအစားဖြစ်ပါက ကလေးတွင် သွေးနီဥများ ကွဲအက်ပြီး အသက်အန္တရာယ်ရှိနိုင်သောကြောင့် မိခင်အား Rh immunoglobulin (RhIg) ကို ကြိုတင်ပေးထားသင့်သည်။


- ယခင် ကိုယ်ဝန်ဆောင်စဉ်တွင် ကိုယ်ဝန်အဆိပ်တက်ခြင်းဖြစ်ဖူးပါက နောက်တစ်ကြိမ် ကိုယ်ဝန်မဆောင်မီ ကျောက်ကပ်စစ်ဆေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းများ ပြုလုပ်ပြီး လိုအပ်သော ကုသမှုများခံယူရပါမည်။ သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ထိန်းပြီးမှသာ ကိုယ်ဝန်ယူသင့်ပါသည်။


- သားအိမ်တွင်း အလုံးတည်ခြင်း စသည့်အကြောင်းအရာများကြောင့် သားအိမ်တွင်းခွဲစိတ်ဖူးပါက နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ချိန်တွင် သားအိမ်ကွဲထွက်ခြင်း၊ ဗိုက်ခွဲမွေးဖွားရခြင်းတို့ ကြုံတွေ့နိုင်သဖြင့် ကိုယ်ဝန် ၃၆ ပတ်တွင် မွေးဖွားပုံ မွေးဖွားနည်းကို ပြန်လည်စဉ်းစားစစ်ဆေးရန် လိုအပ်သည်။


- ကလေး မွေးဖွားချိန် မြန်လွန်းခြင်း၊ မွေးပြီးသွေးသွန်ခြင်း တို့ဖြစ်ပေါ်ဖူးပါက နောက်ကိုယ်ဝန်တွင် ပြန်ဖြစ်နိုင်သဖြင့် လိုအပ်သော ပြင်ဆင်မှုများပြုလုပ်ထားသင့်သည်။


- ကိုယ်ဝန်အပတ် ၁၉ ပတ် မတိုင်မီ မွေးလမ်းကြောင်းမှ သွေးဆင်းပါက သားပျက်သားလျှောခြင်း ဖြစ်နိုင်သဖြင့် ဆေးရုံသို့ ချက်ချင်းသွားရောက်သင့်သည်။


- သန္ဓေသားလှုပ်ရှားမှု လျော့နည်းသွားသည်ကို အမြဲသတိထားစောင့်ကြည့်ရမည်။ သန္ဓေသားလှုပ်ရှားမှုလျော့နည်းသွားပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူသင့်ပါသည်။

Credit : Lei

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18