Print

MRI အရိုက်မခံမီဘာတွေ ပြင်ဆင်ရမလဲ

  19-Dec-2019
Preview Image

MRI အရိုက်မခံမီမှာ ဆရာဝန်နဲ့ MRI ရိုက်ပေးမယ့် ပညာရှင်ကို သင့်မှာ -


(၁) ဘယ်လိုဆေးမျိုးနဲ့ ဓာတ်မတည့်တာရှိတယ်ဆိုတာ ပြောပြပါ။ MRI ရိုက်ရာမှာ သုံးတဲ့ contrast မှာ iodine တော့ မပါဝင်ပါဘူး။ အရင်တုန်းက MRI ရိုက်ဖူးတယ်။ သုံးတဲ့ contrast နဲ့ မတည့်ဘူးဆိုတာ သိထားတယ်ဆိုရင် ကြိုတင်ပြောပြသင့်ပါတယ်။

(၂) ဆီးချိုသွေးချိုရောဂါ၊ ဆစ်ကယ်ဆဲလ် သွေးအားနည်းရောဂါ (သို့) ကျောက်ကပ်ရောဂါရှိတယ် ဆိုရင်လည်း ပြောပြပါ။

(၃) ကိုယ်ဝန်ရှိနေရင်လည်း အသိပေးပါ။

(၄) ခန္ဓာကိုယ်ထဲမှာ အစားထိုးအင်္ဂါ (သို့) ပစ္စည်းထည့်ထားတာမျိုး ရှိရင်လည်း ဆရာဝန်ကို ကြိုပြောပြပါ။

(၅) မကြာသေးမီက သွေးကြောခွဲစိတ်ခဲ့တာမျိုး ရှိရင်လည်း ပြောပြပါ။

(၆) သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း သုံးထားရင်လည်း အသိပေးပါ။

(၇) နေရာကျဉ်းကျဉ်းကျပ်ကျပ်ထဲမှာ နေရာတာကို အကြောက်လွန်တတ်တဲ့ ပြဿနာရှိရင်လည်း အသိပေးထားပါ။ MRI စက်ရဲ့ ကျဉ်းမြောင်းတဲ့အပေါက်ထဲမှာ လဲလျောင်းတဲ့အခါ ကြောက်ရွံ့စိတ်ကြောင့် အခက်အခဲတွေ့နိုင်ပါတယ်။ ဆရာဝန်က ကြိုသိထားရင် သင်စိတ်သက်သောင့်သက်သာဖြစ်စေဖို့ လိုအပ်တဲ့ဆေးဝါးတချို့ ပေးထားလို့ရပါတယ်။

(၈) အရေပြားမှာကပ်ထားရတဲ့ ဆေးပလတ်စတာတစ်ခုခု သုံးထားရင်လည်း အသိပေးပါ။ MRI ရဲ့လှိုင်းကြောင့် အဲဒီ ကပ်ထားတဲ့နေရာမှာ လောင်ကျွမ်း မှု ဖြစ်စေနိုင်ပါတယ်။

(၉) တစ်ခါတစ်ရံ MRI နဲ့ စစ်ဆေးမှုခံယူပြီးတဲ့အချိန် ကိုယ်တိုင်ကားမမောင်းနိုင်တာမျိုး ဖြစ်နိုင်လို့ အဖော်တစ်ဦးဦးကို ခေါ်လာဖို့ စီစဉ်ထားပါ။ အထူးသဖြင့် သင့်ကို ခေတ္တခဏ သက်သောင့်သက်သာဖြစ်စေဖို့ သုံးထားခဲ့တဲ့ဆေးကြောင့် ငိုက်မျဉ်းမှု ဖြစ်နိုင်လို့ပါ။

ဝမ်းဗိုက်နဲ့ ဝမ်းဗိုက်အောက်ပိုင်းတစ်ဝိုက်ကို MRI မရိုက်ခင် နာရီများစွာအလိုမှာ စားတာ၊ သောက်တာတွေ မလုပ်ဖို့ လိုအပ်နိုင်ပါတယ်။ ဒီစစ်ဆေးမှုရဲ့ ဖြစ်နိုင်တဲ့ကောင်း ကျိုး၊ ဆိုးကျိုးတွေကို သိရှိနားလည်ကြောင်း၊ ဒီစစ်ဆေးမှုကို လုပ်ရန်သဘောတူကြောင်း လက်မှတ်ရေးထိုးဖို့လည်း လိုအပ်နိုင်ပါတယ်။ ဒါကြောင့် မိမိဘက်က ဒီစစ်ဆေးမှုရဲ့
ကောင်းကျိုး၊ ဆိုးကျိုးတွေကို မသိသေးရင် ဆရာဝန်ကို သေချာကြိုပြီး မေးမြန်းထားပါ။

Credit : ဒေါက်တာခင်မိုးမိုးအောင်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18