Print

Cell Phone ရဲ့ အန္တရာယ်ကို ဘယ်လိုကာကွယ်ရမလဲ

  18-Dec-2019
Preview Image

Cell Phone တွေကြောင့် ကင်ဆာဖြစ်နိုင်တယ်ဆိုတာ အားလုံးအတွက် ထိုးလိုက်တဲ့ ခေါင်းလောင်းသံ လိုပါပဲ။ ကျန်းမာရေးလိုက်စားတဲ့ လူတော်တော်များများ Shock ဖြစ်သွားစေခဲ့ပါတယ်။ ဒါဟာ ဖုန်းက ထုတ်လွှင့်တဲ့ RF လို့ခေါ်တဲ့ Radio Frequency တွေကြောင့်ပါ။ ဒီလှိုင်းတွေဟာ သူနဲ့ထိတွေ့ဖန်များတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပေါ် သက်ရောက်ပါတယ်။ နားနဲ့ကပ်ပြောရင် ဦးနှောက်နှင့်ပတ်သက်တဲ့ အကျိတ်တွေ၊ ကင်ဆာတွေ ဖြစ်နိုင်ပါတယ်။ ရင်ဘတ်နဲ့ကပ်ထားရင် နှလုံးပေါ် သက်ရောက်သလို၊ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားရင် ပေါင်နဲ့ မျိုးပွားအင်္ဂါအပေါ် သက်ရောက်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ ဗိုက်ပေါ် ဖုန်းတင်ထားတာများရင် ကလေးအင်္ဂါချို့ယွင်းနိုင်တာမျိုးအထိ ဖြစ်နိုင်တာဆိုတော့ အထားအသို၊ အသုံးအစွဲကို သတိနဲ့ ယှဉ်ပြီးပဲ ဒီ Waves တွေကို ရှောင်ရှားရမှာပါ။

ကျွန်တော်တို့ ကြိုးဖုန်းတွေဆီကို ပြန်သွားနိုင်ပါတယ်။ ကြိုးဖုန်းမရှိရင်တောင် ဟန်းဖုန်းကို ကြိုးဖုန်းလုပ်နိုင်တဲ့ Accessory တွေလည်း ပေါ်နေပါပြီ။ အန္တရာယ်နဲ့ အခွင့်အရေးကိုရွေးအခါ အန္တရာယ်ကင်းတာကိုပဲ ဦးစားပေးရွေးသင့်ပါတယ်။ ကြိုးဖုန်း ရှိနေရက်နဲ့ ဟန်းဖုန်းနဲ့ မပြောသင့်ပါဘူး။ ဒါမှမဟုတ်ရင် ဟန်းဖုန်း အန္တရာယ်နည်းတဲ့ Cordless Phone တွေ သုံးကြည့်သင့်ပါတယ်။

ဖုန်းပြောတဲ့ကြာချိန်ကို ကန့်သတ်ထားသင့်ပါတယ်။ ဥပမာ - ဘယ်လောက် ပဲကြာအောင် ပြောမယ်ဆိုတာမျိုးပါ။ အချိန်အကြာကြီး ပြောတဲ့အကျင့်ကိုပြင်ပြီး မြန်မြန်ပြော၊ တိုတိုပြောပါ။ ရည်းစားနဲ့ အီစီကလီတာတော့ မပါဘူးပေါ့။ လှိုင်းတွေကိုရှောင်ရှားဖို့ Speaker ဖွင့်ပြီး ပြောတာမျိုး လုပ်သင့်ပါတယ်။ ဖုန်းပြောတာကြာနိုင် ရင်လည်း Speaker ဖွင့်ပြီးပြောတာ အကောင်းဆုံးဖြစ်ပါတယ်။

နှစ်ကိုယ်ကြားအတွက်ကတော့ နားကြပ်တပ်ပြီး ပြောနိုင်ပါလိမ့်မယ်။ ဒါဟာ ကားမောင်းပြီးပြောဖို့ ကြုံလာတဲ့အခါ အများကြီး အဆင်ပြေပါတယ်။ Bluetooth နားကြပ်နဲ့ ပြောခြင်းကလည်း နားနားကပ်ပြောတာထက်တော့ အန္တရာယ်ကင်းပါတယ်။ မြန်မာပြည်မှာ ဖုန်းလိုင်းမမိတာနဲ့ဆို အဆင်ပြေပါ့မလားမသိဘူး။ ဟဲလို … ဟဲလိုဆိုပြီး အခန်းထဲပတ်လိုက်၊ ဝရံတာထွက်လိုက်နဲ့ ဆိုတော့ကာ…ပညာရှင်တွေကတော့ ဆဲလ်ဖုန်းပြောရင် ငြိမ်ငြိမ်လေးထိုင်ပြီး တစ်နေရာတည်းမှာ ပြောသင့်ပါတယ်။ လျှောက်သွားပြီးပြောတာဟာ လှိုင်းတွေကို ရှုပ်ထွေးစေပြီး မိမိနားမှာ ပတ်ချာလည်နေစေပါတယ်တဲ့။

လုံးဝအသုံးမလိုတဲ့အခါ ဖုန်းပိတ်ထားပါ။ အမြဲတမ်းဖုန်းကို Stand by ထားတာဟာ လှိုင်းနဲ့ အမြဲထိတွေ့ဖို့ ဖန်တီးနေသလိုပါပဲ။ နောက်ဆုံးညအိပ်တဲ့အခါ ပိတ်ထားခြင်း၊ Airplain Mode ကို ပြောင်းထားခြင်းဖြင့် လှိုင်းတွေရဲ့ ရိုက်ခတ်မှုကနေ ကာကွယ်နိုင်ပါလိမ့်မယ်။ ကလေးတွေကို ကာကွယ်ဖို့ ဖုန်းပေးမသုံးပါနဲ့တဲ့ ပေးသုံးရင်လည်း Limit ထားပြီးသုံးခိုင်းသင့်ပါတယ်။ ကလေးတွေရဲ့ ကိုယ်ခံအားဟာ နည်းပါးတာကို သင်လည်းသိလောက်တာမို့ လူကြီးတစ်ယောက်လိုသာ ပေးသုံးလိုက်မယ်ဆို သူတို့က ပိုထိခိုက်မှာကို စဉ်းစားကြည့်နိုင်ပါတယ်။ သူတို့ိကို အထိခိုက်မခံပါနဲ့ သူတို့မျက်လုံး၊ သူတို့ကာယအားတွေကို ဖုန်းနဲ့ဖျက်ဆီးတာ မဖြစ်သင့်ပါဘူး။

ဒီလောက်ဆို ဖုန်းနဲ့ပတ်သက်လို့ အတော်အသင့် တွေးစရာတွေ ရလောက်မယ်လို့ ထင်ပါတယ်။ တစ်ကမ္ဘာလုံးက မေးနေကြတဲ့ ဖုန်းမရှိဘဲနေနိုင်သလားဆိုတာကို ဒီစာကိုဖတ်ပြီးတဲ့ သင်ရော .. ကိုယ်တိုင် မေးကြည့်ပြီးပြီလား..။

Credit : ပြည့်နိုင်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18