Print

အရိုးအဆစ် ရောင်ရမ်းခြင်းနှင့် ရှောင်ရန်၊ဆောင်ရန် ဓာတ်စာများ

  18-Dec-2019
Preview Image

အရိုးအဆစ်ရောင် ရောဂါရှိသူများဟာ အစားအသောက်နဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို မေးလေ့ ရှိကြတယ်။ ယူရစ်အက်စစ်များ၍ ဖြစ်သော ဂေါက်ရောဂါ၊ အဝလွန်၍ဖြစ်သော အရိုးကျီးပေါင်းတက် ရောဂါတို့ကတော့ အစားအသောက်ကို ဆင်ခြင်စားသောက်ဖို့ လိုတယ်။ ဂေါက်လို့ခေါ်တဲ့ အဆစ်ရောင် ရောဂါရှိရင် နေ့တိုင်း နို့တစ်ခွက် သောက်သင့်တယ်။ ရေကိုလည်း များများ သောက်သင့်တယ်။ ယူရစ်အက်စစ် မြင့်တက်စေတဲ့ သားငါးများမှာပါတဲ့ ဝမ်းတွင်း ကလီစာ၊ ငါးဥ၊ မျှစ်၊ ပဲမြစ်၊ အစေ့အဆန်များတဲ့ အဆီ၊ ဘီယာ၊ ဝိုင်နဲ့ စည်သွတ်ဘူးတွေကို ရှောင်သင့်တယ်။ အမဲသား များများစားခြင်း၊ ပင်လယ်စာ (ဂုံး၊ ခရု၊ ပြည်ကြီးငါး) တွေကို ရှောင်ရမယ်။ အသီးအနှံကို စားလို့ရပေမဲ့ ခရမ်းချဉ်သီးနဲ့ အာလူးတို့မှာ ပါတဲ့ အယ်ကာလွိုက် တစ်မျိုးက လူတချို့ကို အရိုးအဆစ် ရောင်စေနိုင်လို့ ဆင်ခြင် ရပါမယ်။

အရိုးကျီးပေါင်းတက် ရောဂါရှိသူဟာ ကိုယ်အလေးချိန် များခြင်းကို လျှော့ချဖို့ဆိုရင် အစားအသောက် ဆင်ခြင်မှုက အဓိကကျတယ်။ ဒါပေမဲ့လည်း မစားဘဲနဲ့တော့ အာဟာရမဖြစ်၊ ဗိုက်မဝတာမို့ စားတော့ စားရပါမယ်။ သို့သော် အများကြီး မစားပါနဲ့။ ညနေစာကို ထမင်းမစားဘဲ ပေါင်မုန့်၊ ဘီစကွတ် စားရမယ်။ ဟင်းကို ထမင်းလိုစားပြီး ထမင်းကို ဟင်းလိုစားပါ။ (တစ်ခါစားလျှင် ဆယ့်နှစ်ဇွန်းထက် ပိုမစားရ) မှတ်စားပါ။ ဟင်းချက်တဲ့အခါ အနှစ်များများ ထည့်စားရင် ဝစေတယ်။ အသားဖတ်သာ ယူစားတာတို့ ဟင်းသီးဟင်းရွက် ကြော်စားတာတို့ဟာ တင်းတိမ် သွားတတ်လို့ ဟင်းကို ထမင်းလို စားခိုင်းတာဖြစ်တယ်။ ရှောင်သင့်တာက အသင့်စားပြုလုပ် ထုပ်ပိုးထားတဲ့ ''စနပ်'' အစားအစာ ဖြစ်သော ငါးမုန့်ကြော်၊ အာလူးကြော်၊ ဘယာကြော်၊ အီကြာကွေးတို့ ဖြစ်ပြီး စပျစ်သီး၊ လိမ္မော်သီးနဲ့ ဆီးသီး စားနိုင်တယ်။ ဗီတာမင်စီ လွန်ကဲရင် ကျီးပေါင်းတက်တာ ပိုဆိုးစေတယ်။ တစ်နေ့ ၁ဝဝ မီလီဂရမ်ထက် မပိုသင့်ဘူး။

ဆေးလိပ်၊ အရက်နဲ့ ကော်ဖီဖြတ်ရမယ်။ နေ့စဉ် နာရီဝက် အားကစား လေ့ကျင့်ခန်း (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်ရမယ်။ တစ်နေ့ ရေတစ်ပုလင်းမှ နှစ်ပုလင်းသောက်သင့်တယ်။ လေးဖက်နာ ရောဂါဟာ အရိုးကျီးပေါင်းထက် ပိုဆိုးတယ်။ အဝလွန်ခြင်းကြောင့် ဖြစ်တတ်တယ်။ ဝက်ဆီ၊ နှစ်ခါပြန်ကြော်ဆီ၊ ဆီအုန်းဆီတို့နဲ့ ကြော်လှော်ထားတဲ့ အစားအစာတွေကို မစားရ။ မပြည့်ဝဆီ (မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ) နဲ့ကြော်လှော်ထားတဲ့ အစားအစာကိုသာ စားသင့်တယ်။ ဟမ်ဘာဂါ၊ ကြက်ကြော် စတဲ့ အသင့်အမြန်စား အစားအစာတွေဟာ အချို၊ အငန်၊ အဆီ (ပြည့်ဝဆီ) လွန်ကဲနေလို့ မစားသင့်ဘူး။ ပင်လယ်ငါး များများစားသင့်တယ်။ ပင်လယ်ငါးမှာ အိုမီဂါ (၃)၊ (၆)နဲ့ ဖက်တီး အက်စစ်ပါဝင်လို့ ရောင်ရမ်းမှုမှ ကာကွယ်ပေးတယ်။ ငါးကြီးဆီ၊ သံလွင်ဆီ၊ ဝါစေ့ဆီများဟာ အိုမီဂါ (၃) ပါဝင်တဲ့ မပြည့်ဝဆီ ဖြစ်လို့ အဆစ်နာ လူနာများ စားသုံးသင့်တယ်။ တစ်ပတ်မှာ သုံးရက်လောက် ပင်လယ်ငါး စားပါ။ နေ့စဉ် နာရီဝက်ခန့် အားကစားလုပ်ပါ။ ရေများများ သောက်ပါ။ တစ်နေ့ သစ်သီးတစ်လုံး စားပါ။ ဆေးလိပ်နဲ့
အရက် ရှောင်ပါ။ အငန်၊ အဆီအဆိမ့် လျှော့ပါ။ ထမင်းကို ဟင်းလိုစားပြီး ဟင်းကို ထမင်းလိုစားပါ။ မြေထဲပင်လယ် ဒေသအစာလို့ ခေါ်တဲ့ ဟင်းသီးဟင်းရွက်ကို သံလွင်ဆီနဲ့ ကြော်စားပါ။ ဆီပြန်ဟင်းမှာ အဆီအနှစ် ဆမ်းမစားရ။ အစားလျှော့စားမှ ကိုယ်အလေးချိန် ကျပြီး(ဘီအမ်အိုင် ၁၈.၉ - ၂၄.၉) အထ ိရှိမှ အဆင်ပြေ နိုင်ပါတယ်။

Credit : မြဝတီ


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18