Print

ရောဂါကြောင့် မဟုတ်ဘဲ အိပ်မပျော် ဖြစ်နေသလား

  17-Dec-2019
Preview Image

ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရတဲ့ အခါမှာ ကျွန်မတို့တစ်တွေဟာ အိပ်မပျော်နိုင်တာမျိုး ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် ရောဂါဝေဒနာ တစ်ခုကိုမှ မခံစားရဘဲလည်း တစ်ခါတစ်ရံမှာ အတွေးတွေ များတာ၊ ပူပင်သောက များတာ၊ စိုးရိမ်နေတာစတဲ့ အကြောင်းတွေကြောင့် အိပ်မပျော်တတ်ကြပါဘူး။ အဲဒီအခါ နောက်တစ်နေ့မှာ အာရုံစူးစိုက်မှုနည်းတာ၊ မှတ်ဉာဏ်အား နည်းတာ၊ လုပ်ကိုင်နိုင်စွမ်း ကျဆင်းတာစတဲ့ အခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့အတွက် ညည နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနိုင်အောင် အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန် မှန်ကန်မှု ရှိပါစေ။
အများသူငါ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ နေ့တွေပါမကျန် နေ့ရက်တိုင်းမှာ အချိန်မှန်အိပ်၊ အချိန်မှန်ထတဲ့ အကျင့်ကို လုပ်ပေးပါ။ ဒီအကျင့်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေနိုင်ပါတယ်။

(၂) အိပ်ပျော်ရန် အတင်းမကြိုးစားပါနှင့်
မအိပ်လို့ မဖြစ်ဘူးဆိုတဲ့ အတွေးကိုတွေးပြီး ဇွတ်အတင်း ကြိတ်မှိတ်အိပ်ဖို့ မကြိုးစားပါနဲ့။ အဲဒီလို ကြိုးစားလေလေ ဖိအားများပြီး အိပ်ပျော်ဖို့ ခက်ခဲလေလေ ဖြစ်တတ်ပါတယ်။

(၃) အိပ်ရာဝင်ချိန်တွင် ခန္ဓာကိုယ်ကို အကြောဖြေလျှော့ပါ။
အိပ်ရာထဲ ဝင်ပြီးတာနဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကနေ အောက်ပိုင်းအထိ အစိတ်အပိုင်း တစ်ခုချင်းစီကို အကြောတင်းလိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ပေးပါ။ ခန္ဓာကိုယ် အနားရပြီး အပန်းပြေသွားပါလိမ့်မယ်။

(၄) အိပ်ရာထဲတွင် ရန်မဖြစ်ပါနှင့်။
အထူးသဖြင့် အိမ်ထောင်ဖက်နဲ့ အိပ်ရာထဲ ရောက်တဲ့အထိ စကားများတာ၊ ရန်ဖြစ်တာ၊ ပြဿနာဖြစ်တာမျိုး ရှောင်ပါ။ တစ်ညလုံး စိတ်ပင်ပန်းကာ အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။

(၅) အိပ်ရာဝင်ခါနီး အောက်ပါတို့ကို လိုက်နာပါ။
အိပ်ရာဝင်ခါနီး အချိန်မှာ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ အရက်၊ ဆေးလိပ် စတာတွေကို မသောက်ပါနဲ့။ ဗိုက်ဆာရင် နွားနို့၊ ငှက်ပျောသီး စတာတွေ စားပေးပါ။ ထရစ်ပတိုဖန်ဓာတ် ပါဝင်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။အိပ်ရာဝင်ခါနီး သုံးနာရီအလိုမှာ လေ့ကျင့်ခန်း မလုပ်ပါနဲ့။ သီချင်းနားထောင်တာ၊ စာဖတ်တာ၊ ဘုရားစာရွတ်တာ၊ တရားမှတ်တာတို့ လုပ်ပြီး စိတ်အေးအေးထားကာ အိပ်ရာဝင်ပါ။

Credit : ဇွန်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18