Print

နှုတ်ခမ်းနီမလေးများအတွက် မင်္ဂလာသတင်း

  17-Dec-2019
Preview Image

အင်တာနက် စာမျက်နှာတစ်ချို့မှာ နှုတ်ခမ်းနီတစ်ချို့ဟာ ခဲပါဝင်မှုများလိုု့ ကင်ဆာဖြစ်စေနိုုင်ကြောင်း၊ အဆိပ်ဖြစ်စေနိုုင်ကြောင်းတွေ ရေးသားဖော်ပြကြတာကိုု စာရေးသူ မကြာခဏတွေ့ဖူးပါတယ်။ တစ်ချို့ စာမျက်နှာတွေမှာဆိုုရင် နံမည်ကြီး နှုတ်ခမ်းနီတံဆိပ်တစ်ချို့ကိုုပါ ထည့်သွင်းဖော်ပြထားတာကိုုတွေ့ရတယ်။ ဒါကြောင့် တကယ်ပဲ ပျိုမေတိုု့ရဲ့လက်စွဲ နှုတ်ခမ်းနီ၊ နှုတ်ခမ်းဆိုုးဆေး Lipstick တွေဟာ အန္တရာယ်ဖြစ်စေနိုုင်သလားဆိုုတာ စဉ်းစားစရာဖြစ်နေတာမိုု့ ခဲ ဆိပ်သင့်တဲ့ ကျန်းမာရေးပြဿနာအချို့အကြောင်းကိုု လေ့လာရင်း နှုတ်ခမ်းနီ (သိုု့) အလှကုုန်ပစ္စည်းတွေရဲ့ ခဲဆိပ်သင့်မှုနဲ့ ပတ်သက်ပြီး လက်လှမ်းမှီလေ့လာမိသလောက် ဆွေးနွေးတင်ပြဖိုု့ စိတ်ကူးမိပါတယ်။

နိဒါန်းချီရမယ်ဆိုုရင် ပုံမှန်အားဖြင့်လည်း စာရေးသူတိုု့ လူသုံးကုုန်ပစ္စည်း၊ စားသောက်ကုုန်ပစ္စည်းတွေမှာ ဓာတုုပစ္စည်း၊ ဇီဝပစ္စည်း အမျိုးမျိုး ပါဝင်တတ်ကြပါတယ်။ ဒါဆိုုရင် နှုတ်ခမ်းနီမှာ ခဲပါဝင်မှုတွေဟာ ပြဿနာဖြစ်နိုုင်၊ မဖြစ်နိုု်င်ဆိုုတဲ့ ခဲဆိပ်သင့်မှုအကြောင်းကိုု မဆွေးနွေးမှီ ရှေးဦးစွာ ခဲဆိပ်သင့်တာနဲ့ ပတ်သက်ပြီး အတန်ငယ် ဆွေးနွေးကြည့်ကြရအောင်ပါ။

စာရေးသူတိုု့ ပတ်ဝန်းကျင်မှာ ဒြပ်ပစ္စည်းပေါင်းများစွာ ရှိတဲ့အနက်မှာမှ တစ်ချို့ပစ္စည်းတွေဟာ ခန္ဓာကိုုယ်ကိုု အကျိုးပြုတတ်ပါတယ်။ ဥပမာ သံဓာတ်၊ ဇင့်ဓာတ် စတာတွေပါ။ ဒီလိုုဆိုုရင် ခဲ ဓာတ်ကရော အကျိုးပြုနိုု်င်တဲ့ ပစ္စည်းတစ်ခုုပါလား ဆိုုတာကိုု လေ့လာကြည့်တဲ့အခါမှာ ခဲ ဟာ လူ့ခန္ဓာကိုုယ်အတွက် မလိုုအပ်တဲ့ ပစ္စည်းတစ်ခုု၊ အဆိပ်သာ ဖြစ်စေတတ်တဲ့ ပစ္စည်းတစ်ခုုအနေနဲ့သာ ရပ်တည်ပါတယ်။ ဒါကြောင့် ဒီ ခဲ နဲ့ စာရေးသူတိုု့ ခန္ဓာကိုုယ်နဲ့ ထိတွေ့ဖိုု့ဆိုုတာဟာ အဓိကအားဖြင့် နှစ်နည်းနဲ့ ဖြစ်နိုုင်ပါတယ်။ ခဲ ပါတာတွေ စားသုံးမိတာ နဲ့ လေကနေရှူရှိုက်မိတာပါပဲ။

ဒါဆိုုရင် စာရေးသူက ခဲဆိပ်သင့်နဲ့ပတ်သက်ပြီးတော့ ခဲ အမျိုးအစားနှစ်မျိုး အကြောင်းအတန်ငယ် ပြောချင်ပါသေးတယ်။ ခဲမှာမှ Organic Lead နဲ့ Inorganic Lead ဆိုုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ကာဘွန်မပါတဲ့ Inorganic Lead ဟာ အိမ်သုုတ်ဆေး အပါအဝင် ကြွေထည်ပစ္စည်း၊ လူသုံးကုုန်ပစ္စည်း၊ ပလပ်စတစ်တွေ၊ စားသောက်ကုုန်တွေမှာ ပါဝင်တတ်ပါတယ်။ Organic Lead ဆိုုတဲ့ ကာဘွန်ပါတဲ့ခဲအမျိုးအစားကတော့ ဓာတ်ဆီလိုုမျိုးမှာ ယခင်က သုံးစွဲလေ့ရှိကြတယ်။ ဒါပေမယ့် Organic Lead ဟာ ဦးနှောက်ကိုု ထိခိုုက်နိုုင်မှု အင်မတန်များတဲ့အတွက် နောက်ပိုုင်းမှာ ဒီ ခဲ အမျိုးအစားသုံးတဲ့ ဓာတ်ဆီတွေသုံးစွဲခွင့်ကိုု ပယ်ဖျက်လိုုက်ကြပါတယ်။

ဒါကြောင့် ခဲ ဆိပ်သင့်တယ်လိုု့ ပြောဖိုု့ရာမှာလည်း ခဲပမာဏအများကြီးနဲ့ exposure ရတာ၊ ထိတွေ့မိတာကြောင့် ချက်ချင်းလက်ငင်း ခဲ ဆိပ်သင့်တဲ့ Acute Lead Poisoining နဲ့ တဖြေးဖြေးချင်း ခဲဆိပ်သင့်တဲ့ Chronic Lead Poisoning ရယ်လိုု့ နှစ်မျိုးပြန်ခွဲနိုုင်ပါတယ်။အဲ့ဒီမှာမှ Acute Lead Poisoning ဟာ လက္ခဏာတွေ ပိုုသိသာပြီး သုံးမျိုးပြန်ခွဲထားလေ့ရှိပါတယ်။ ဘယ်လိုုခွဲထားသလဲဆိုုရင်တော့ -

၁) အနည်းငယ်မျှဖြစ်တဲ့ Mild Toxicity
၂) အလယ်အလတ် ထိခိုုက်စေနိုုင်တဲ့ Moderate Toxicity နဲ့
၃) ဆိုုးရွားစွာအန္တရာယ်ဖြစ်စေနိုုင်တဲ့ Severe Toxicity ဆိုုပြီး သုံးမျိုးခွဲခြားထားပါတယ်။

Mild Toxicity လောက်ပဲဖြစ်တဲ့သူဆိုုရင်တော့ ခဲဆိပ်သင့်ပြီးနောက်မှာ ကြွက်သားတွေနာမယ်၊ ကိုုယ်တွေလက်တွေလေးလံနေမယ်၊ နုံးမယ် စတဲ့လက္ခဏာတွေ ရှိတတ်ပြီး ရံဖန်ရံခါလည်း ဗိုုက်ထဲကသရိုုးသရီဖြစ်တတ်ပါတယ်။ ဒါပေမယ့် Moderate Toxicity လောက်အထိဖြစ်သူတွေဆိုုရင်တော့ နုံးတာ နဲ့ ကြွက်သားတွေညောင်းညာတာအပြင် အရိုုးအဆစ်တွေနာတာ၊ ခေါင်းကိုုက်တာ၊ အန်တာ၊ ဝမ်းချုပ်တာ၊ ဗိုုက်တစ်ပြင်လုံးအောင့်တာ၊ အာရုံစူးစိုုက်နိုုင်ဖိုု့ခက်ခဲတာ၊ ပိန်ကျသွားတာ စတဲ့လက္ခဏာတွေ တွေ့ရတတ်ပါမယ်။

နောက်ဆုံး Severe Toxicity ဆိုုရင်တော့ ဗိုုက်ထဲက ရစ်ရစ်ပြီးအောင့်တာအပြင် ထူးခြားတာတစ်ခုုက သွားဖုံးမှာ အပြာခပ်ရင့်ရင့် လိုုင်းတစ်လိုုင်း (Blue-Black Lead Line) ဆွဲထားသလိုုဖြစ်နေတာကိုု တွေ့ရတတ်ပါတယ်။ ဒီ Severe Toxicity ရတတ်တာကတော့ သွေးထဲမှာ ခဲပမာဏ (Lead Blood Concentrations) 100 micrograms per decilitre ကျော်တဲ့အခါမှာဖြစ်လေ့ရှိပြီး ဦးနှောက်နှင့်အာရုံကြောဆိုုင်ရာကိုု ဆိုုးရွားစွာထိခိုုက်နိုုင်တဲ့အတွက် ကိုုယ်လက်အကြောသေတာ၊ အကြောဆွဲတာတွေဖြစ်နိုုင်ပြီး Encephalopathy ဆိုုတာဖြစ်စေတဲ့အတွက် တက်တာ၊ သတိလစ်သွားတာ၊ မေ့မျောနေတတ်တဲ့ Coma ဖြစ်စေနိုုင်ပါတယ်။ နောက်ဆုံးမှာ အသက်ဆုံးရှံးမှုအထိပါဖြစ်စေနိုုင်တဲ့အတွက် ခဲဆိပ်သင့်တယ်ဆိုုတာဟာ မပေါ့ဆသင့်တဲ့ခေါင်းစဉ်တစ်ခုုဖြစ်ပါတယ်။

ဒါကြောင့် နိဒါန်းကိုု ပြန်ကောက်ကြရမယ်ဆိုုရင် စာရေးသူတိုု့ လူသုံးကုုန်ပစ္စည်းတွေမှာ ခဲ ကိုုပါဝင်အသုံးပြုတာ စိုုးရိမ်ပူပန်စရာတစ်ခုုပဲဖြစ်ပါတယ်။ ဒါပေမယ့် Estee Lauder, Clinique, Shiseido အစရှိတဲ့ နံမည်ကြီးတံဆိပ်တွေအပါအဝင် အခြား တံဆိပ်တွေ ကိုုးမျိုး၊ ဆယ်မျိုးခန့်ဟာ ကင်ဆာဖြစ်စေတယ်ဆိုုတဲ့ ကြီးကြီးမားမားသတင်းမျိုးတွေရဲ့ နောက်ခံကိုုလိုုက်ကြည့်လိုုက်မယ်ဆိုုရင်တော့ ၂ဝဝ၃ ခုုနှစ်ခန့်လောက်က email တစ်ချို့ကနေ စတင်ပျံ့နှံ့ခဲ့ကြောင်း သိရပါတယ်။ အဲ့ဒီအချိန်ကစလိုု့ ဒီ email ကိုုပဲ ပုံစံအမျိုးမျိုးနဲ့ အင်တာနက်ပေါ်မှာ ဖြန့်ဝေ ရေးသားသူတွေ၊ ကူးယူဖော်ပြသူတွေရှိလာခဲ့တယ်။

ဒီလိုုရေးသားမှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရမယ်ဆိုုရင်တော့ စာရေးသူတိုု့ အထက်မှာ လေ့လာပြီးသော ဒီ ခဲ (Lead) ဆိုုတဲ့ ပစ္စည်းဟာ ခန္ဓာကိုုယ်ကိုု အဆိပ်ဖြစ်စေနိုုင်ပြီး ကင်ဆာဖြစ်စေတဲ့ human carcinogen ပစ္စည်းတစ်ခုုအနေနဲ့ သတ်မှတ်ထားကြတာမှန်ပါတယ်။ ဒါပေမယ့် ဒီလိုု ခဲ တွေကိုုပဲ သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့အညီထုုတ်လုုပ်ဖိုု့၊ အရောင်ခြယ်ပစ္စည်းတွေအနေနဲ့ ထည့်သွင်းအသုံးပြုထားကြဖိုု့ကိုု FDA (Food and Drug Association) တွေကနေ လက်ခံထားပြီးသားပါ။ ဒါပေမယ့် နှုတ်ခမ်းနီတွေမှာ ခဲ ပါဝင်မှုနဲ့ ပတ်သက်ပြီး စိုုးရိမ်မှုတွေ ရှိခဲ့တာဟာ ၁၉၉ဝ ခုုနှစ်ဝန်းကျင်ခန့်ကဖြစ်ခဲ့တယ်လိုု့ Washington Post သတင်းစာကနေဖော်ပြဖူးပါတယ်။

နောက်ပိုုင်းမှာလည်း မကြာမကြာဒီလိုုပဲ လူထုုအကြား စိုုးရွံ့မှုတွေ ရှိနေတဲ့အတွက် ၂ဝဝ၇ ရောက်တဲ့အခါမှာ Campaign for Safe Cosmetics တစ်ခုုကနေ အစပြုလိုု့ နှုတ်ခမ်းဆိုုးဆေးတွေမှာ ခဲပါဝင်မှုကိုု ထိရောက်စွာကိုုင်တွယ်ဖြေရှင်းဖိုု့ အစိုုးရကိုုဖိအားပေးလာကြတယ်။ သူတိုု့ Campaign ကနေစမ်းသပ်လိုုက်တဲ့ နှုတ်ခမ်းနီ ၃၃ မျိုးမှာ သုံးပုံနှစ်ပုံဟာ ခဲပါဝင်တာကိုုတွေ့ရပြီး ထိုုအနက်မှ သုံးပုံတစ်ပုံဟာ စားသုံးနိုုင်တဲ့ သကြားလုံးတွေမှာ ပါဝင်တဲ့ ခဲပမာဏထက်များနေကြောင်းကိုု ကြေငြာခဲ့ပါတယ်။ ဒီလိုုအဆိုုပြုချက်တွေကိုုတော့ FDA မှ တာဝန်ရှိသူများက ဒီလိုုမျိုး သကြားလုံးက ခဲပမာဏနဲ့ နှုတ်ခမ်းနီက ခဲပမာဏကိုု နှိုင်းယှဉ်တာလုံးဝ မမျှတာကြောင်း၊ သိပ္ဗံနည်းကျလည်း မမှန်ကန်ကြောင်း ပြန်လည်ချေပခဲ့တယ်။ သကြားလုံးဆိုုတာဟာ စားဖိုု့သီးသန့်ဖြစ်ပြီး နှုတ်ခမ်းနီဆိုုတာဟာ ဆိုုးဖိုု့သာဖြစ်တယ်။ မတော်တဆ နှုတ်ခမ်းဆိုုးဆေးဟာ ပါးစပ်ထဲဝင်ရင်တောင်မှ အနည်းငယ် ခဲပမာဏသာ ဝင်ရောက်နိုု်င်တဲ့အတွက် မညီမျှတဲ့ စံနှုန်းဂဏန်းတွေကိုု နှိုင်းယှဉ်ထားတာသာဖြစ်တယ်လိုု့ ပြောကြားခဲ့ပါတယ်။

နောက်ပိုုင်းမှာတော့ FDA ကိုုယ်တိုုင်လည်း နှုတ်ခမ်းနီမှာ ခဲပါဝင်မှုကိုုလေ့လာဖိုု့ နှုတ်ခမ်းနီ အမျိုးအစား နှစ်ဆယ် ကိုု သိပ္ဗံနည်းကျ စမ်းသပ်ခဲ့ပါတော့တယ်။ ဒီလိုုမျိုး Campaign for Safe Cosmetics ကနေပဲ စွပ်စွဲပြောဆိုုခဲ့တဲ့ နှုတ်ခမ်းနီအမျိုးအစားတွေကိုုပဲ တိကျတဲ့ Validated Methods တွေနဲ့ စမ်းသပ်ခဲ့ရမှာတော့ အားလုံးမှာ ခဲပါဝင်နေတာကိုု မျှော်လင့်ထားတဲ့အတိုုင်းတွေ့ရပါတယ်။ ပမာဏကတော့ ဝ.ဝ၉ ppm (parts per million) ကနေ ၃.ဝ၆ ppm အတွင်းတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ သူတိုု့ရဲ့ စမ်းသပ်နည်းဟာ ဝ.ဝ၄ ppm လောက်ထိပမာဏအနည်းငယ်ကိုုတောင် တွေ့ရှိနိုု်င်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီတွေ့ရှိချက်တွေဟာ မျှော်လင့်ထားတဲ့အတိုုင်းသာဖြစ်တယ်၊ ဆိုုးဆေးအရောင်ခြယ်ပစ္စည်း Colour additives တွေအနေနဲ့ပြောရမယ်ဆိုုရင် နှုတ်ခမ်းနီတစ်ခုုထုုတ်လုုပ်ရာမှာ သတ်မှတ်ပေးထားသလောက် ပမာဏသာဖြစ်တယ်လိုု့ FDA ကနောက်ဆုံး နိဂုံးချုပ်ထုုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ဒီမျှလောက်နဲ့ စမ်းသပ်မှုတွေကိုု မရပ်တန့်ခဲ့ပါ။ အမေရိကန်နိုု်င်ငံ Seattle မှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခုုကနေ၂ဝ၁ဝ ခုုနှစ်ရောက်တဲ့အခါမှာ အမေရိကန် ဈေးကွက်အတွင်းမှာရောင်းချနေတဲ့ brand အမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ နှုတ်ခမ်းနီ Lipsticks အချောင်းပေါင်း ၄ဝဝ ကိုုထပ်မံပြီး ခဲပမာဏပါဝင်မှုတွေကိုု FDA စံနှုန်းနဲ့အညီ တိုုင်းတာခဲ့ပြန်ပါတယ်။

သူတိုု့တွေ့ရှိခဲ့တဲ့ ရလဒ်ကတော့ ဒီလိုု Lipsticks အချောင်း ၄ဝဝ မှာ ခန့်မှန်းခြေ Average Lead ပါဝင်မှုဟာ ၁.၁၁ ppm ဖြစ်ပြီး ပထမအကြိမ် အချောင်း ၂ဝ ခန့်သာစမ်းသပ်ခဲ့တဲ့ Average concentration ၁.ဝ၇ ppm ဆိုုတဲ့တန်ဖိုုးနဲ့ သိပ်မကွာလှတာကိုု တွေ့ရှိခဲ့ရပါတယ်။ အချောင်းလေးရာထဲမှာမှ ခဲ အများဆုံးပါဝင်တာကိုုတွေ့ရတာကတော့ Maybelline Colour Sensational 125 Pink Petal (7.19 ppm) နဲ့ L’Oreal USA ရဲ့ Colour Riche 410 Volcanic (7.00 ppm) တိုု့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း အလှကုုန်ပစ္စည်းတွေမှာ ရောင်ခြယ်ပစ္စည်းတွေ သုံးစွဲဖိုု့ရာ ခွင့်ပြုထားတာကတော့ အများဆုံး ၂ဝ ppm ဖြစ်ပါတယ်။

ဒါပေမယ့် ယနေ့အထိ ငြင်းခုုန်စရာဖြစ်နေသေးတာကတော့ FDA မှ အလှကုုန်ပစ္စည်းတွေအတွက် စံနှုန်း ခဲ ပမာဏကိုုတော့ သီးသန့်သတ်မှတ်ပေးထားခြင်းမရှိသေးပါ ဆိုုတဲ့အချက်ပါပဲ။ သိုု့သော်လည်း စားသောက်ဖွယ်ရာမဟုုတ်တဲ့ နှုတ်ခမ်းဆိုုးဆေးတွေမှာ ပါဝင်တဲ့ ခဲပမာဏလောက်ကိုုတော့ FDA က အန္တရာယ်ရှိတဲ့ ပမာဏလိုု့ မသတ်မှတ်ကြောင်း၊ ကျန်းမာရေးအတွက် စိုုးရိမ်လောက်စရာမရှိကြောင်း ၂ဝ၁၁ မှာ တရားဝင် ထုုတ်ပြန်ကြေငြာပေးခဲ့တာမိုု့ Lipstick မြတ်နိုု်းသူတွေအတွက် အင်တာနက်မှာ ရေဗန်းစားချဲ့ကားပြောနေတဲ့သတင်းတစ်ချို့နဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်နိုုင်ရန် ဗဟုုသုုတအနေနဲ့ ပြန်လည်စုုစည်းတင်ပြပေးလိုုက်ရပါတယ်။

Credit : နေခြည် (ဆေး-၁)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18