Print

ကိုယ်ဝန်ဆောင်နှင့် လိပ်ခေါင်းပြဿနာ

  15-Dec-2019
Preview Image

ကိုယ်ဝန်ဆောင်ချိန်တွင် အဖြစ်အများဆုံးဖြစ်သော ဝမ်းချုပ်ပြဿနာကြောင့် နောက်ဆက်တွဲအနေဖြင့် လိပ်ခေါင်းရောဂါ ဝေဒနာကိုပါ ကိုယ်ဝန်ဆောင်မိခင်တို့ ခံစားရလေ့ရှိပါတယ်။ နဂို လိပ်ခေါင်းရောဂါအခံ ရှိသူများ အဖို့ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပိုခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်အယောက် ၁ဝဝ မှာ ၂ဝ ကနေ ၅ဝ လောက်ထိက ကိုယ်ဝန်ဆောင် လိပ်ခေါင်းပြဿနာကို တွေ့ယုံခံစားရလေ့ရှိပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းဘာကြောင့် ဖြစ်ကြသလဲ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ သန္ဒေသားကလေးရဲ့ ကြီးထွားနှုန်းကလည်း တိုးလာတာကြောင့် ကလေးရဲ့ ကိုယ်အလေးချိန်ဟာ မိခင်ရဲ့ ကိုယ်တွင်းအင်္ဂါ အားလုံးပေါ်မှာ ဖိအားသက်ရောက်မှု ရှိလာပ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်တဲ့ဟော်မုန်းဓာတ်တွေကလည်း သွေးကြောနံရံတွေကို ပြေလျော့စေတာမို့ စအိုပတ်လည် သွေးကြောမျှင်တွေကို ကြီးမားရောင်ရမ်း လာစေပါတယ်။ ကိုယ်ဝန်မဆောင်မီ အချိန်ကတည်းက လိပ်ခေါင်းဝေဒနာ ရှိသူတွေမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပိုပြင်းထန်ဆိုးဝါးလားပါတယ်။ အစားအသောက်၊ အနေအထိုင် မမှန်တာနဲ့ ကိုယ်ဝန်ဆောင် ဟော်မုန်းအပြောင်းအလဲကြောင့် ဝမ်းချုပ်တဲ့ပြဿနာကလည်း ကိုယ်ဝန်ဆောင် လိပ်ခေါင်းရောဂါ ဝေဒနာကို ပိုဆိုးရွားစေတဲ့အချက်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းဝေဒနာ မခံစားရလေအောင်
(၁) ဝမ်းမချုပ်ပါစေနဲ့။


ရေများများသောက်ပြီး အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို နေ့စဉ်ပုံမှန် စားပေးပါ။ ရေကို အနည်းဆုံး တစ်နေ့တာအတွက် ရေသန့်ဘူးကြီး နှစ်ဘူးခွဲ (၂ လီတာနဲ့) သောက်ပေးပါ။ သစ်သီးဖျော်ရည်၊ အရည်ရွှမ်းသော အသီးများကို စားပေးပါ။

(၂) အိမ်သာအကြာကြီးထိုင်တဲ့အကျင့်ကို ရှောင်ပါ။

အိမ်သာအကြာကြီး ထိုင်တာက ခန္ဓာကိုယ်အပေါ်ပိုင်းကို အစာအိမ်အူလမ်းကြောင်းနှင့် စအိုပေါ် သက်ရောက်မှု ရှိစေတာကြောင့် စအိုပတ်လည် သွေးကြောတွေကို ပိုပြီး ဖောင်းကြွရောင်ကိုင်းစေပါတယ်။ ဒါကြောင့် အိမ်သာကမုတ်ပေါ် အကြာကြီးထိုင်တဲ့ အကျင့်ကို ပြင်သင့်ပါတယ်။

(၃) ဝမ်းကိုအောင့်မထားပါနှင့်။

ဝမ်းသွားချိန်တဲ့အချိန်မှာ ဝမ်းကို အောင့်ထားတာက ဝမ်းအဟောင်းတွေကို အူမကြီးထဲ ခိုအောင်းနေစေပြီး ဗက်တီးရီးယားပိုးတွေ ပွားများပေါက်ပွားဖို့ အခွင့်အလမ်းပေးသလိုဖြစ်တတ်ပါတယ်။

(၄) အနီရောင်အသားနှင့် ပြုပြင်ထားသော အသင့်စား အစားအစာများကို ရှောင်ပါ။

အနီရောင်အသားနဲ့ ပြုပြင်အစားအစာများကို အလွန်အကျွံစားတာက ဝမ်းချုပ်စေတတ်တာမို့ ရှောင်ကြဉ်သင့်ပါတယ်။ ဝမ်းသွားလျှင်မညှစ်ပါနှင့်။ ဝမ်းအရမ်းညှစ်တာက စအိုကြွက်သားရဲ့ သွေးကြောမျှင် လေးတွေကို ဖိအားသက်ရောက်စေတာမို့ ဝမ်းသွားတဲ့အခါ အားပြုညှစ်ခြင်းကိုရှောင်ပါ။

(၅) ရေနွေးနွေးနဲ့ သန့်ရှင်းပေးပါ။

အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ ရေကြက်သီးနွေးလေးနဲ့ သန့်စင်ဆေးကြောပေးတာက နာကျင်မှုဝေဒနာနှင့် အနေရခက်တာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ရောဂါပိုးကပ်ညှိမှုကိုလည်း လျော့ကျစေပါတယ်။

(၆) ကီဂဲလ် (Kegel) လေ့ကျင့်ခန်းလုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းကို အသက်ရှုသွင်း၊ ရှုထုတ်သလို စအိုပတ်လည် ကြွက်သားတွေ အပေါ်အားပြုပြီး တစ်ကြိမ်လျှင် ၁ဝ မိနစ် ၁၅ မိနစ် တစ်နေ့လျှင် နှစ်ကြိမ်အနည်းဆုံး
လေ့ကျင့်လုပ်ဆောင်ပေးပါ။ စအိုပတ်လည်ကြွက်သားများ သန်မာစေပါတယ်။ ဒါ့အပြင်
- အဝမလွန်ပါစေနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မိမိယခင် အလေးချိန်ထက် ၁ဝ-၁၂ ကီလိုဂရမ်ထက်ပိုပြီး မတိုးပါစေနဲ့။
- အချိန်အကြာကြီး မတ်တပ်ရပ်ခြင်း (သို့) ထိုင်ခြင်းမှရှောင်ပါ။ အချိန်အကြာကြီး မတ်တပ်ရပ်ခြင်း ထိုင်ခြင်းကြောင့် ခန္ဓာကိုယ်အောက်ပိုင်းသို့ သွေးစီးဆင်းလည်ပတ်မှု မကောင်းစေပါ။
- ဒိုးနပ်ပုံ အလယ်တွင် အပေါက်ဖောက်ထားသော ခေါင်းအုံးကို အသုံးပြုပြီး ထိုင်ခြင်း၊ လှဲခြင်းပြုပေးပါက စအိုသွေးကြောတွေဆီ ဖိအားသက်ရောက်မှုနှင့် သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

Credit : Sheri (U.O.N,Ygn)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18