Print

ကလေး မွေးပြီး စ မိခင်များ ကျန်းမာရေး ကောင်းမွန် စေရန်

  03-Oct-2019
Preview Image

မိခင်ကလေး တစ်ယောက်ကို ကိုးလလွယ် ဆယ်လဖွား ပြီးချိန်မှာ ခန္ဓာကိုယ်တစ်ခု လုံး သင့်တော်တဲ့ အစားအသောက် တွေ စားပြီး စွမ်းအင်ပြည့်ဝစေဖို့နဲ့ မွေးကင်းစ ကလေးငယ်ကို ပြုစုစောင့်ရှောက်နိုင်ဖို့ အာဟာရပြည့်ပြည့်ဝ၀ စားပေးဖို့ လိုပါတယ်။ ဒီလိုအာဟာရပြည့်ဝနေမှသာ ကလေးထိန်းနေချိန်မှာ စိတ်ဖိစီးမှုကင်းနေပါလိမ့်မယ်။

(၁)ကိုယ်အလေးချိန် လျှော့ချပါ

ကိုယ်ဝန်ဆောင် ကလေးမွေးပြီး ချိန်မှာ ကိုယ်အလေးချိန်က အဆမတန် မြင့်တက်နေ
တတ်ပါတယ်။ ကလေး မွေးပြီးချိန် တစ်လမှာ ကိုယ်အလေးချိန် နှစ်ပေါင်-လေးပေါင်
လောက် လျော့ကျဖို့ လိုပါတယ်။ တစ်လမှာ ကိုယ်အလေးချိန် ငါးပေါင်ထက်ပိုပြီး လျော့ ကျတာက နုံးတာနဲ့ အာဟာရချို့တဲ့မှု တို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်
ကို ချက်ချင်း အမြန် လျော့ကျအောင် မလျှော့ချသင့်ပါ။

(၂) မိခင်နို့ချို တိုက်ကျွေးပါ

မိခင်နို့ချိုတိုက်ကျွေးတာက ကလေးရဲ့ ကိုယ်ခံစွမ်း အားစနစ် ကောင်းမွန်ဖို့က နေ ဘဝရဲ့နောက်ပိုင်းအချိန် မှာ အဝလွန်အန္တရာယ် လျော့ကျစေဖို့အထိ အရေးပါပါ တယ်။ ကလေးငယ်ကို မိခင်နို့ချို တိုက်ကျွေးတာက မိခင်အတွက် ရင်သားကင် ဆာ၊ မမျိုးဥအိမ်
ကင်ဆာ၊ အရိုးပါးရောဂါတို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါ တယ်။ ဒါ့အပြင် မိခင်နို့ချိုတိုက်
ကျွေးတာကြောင့် ကိုယ်ဝန်မဆောင်ခင်ကလို ကိုယ်အလေးချိန်ကို ပြန်ရဖို့ အားပေးနေပါ
တယ်။

(၃) ရေဓာတ်ပြည့်ဝအောင် နေပါ

နေ့မှာ အရည်များများသောက်ပါ။ ရေ၊ နွားနို့၊ သစ်သီးဖျော်ရည်နဲ့ ကဖင်းဓာတ် ပါဝင်မှု
နည်းတဲ့ တခြားအရည်တွေကို များ များသောက်ပေးဖို့ လိုပါတယ်။

(၄) အာဟာရဖြည့်တင်းပါ

မိခင်နို့ထဲ က ကယ်လိုရီဟာ မိခင် ခန္ဓာကိုယ် ထဲမှာ သိုလှောင် ထားတဲ့ အဆီက နေ ရလာတာဖြစ် ပါတယ်။ ဒါကြောင့် တစ်နေ့မှာ ကယ်လိုရီ အနည်းဆုံး ၁၈၀ဝ စားပါ။ အစားအသောက်ကို ရှောင်စရာ မလိုပါဘူး။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊
ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ၊ နို့နဲ့ နို့ထွက်ပစ္စည်း စတာ တွေ အစုံအလင်
ပါဝင်အောင် စားပေးပါ။ ဒီလို အာဟာရ အစုံအလင် မစားပေးရင် အာဟာရ ချို့တဲ့မှု
ကို ဖြစ်စေနိုင်ပြီး နို့ထွက်နှုန်းနည်းကာ ကိုယ်အလေးချိန် အမြန်လျော့ကျနိုင်ပါတယ်။

(၅) သတိထားပါ

မိခင်နို့ချိုတိုက်ကျွေးနေစဉ်မှာ ဆေးဝါး တွေကို ဆရာဝန်ညွှန်ကြားချက်ပါမှ သောက် ပါ။ နီကိုတင်း၊ အယ်လ်ကိုဟောနဲ့ ကဖင်း ဓာတ်တွေကိုလည်း ရှောင်ဖို့လိုပါတယ်။ ကော်ဖီ ကြိုက်ရင်တစ်နေ့မှာ ကဖင်းပါတဲ့အရည်ကို တစ်ခွက်ထက် ပိုမသောက်ပါနဲ့။

(၆) ဖြည့်စွက်စာများ မှီဝဲပါ

မိခင်နို့ချိုတိုက်ကျွေးနေချိန် မှာ အာဟာရလိုအပ်မှုက မြင့်တက်လာပါတယ်။ အာဟာရပြည့်
ဝတဲ့ အစားအသောက်တွေကို စားနေတဲ့ အပြင် အာဟာရအပိုတွေကိုလည်း ဖြည့်တင်း
ပေးဖို့ လိုပါတယ်။ ဒါကြောင့် မိခင်နို့ချိုတိုက်ကျွေးနေစဉ်မှာ ကိုယ်ဝန်ဆောင် ဖြည့်စွက်ဆေး
ဒါမှမဟုတ် မာလ်တီဗီတာမင်အားဆေးကို မှီဝဲဖို့ လိုပါတယ်။ ဒါ့အပြင် ဗီတာမင်ဒီ အပို
ကိုလည်း မှီဝဲပေးသင့်ပါတယ်။ လေ့လာမှုတွေအရ အိုမီဂါ ၃ ဖက်တီး အက်စစ်ကို မှီဝဲပေး
ရင်လည်း ကောင်းကျိုးတွေ အများကြီးကို ရရှိနိုင်တယ်လို့ သိရပါ တယ်။ ဦးနှောက်ဖွံ့ဖြိုး
မှုအတွက် DHA (Docosahexaenoic acid) လည်း လိုအပ် တာကြောင့် တစ်နေ့ ၃၀ဝ မီလီဂရမ် မှီဝဲပေးနိုင်ပါတယ်။ သင့်တော်တဲ့ အာဟာရကို မှီဝဲပြီး လေ့ကျင့်ခန်း ပုံမှန်
လုပ်ပေးကာ မိသားစုကို ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။

Credit : ကြ ယ် စ င်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18