Print

အသုံးဝင်သော ရှားစောင်းလက်ပတ်

  28-Sep-2019
Preview Image

          Aloe Vera ကို Medicinal Aloe အဖြစ်လူသိများပြီး အရည်ရွှမ်းသော အပင်အမျိုးအစား ဖြစ်ပါတယ်။ မျိုးရိုးက Aloe ဖြစ်ပြီး မိုးနည်း မိုးခေါင်ပြီး ခြောက်သွေ့တဲ့ ဒေသတွေမှာ ရှင်သန်ကြီးထွားကြပါတယ်။ အထူးသဖြင့် အာဖရိက၊ အိန္ဒိယနဲ့ တစ်ခြား ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ ရှားစောင်းလက်ပတ်ပင်ကို အများဆုံးတွေ့ရလေ့ရှိပါတယ်။ ဒီအပင်မျိုးကို တိုင်းရင်းဆေးအဖြစ် အသုံးပြုဖို့ အများဆုံး စိုက်ပျိုးကြလေ့ရှိပြီး များစွာသော သိပ္ပံလေ့လာ စမ်းသပ်မှုတွေနဲ့ Aloe Vera (ရှားစောင်းလက်ပတ်) ကို လေ့လာစမ်းသပ်ခဲ့ကြပါတယ်။ Aloe Vera ဟာ အနာတွေနဲ့ အပူလောင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပြီး အရေပြားပိုးဝင်ခြင်းအချို့ကိုလည်း ကုသလို့ရတယ်လို့ လေ့လာတွေ့ရှိခဲ့ကြတယ်။ အဆီအိတ်၊ ဆီးချိုသွေးချိုနှင့် လူတွေမှာ သွေးတွင်းအဆီဓာတ်များခြင်းတွေကို လျော့ကျစေနိုင်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ရှားစောင်းလက်ပတ်ပင်မှာ ပါဝင်တဲ့ Polysaccharides, Mannans, Anthraquinones နဲ့ Lectins စတဲ့ ဒြပ်ပေါင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။


ရှားစောင်းလက်ပတ်၏ အသုံးဝင်မှုများ

          လေ့လာစမ်းသပ်မှုတွေအနေနဲ့ အလှအပရေးရာနဲ့ အချို့သော ရောဂါတွေမှာ ရှားစောင်းလက်ပတ်ရဲ့ အသုံးဝင်မှုတွေကို ကျယ်ပြန့်စွာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် အင်တာနက် ကြော်ငြာတစ်ချို့ကနေပြီး အလှအပရေးရာနဲ့ ဆေးဝါးစက်ရုံအချို့ကနေပြီး ရှားစောင်းလက်ပတ်ဟာ အေးမြစေတယ်၊ အသားအရေကို ချောမွေ့စေတယ်၊ အနာကျက်စေတယ် စသဖြင့် ကြော်ငြာမှုတွေ ပြုလုပ်လာကြပါတယ်။ ရှားစောင်းလက်ပတ်ကို လိုးရှင်းအနေနဲ့လည်း ထုတ်လုပ်လာကြပြီး အချိုယမကာနဲ့ အချိုတည်းစရာအဖြစ်လည်း အသုံးပြုလာကြပါတယ်။ Aloe Vera Juice ကို ရင်ပူခြင်းနဲ့ အစာရေမျိုပြွန် ပြဿနာတွေမှာ သက်သာအောင် သောက်သုံးလို့ ရပါတယ်။ ဒီအတိုင်းကြီး ပါးစပ်ကနေ စားရင်တော့ အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်တဲ့။ လက်တွေ့မှာတော့ အလှအပရေးရာ ကုမ္ပဏီတွေဟာ အပင်ရဲ့ အစေးအရည်ကို အသုံးပြုပြီး မိတ်ကပ်၊ တစ်သျှူး၊ အလှဆီ၊ ဆပ်ပြာ၊ နေလောင်ခံခရင်မ်၊ ရှမ်ပူ ခေါင်းလျှော်ရည်တွေ အဖြစ် ထုတ်လုပ်လာကြပါတယ်။ တစ်ခြားအသုံးပြုခြင်းအနေနဲ့ Aloe Vera ကို သုက်ရည ်(Semen) မှာ ဖျော်စပ်ပြီး သိုးတွေအတွက် မျိုးအောင်ဖို့အတွက်လည်း အသုံးပြုကြပါတယ်။ ပြီးတော့ အစားအသောက်တွေ လတ်ဆတ်အောင် လယ်ကွင်းပြင်တွေမှာ ရေတွေ ပျက်စီးဆုံးရှုံးမှု မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း (Water Conservation) အနေနဲ့ အသုံးပြုကြပါတယ်။


          Aloes ရဲ့ အမျိုးအစားတွေ အများကြီးရှိတဲ့အနက် Bulbine Frutescens ဟာ အပူလောင်ခြင်းကို ကုသနိုင်ပြီး အရေပြားကို ချောမွတ်စေတဲ့အစွမ်း ရှိပါတယ်။ ရှားစောင်းလက်ပတ်ကို အနာတွေကုသတဲ့နေရာမှာ အသုံးပြုနိုင်ပြီး သူ့အစေးရည်က အနာကျက်ခြင်းကို စွမ်းဆောင်နိုင်ပါတယ်။ အနာကျက်နှုန်းကိုလည်း မြန်စေပြီး အစေးရည်ကို လိမ်းပေးနိုင်ပါတယ်။ ၂၀၀၇ ခုနစ် လတ်တလော Review တွေအရ ရှားစောင်းလတ်ပတ်ဟာ ဆေးပညာ သတ်မှတ်ချက်တွေအရ First to Second Degree Burns ကို ကုသပေးနိုင်ပါတယ်။ သွေးတွင်းအဆီများနေတဲ့ လူတွေမှာလည်း Lipids ကို ကျစေပါတယ်။ လတ်တလော အသည်းရောင်ခြင်း၊ Acute Hepatitis မှာလည်း အသုံးဝင် ပါသေးတယ်။ အထူးသဖြင့် Oral Aloe Vera Gel ဟာ အနာဖြစ်ပြီး အူရောင်ခြင်း (Ulcerative Colitis) မှာ ရောဂါလက္ခဏာတွေနဲ့ ရောင်ခြင်းကို သက်သာစေပါတယ်။ ကိုယ်ခံအားကို တက်စေတဲ့ Immunostimulant ကို တက်စေပြီး ခွေးတွေနဲ့ ကြောင်တွေမှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိပြီး လူတွေမှာတော့ စပ်းသပ်ထားခြင်း မရှိသေးပါဘူး။


          လိင်အဂါၤတွေမှာ ဖြစ်တဲ့ ရေယုန်နဲ့ Psoriasis (ကြမ်းထော်သော အနီအပိန့်များရှိသည့် အရေပြားရောဂါမျိုး) ကိုလည်း Topical Application (လိမ်းဆေး) အနေနဲ့ အသုံးပြုနိုင်ပါသေးတယ်။ ဒါပေမယ့် ဓာတ်ရောင်ခြည်ကုထုံးတွေကြောင့် ဖြစ်တဲ့ အနာတွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ Double-blind clinical trial တွေအရ Dentifrice ပါဝင်တဲ့ ရှားစောင်းလက်ပတ်နဲ့ Fluoridated Dentifrice ပါဝင်တဲ့ ရှားစောင်းလက်ပတ်အမျိုးအစားတို့ဟာ သွေးတွင်းအဆီခဲ၊ သွေးခဲများ ပိတ်ဆို့ခြင်း Plaque နဲ့ သွားဖုံးရောင်ရမ်း အနာဖြစ်ခြင်းများကို လျော့နည်းစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ Aloe Vera Extracts မှာ ဗက်တီးရီးယားနဲ့ မှိုပိုးတွေကို တိုက်ထုတ်နိုင်တဲ့ အစွမ်းရှိပြီး ဒါဟာ အရေပြားပိုးဝင် ရောဂါတွေအတွက် ကုသမှုပေးတဲ့နေရာမှာ အထောက်အကူဖြစ်စေပါတယ်။ အထူးသဖြင့် အရေပြားမှာ အရေအိတ်တည်ခြင်း၊ အပူလောင်ခြင်းနဲ့ ပွေးရောဂါတွေမှာလည်း သက်သာစေနိုင်ပါတယ်။ ဗက်တီးရီးယားအနေနဲ့ ရှားစောင်းလက်ပတ်ရဲ့ အတွင်းပိုင်းဂျယ်က Streptococcus နဲ့ Shigella မျိုးနွယ်တွေရဲ့ ကြီးထွားမှုကို ပိတ်ဆို့တားဆီးပေးပါတယ်။ ဒါပေမယ့် Xanthomonas မျိုးနွယ်တွေကိုတော့ တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်း မရှိပါဘူး။


အခြားအသုံးဝင်မှုများ

          အခုအခါမှာ ရှားစောင်းလက်ပတ်ကို မျက်နှာသုတ်တစ်သျှူးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်အသုံးပြုလာပြီး အဲဒီကနေတစ်ဆင့် တုပ်ကွေးနဲ့ အအေးမိခြင်းတွေကို လျော့နည်းစေတဲ့ Moisturiser အနေနဲ့ အသုံးပြုလာကြပါတယ်။ ရှားစောင်းလက်ပတ်အစေ့ Aloe Vera Seed ကနေပြီး Biofuels အဖြစ် အသုံးပြုဖို့လည်း လေ့လာနေကြပါတယ်။ ၂၀၁၃ ခုနစ်အစပိုင်းမှာ United States မှာ ဝမ်းပျော့ဆေးအနေနဲ့ Aloe ကိုအသုံးပြုကြပြီး နောက်ပိုင်းမှာတော့ Aloin ဟာ Class lll Ingredient ပါဝင်တယ်ဆိုပြီးတော့ အဲဒီလိုအသုံးပြုခြင်းကို တားဆီးခဲ့ပါတယ်။ မှတ်သားစရာကတော့ ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ Aloin ဟာ ဝမ်းပျော့စေပြီး နောက်ပိုင်းထုတ်လုပ်သူတွေက FDA စည်းမျဉ်းနဲ့ ငြိမှာ စိုးတဲ့အတွက် Aloin ကို ဖယ်ထုတ်ခဲ့ကြပါတယ်။

          ရှားစောင်းလက်ပတ်ပင်စာ လူသိနည်းပြီး သူ့ရဲ့ ကောင်းကျိုးအများစုကို အခုလောက်ဆို မှတ်သားသိရှိကြလိမ့်မယ်လို့ ယူဆမိပါကြောင်း။

Credit : သက်တန့်ချို



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18