Print

အရေပြားကင်ဆာကို ကာကွယ်ခြင်း

  28-Sep-2019
Preview Image

အရေပြားကင်ဆာများ ဖြစ်ပွားရခြင်း၏ ရှေးဦးကာကွယ်ခြင်းမှာ နေရောင်ခြည်၏ ဘေးအန္တရာယ်များကို ပြည်သူလူထု သိရှိစေခြင်းနှင့် လူနာများအတွက် သင့်လျော်သော လမ်းညွှန်ချက်များပေးခြင်း တို့ဖြစ်ပါသည်။ အရေပြားကင်ဆာဖြစ်စေသော ဘေးအန္တရာယ်များကို သိရှိသူများသည် အရေပြားကင်ဆာရှိ၊ မရှိ ကြိုတင်စစ်ဆေးမှု ခံယူရန် အခွင့်အလမ်း ပိုများပြီး အရေပြားကင်ဆာဖြစ်နေပါက ကုသမှုခံယူနိုင်ပါသည်။ မိသားစုဆရာဝန်များသည် ရောဂါကာကွယ်ရေး နည်းလမ်းများ ဆွေးနွေးရာတွင် နေရောင်ကြောင့် ဘေးအန္တရာယ် မဖြစ်စေရေး လမ်းညွှန်ချက်များကို ထည့်သွင်း ဆွေးနွေးသင့်ပါတယ်။ နေရောင်ကာဆီများကို မှန်ကန်စွာ အသုံးပြုခြင်းဖြင့် အရေပြားကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချနိုင်ပါသည်။ နေရောင်ကာအဆီများကို နေရောင်ထိတွေ့ခြင်းအချိန်မီ အနည်းဆုံးမိနစ် ၃၀ ကြိုတင်၍ လုံလောက်သော ပမာဏလိမ်းခြင်း၊ နေရောင်ကြာရှည်စွာ ထိတွေ့ပြီး (သို့) ရေကူးပြီးပါကထပ်လိမ်းခြင်းများ ပြုလုပ်သင့်ပါသည်။ အထူးသတိပြု သင့်သည်မှာ နေရောင်ကာဆီများကို အရေပြားကင်ဆာ ဖြစ်ပွားမှုများမှ ကာကွယ်ခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သုံးခြင်းမဟုတ်ဘဲ သူ့ချည်းသက်သက်သာသုံးပါက အကျိုးရှိလိမ့်မည်မဟုတ်ပါ။

အရေပြားကင်ဆာဖြစ်ပွားမှု ကာကွယ်ရေးအတွက် နေရောင်ကြောင့် ဘေးအန္တရာယ် မဖြစ်စေရေး လမ်းညွှန်ချက်များ။
- ခရမ်းလွန်ရောင်ခြည် ဘီ အများဆုံးပါဝင်သောအချိန် ဖြစ်သည့်နံနက် ၁၀ နာရီ ညနေ ၄ နာရီအတွင်း နေရောင်ထိတွေ့မှုမှ ရှောင်ကြဉ်ရန် (သို့) နေရောင်ထိတွေ့မှု လျှော့ချရန်။
- နေရောင်ကာဆီများသုံးရာတွင် နေရောင်ကာနိုင်စွမ်း - ၁၅ (Sun protection Factor SPF – 15) အနည်းဆုံးရှိသော နေရောင်ကာဆီကို လုံလုံလောက်လောက် အသုံးပြုရန်။
- ခရမ်းလွန်ရောင်ခြည် ဘီ အများဆုံးပါဝင်သောအချိန်တွင် နေရောင်ခြည်နှင့် ထိတွေ့ရမည့်ဆိုပါက သင့်လျော်သော နေရောင်ကာဆီ အသုံးပြုမှုအပြင် အနားပြားကြီးသော ဦးထုပ်၊ နေကာမျက်မှန်၊ နေရောင်ကာနိုင်သော အဝတ်အစား စသည်တို့ကို ဝတ်ဆင်သင့်ပါသည်။
- တမင်တကာ နေရောင်ခံကာ အသားညိုအောင် လုပ်ခြင်းနှင့် အသားညိုအောင် လုပ်သော အလှပြင်ခန်းများကို ရှောင်ကြဉ်သင့်ပါသည်။

Credit : ဒေါက်တာခိုင်ခိုင်ဇော်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18