Print

ရေဓာတ်နှင့် အခြားသက်စောင့်ဓာတ်များ

  25-Sep-2019
Preview Image

လူတစ်ယောက်ဟာ တစ်နေ့ကို ပျှမ်းမျှ ၂ လီတာမှ ၃ လီတာခန့်အထိ လိုအပ်ပါတယ်။ ပုံမှန်ကျောက်ကပ်ကနေ ဆီးထွက်တဲ့နှုန်းဟာ တစ်မိနစ်မှာ 1ml ပတ်ဝန်းကျင် ထွက်ပါတယ်။ တစ်နည်းဆိုရရင် 1ml/kg/hr နှုန်းနဲ့ထွက်တယ်။ တစ်နေ့တာ ၂၄ နာရီမှာတော့ ၁ လီတာခွဲလောက် ထွက်နိုင်ပါတယ်။ ပါးစပ်က သောက်သမျှရေဟာ ဆီးဖြစ်မသွားပါ။

စုစုပေါင်း ကိုယ်ခန္ဓာထဲကို ဝင်သွားတဲ့ရေပမာဏ ၂ လီတာကနေ ၃ လီတာအထိ ဖြစ်ပါတယ်။ အဲဒီရေတွေဟာ သွေးကြောထဲမှာ (circulation) ထဲမှာ လှည့်ပတ်ပြီးသကာလ ဆီးအနေနှင့်တစ်မျိုး၊ ချွေးအဖြစ်နဲ့တစ်ဖုံ၊ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် တစ်နည်း၊ မစင်စွန့်ချိန်မှာတစ်သွယ် ပုံစံအမျိုးမျိုးနဲ့ ခန္ဓာကိုယ်မှ ပြန်ထွက်သွားပါတယ်။

တစ်နေ့တာ ထွက်ရှိတဲ့ ဆီးက ၁ ကနေ ၁.၅ လီတာ၊ ချွေးအနေနဲ့ ဝ.၅ လီတာ၊ အသက်ရှူထုတ်ချိန်မှာပါသွားတဲ့ ရေဓာတ်က ဝ.၅ လီတာ၊ မစင်နဲ့အတူ ထွက်သွားတဲ့ပမာဏက ဝ.၂ လီတာ။ စုစုပေါင်းပြန်ထွက်သွားတဲ့ ရေပမာဏကလည်း ၂ လီတာမှ ၃ လီတာနီးပါးအထိ ရှိပါတယ်။ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ရေအဝင်အထွက်က ပုံမှန်အားဖြင့် မျှခြေနီးပါးမှာ ရှိပါတယ်။ လူ့ခန္ဓာကိုယ်ဖွဲ့စည်း တည်ဆောက်ပုံမှာ ရေဓာတ်က ၆၀%လောက် ပါဝင်ပါတယ်။ လူတစ်ယောက် ခန္ဓာကိုယ်အလေးချိန်ရဲ့ ၃ ပုံ ၂ ပုံခန့်ဟာ ရေနှင့်ဖွဲ့စည်းထားပါတယ်။

ရေဓာတ်များလို့ ဖောရောင်တယ်ဆိုရင် မှန်နိုင်ပါတယ်။ ဒါပေမယ့် အလုံးစုံတော့ မမှန်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နေရာတိုင်းမှာ ရေဓာတ်များလို့ မဟုတ်ပါဘူး။ ဆဲလ် (cell) ရဲ့ အပြင်ဘက်နဲ့ သွေးကြောရဲ့ အပြင်ဘက်နေရာမှာ ရေပမာဏများလာပြီး ပုံမှန်ရှိသင့်တာထက် (ကီလို ၆၀ လေးတဲ့လူမှာဆိုရင် ရေ ၈ လီတာထက်/ ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၅% ထက်) ပိုများလာတဲ့အခါ ဖောရောင်ခြင်း စတင်လာပါတယ်။ သွေးကြောအပြင်မှာ ရေများတဖြည်းဖြည်းစုမိလာတဲ့အခါ ဖောရောင်တဲ့လက္ခဏာ ပြလာကြပါတယ်။

Credit : ဒေါက်တာငြိမ်းချမ်းအောင်



သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18