Print

ကလေးများတွင်ဖြစ်သော G6PD

  28-Feb-2017
Preview Image

ဓာတ်ချို့တဲ့သောရောဂါနှင့် ရှောင်ကြဉ်ရမည့်အချက်များ
 

G6PD ဓာတ်ချို့တဲ့သောရောဂါဆိုသည်မှာ မျိုးရိုးလိုက်သောသွေးရောဂါတစ်မျိုးဖြစ်သည်။ သွေးနီဥတွင်ရှိသော G6PD အင်ဇိုင်းဓာတ်ချို့တဲ့သောကြောင့် သွေးနီဥလေးများပေါက်ကွဲရခြင်းဖြစ်သည်။ အောက်ပါအချက်များသည် G6PD ဓာတ်ချို့တဲ့သောကလေးများနှင့်မတည့်သောအရာများ၊ ရှောင်ကြဉ်ရမည့်အချက်များ ဖြစ်ကြပါတယ်။

 

- တောင်ကြီးပဲလှော်နှင့် ပဲတောင့်ရှည်မျိုးဖြစ်သောပဲများ

- ဆာလဖာ (Sulphur) ပါသောဆေးများ၊အစားအသောက်များ၊ပစ္စည်းများ

- ပရုတ်ပါဝင်သော အရာများ၊ပရုတ်ဖြင့်ပြုလုပ်ထားသောသွားတိုက်ဆေး၊သကြားလုံး၊ခံတွင်းသန့်စင်ရည်၊ငုံဆေးများ၊ပီကေများ

- အပြာရောင်ဆိုးဆေးသုံးထားသော အစားအသောက်များ ( သို့သော် သဘာဝအရောင်ရှိသော စပျစ်သီးနှင့် နနွင်းမှုန့်တို့သည် သွေးနီဥပေါက်ကွဲစေမှုမရှိပါ။)

- တချို့သော တရုတ်ဆေးဖက်ဝင်အပင်များ၊တရုတ်ဟင်းခတ်အမွှေးအကြိုင်များ

- Tonic Water၊ အရက်နှင့်စပ်သောက်ရသောကာဗွန်နှင့်Quinine ပါသောအရည်တစ်မျိုး 

- ခါးသက်သော ဘူးသီး၊ဘူးရွက်၊ဘူးညွန့်များ

- လက်ဖက်စိမ်းရည်၊လက်ဖက်ရည်ကြမ်း

- ဗီတာမင် K ပါသောစားဆေး၊ထိုးဆေး

- အတုအပပြုလုပ်ထားသော ဗီတာမင်စီကြွယ်ဝလွန်းသည့် စားသောက်ကုန်များ၊ အားဆေးများ

- ငှက်ဖျားဆေးများ

- အချို့သောပိုးသတ်ဆေးများ

- အချို့သော အဖျားကျဆေး၊အကိုက်အခဲပျောက်ဆေးများ

- အချို့သောရောဂါများ (အအေးမိတုပ်ကွေးရောဂါ၊အသည်းရောင်ခြင်း၊ ဆီးချိုအတက်များခြင်း) တို့ပဲဖြစ်ကြပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Writer : Dr Toe
Credit : g6pddeficiency.org/wp/living



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18