Print

ဗေါက်ပျောက်စေသော အိမ်တွင်းကုထုံးများ

  23-Nov-2020
Preview Image

ဗေါက်ပျောက်စေသော အိမ်တွင်းကုထုံးများ


လူနှစ်ယောက်မှာ တစ်ယောက်နှုန်း ဗေါက်ရောဂါရှိတတ်ပါတယ်။ ခေါင်းယားတာ၊ ခေါင်းကနေ အဖတ် အဖတ်တွေကျတာဟာ ဗေါက်ရှိတဲ့ လက္ခဏာတွေပါ။ တစ်ခါတစ်လေမှာတော့ ဒီလိုလက္ခဏာတွေအပြင် ဦးရေပြားမှာ အကွက်အကွက်တွေဖြစ်တာ၊ ကျင်တာ စတာတွေပါခံစားရနိုင်ပါတယ်။ ဗေါက်ဖြစ်ရခြင်းအကြောင်းအရင်းကတော့ ဦးရေပြားခြောက်သွေ့တာ၊ ဆံပင်အတွက် အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာနဲ့ ဦးရေပြားပေါ်မှာပေါက်တဲ့ မှိုတစ်မျိုးကြောင့်ဖြစ်ပါတယ်။

ဗေါက်ကိုကုသပေးတဲ့ ပစ္စည်းတော်တော်များများကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရပေမယ့် အိမ်တွင်းကုသနည်းတွေနဲ့လဲ ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။


၁-လက်ဖက်ဆီ

လက်ဖက်ဆီမှာ ပိုးသတ်နိုင်တဲ့အစွမ်း၊ အရောင်ကျနိုင်တဲ့ အစွမ်းတွေပါဝင်ပါတယ်။ လေ့လာချက်တွေအရ လက်ဖက်ဆီ မှာအချို့သောမှိုတွေကိုသေစေနိုင်တဲ့ အစွမ်းရှိပြီး ဗေါက်ရောဂါအတွက်အသုံးဝင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် လက်ဖက်ဆီဟာ အချို့သူတွေဆီမှာ  ဓာတ်မတည့်တာမျိုး ယားယံတာမျိုးရှိတတ်တဲ့အတွက် အုန်းဆီနဲ့ ရောသုံးတာမျိုးပြုလုပ်သင့်ပါတယ်။


၂-အုန်းဆီ

အုန်းဆီဟာ ကျန်းမာရေးအတွက်ကောင်းကျိုးများစွားရှိသလို ဗေါက်ရောဂါမှာလည်း အသုံးဝင်ပါတယ်။ အုန်းဆီဟာ အရေပြားအစိုဓာတ်ကို ထိန်းပေးနိုင်တဲ့အတွက် အရေပြားခြောက်သွေ့ခြင်းကြောင့်ဖြစ်တဲ့ ဗေါက်ရောဂါအတွက် ကောင်းမွန်ပါတယ်။ဒါ့အပြင်အုန်းဆီမှာ ပိုးသေစေတဲ့ အာနိသင်လဲ ရှိပါတယ်။


၃-ရှားစောင်းလက်ပတ်

ရှားစောင်းလတ်ပတ်ဟာ အလှကုန်ပစ္စည်းတွေမှာ ပါနေကျအမယ်တစ်မျိုုးဖြစ်ပါတယ်။ ရှားစောင်းလတ်ပတ်မှာ ပိုးမွှားတွေ မှီုတွေကို သေစေနိုင်တဲ့ သတ္တိရှိတာကြောင့် ဗေါက်ရောဂါမှာ အသုံးဝင်ပါတယ်း စမ်းသပ်မှုတွေအရလဲ ရှားစောင်းလတ်ပတ်ဟာ မှိုအမျိုးအစားတော်တော်များများကို သေစေနိုင်တယ်လို့တွေ့ရပါတယ်။


၄-စိတ်ဖိစီးမှုလျော့ချပါ

စိတ်ဖိစီးမှုဟာ ကျန်းမာရေးကို များစွာထိခိုက်စေပါတယ်။ ရောဂါတော်တော်များများဟာလည်း စိတ်ဖိစီးမှုနဲ့ ဆက်နွယ်နေပါတယ်။ စိတ်ဖိစီးမှုကြောင့် ဗေါက်ရောဂါကို တိုက်ရိုက်မဖြစ်စေနိုင်ပေမယ့် ဗေါက်ကြောင့်ဖြစ်တဲ့ ဦးရေပြားခြောက်သွေ့ခြင်း နဲ့ ယားယံခြင်းများကို ပိုဆိုးစေပါတယ်။

စိတ်ဖိစီးမှုကို အချိန်အကြာကြီး ခံစားနေရသူတွေမှာ ခန္ဒာကိုယ်ရဲ့ ခုခံအားကျဆင်းလာစေနိုင်ပါတယ်။ ခုခံအားကျဆင်းလာမှုကြောင့်လဲ မှိုရောဂါတွေဝင်လာနိုင်ပြီး ဗေါက်ပြသနာကို ပိုဆိုးစေပါတယ်။


၅-ပန်းသီးဗနီဂါ

ပန်းသီးဗနီဂါ မှာလည်း ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိပါတယ်။ ပန်းသီးဗနီဂါဟာ ဦးရေပြားမှာရှိတဲ့ ဆဲလ်အသေတွေကို ကြွေကျစေပါတယ်။ ပန်းသီးဗနီဂါ ဟာ အရေပြားရဲ့ pH ကို ထိန်းပေးပြီး မှိုတွေရဲ့ ပွားများမှုကို လဲ လျော့ချပေးတဲ့အတွက် ဗေါက်ရောဂါအတွက်ကောင်းမွန်ပါတယ်။

ပန်းသီးဗနီဂါကို ခေါင်းလျှော်ရည်ထဲ အနည်းငယ်ထဲ့သုံးလို့ရသလို အခြားခေါင်းလိမ်းတဲ့ ဆီတွေနဲ့ရောပြီး ဦးရေပြားပေါ် တိုက်ရိုက်လိမ်းပေးလို့လဲရပါတယ်။


၆-Omega 3

Omega 3 ဟာ ခန္ဒာကိုယ်အတွက် အရေးပါ ပါတယ်။ နှလုံး၊ အဆုတ်နဲ့ ကိုယ်ခံအားတို့ကို ကောင်းမွန်စေပါတယ်။ အရေပြားအတွက်လည်း အရေးပါပြီး အဆီထုတ်လုပ်ပေးခြင်း၊ အရေပြားအစိုဓာတ်ကိုထိန်းပေးခြင်းနဲ့ အိုမင်းရင့်ရော်ခြင်းကိုလည်းတားဆီးပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

Omega 3 ချို့တဲ့ခြင်းကြောင့် ဆံပင်နဲ့ ဦးရေပြားတို့ကို ခြောက်သွေ့စေပြီး ဗေါက်ရောဂါကိုဖြစ်ပေါ်စေနိုင်ပါတယ်။ Omega 3ပါဝင်တဲ့ အစားအစာတွေကို စားပေးခြင်းဖြင့် ဗေါက်ရောဂါကို ကာကွယ်နိုင်ပါတယ်။


၇- မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ ဟာ အလွယ်တကူရရှိနိုင်ပြီး ဗေါက်ကိုကုသရာမှာ အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ဒါအပြင့် မုန့်ဖုတ်ဆိုဒါမှာ မှိုသတ်ပေးတဲ့ အာနိသင်လဲရှိပါတယ်။ ယားယံခြင်းကို လည်းသက်သာစေပါတယ်။

မုန့်ဖုတ်ဆိုဒါကို သုံးမယ်ဆိုရင်တော့ ရေစိုနေတဲ့ ဆံပင်ပေါ်ကို တိုက်ရိုက်လိမ်းပြီး ဦးရေပြားကို နိုပ်နယ်ပေးပါ။နှစ်မိနစ်လောက်ထားပြီးရင် ဦးခေါင်းကို ရေဆေးချပြီး ပုံမှန်အတိုင်ပဲ ခေါင်းလျှော်လိုက်ပါ။

Dr.Aung

Ref:healthline.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18