“ဉာဏ်ကြီးရှင်” ဝန်ဆောင်မှု

                                                                      Season (2)

ကစားမည် ⇒⇒⇒ http://nyangyishin.com/msisdn                                                           

စည်းမျဉ်းစည်းကမ်းချက်များ

ဉာဏ်ကြီးရှင် ဝန်ဆောင်မှု (ဤနေရာတွင် ဝန်ဆောင်မှု ဟု ရည်ညွှန်းရန်) ကို စာရင်းပေးသုံးစွဲခြင်းဖြင့် MPT ၏ စာရင်းပေးသုံးစွဲသူများ (“စာရင်းပေးသုံးစွဲသူ” သို့မဟုတ် “စာရင်းပေးသုံးစွဲသူများ”) သည် ဤစာချုပ်ထဲတွင် သတ်မှတ်ထားသော စည်းကမ်းချက်များကို နားလည်ပြီး သဘောတူပါသည်။ ဤဝန်ဆောင်မှုသည် စည်းကမ်းချက်များနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့် အညီဖြစ်ရမည်။

 

၁။        ဝန်ဆောင်မှုပေးသူ

၁.၁။     ဤဝန်ဆောင်မှုကို အမှတ် ၁၄၈ (၁၁/က)၊ မြမာလာလမ်းသွယ်၊ အေဝမ်းလမ်း၊  မရမ်းကုန်းမြို့နယ်၊ ရန်ကုနု်မြို့တွင် ရုံးချုပ်အခြေစိုက်သော Trust Oo Co., Ltd. (“ဝန်ဆောင်မှုပေးသူ”) မှ စီစဉ်ဆောင်ရွက်သည်။

 

၂။         ဝန်ဆောင်မှု

၂.၁။      ဤဝန်ဆောင်မှုကို ဉာဏ်ကြီးရှင် ဝန်ဆောင်မှုဟု ခေါ်ဆိုရမည်။

၂.၂။       ဤဝန်ဆောင်မှုသည် နေရာဒေသနှင့် ငွေကြေးဆိုင်ရာ အခက်အခဲ ကန့်သတ်ချက်များ မရှိစေပဲ မိုဘိုင်းလ်ဖုန်း မှတဆင့် စာရင်းပေးသုံးစွဲသူများ အထွေထွေဗဟုသုတ မြှင့်တင်ရန် ရည်ရွယ်သည်။

၂.၃။      ဤဝန်ဆောင်မှုသည် ဉာဏ်ကြီးရှင်ဝက်ဘ်ဆိုဒ်ကို အခြေခံသော ဝန်ဆောင်မှုဖြစ်ပြီး ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် အထွေထွေဗဟုသုတနှင့်သက်ဆိုင်သော အပြန်အလှန် ဉာဏ်စမ်းအမေးအဖြေ ကဏ္ဍတွင် ပါဝင်လျက် ဗဟုသုတစာတိုများ ရရှိနိုင်မည်ဖြစ်သည်။ စာရင်းပေးသုံးစွဲသူများ အနေဖြင့် ဉာဏ်ရည်ထက်မြက်ကာ အောင်မြင်ပျော်ရွှင်သော ဘဝနေထိုင်မှုအတွက် အသိပညာဗဟုသုတများ ရရှိမည့်အပြင် အမှတ်များများ ရရှိခြင်းဖြင့် လည်းကောင်း၊ ကံစမ်းမဲများ ကံထူးခြင်းဖြင့် လည်းကောင်း ဆုလက်ဆောင်များ ခံစားနိုင်ပါသည်။

 

၃။        ဝန်ဆောင်မှု ပက်ကေ့ချ်

၃.၁။     ဝန်ဆောင်မှု ပက်ကေ့ချ် (“ဝန်ဆောင်မှု ပက်ကေ့ချ်” သို့မဟုတ် “ဝန်ဆောင်မှု ပက်ကေ့ချ်များ”) တွင် အထွေထွေဗဟုသုတစာတို တစ်ခုနှင့် ဗဟုသုတ ဉာဏ်စမ်း မေးခွန်း (၅) ခု ပါဝင်မည် ဖြစ်သည်။

 

၄။        ဝန်ဆောင်မှု ဈေးနှုန်း

၄.၁။     စတင်စာရင်းပေးသုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုအား တစ်ရက်လျှင် ပက်ကေ့ချ် တစ်(၁)ခုနှုန်း ရရှိမည် ဖြစ်သည်။

၄.၂။      စာရင်းပေးသုံးစွဲသူများကို ဝန်ဆောင်မှု ပက်ကေ့ချ် တစ်ခုလျှင် (၉၉) ကျပ်နှုန်း ကောက်ခံမည် ဖြစ်သည်။

 

၅။        ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲခြင်း

၅.၁။     စာရင်းပေးသုံးစွဲသူများသည် ကုဒ်နံပါတ် 8477 သို့ OK (သို့) ON ဟု ပေးပို့ခြင်းဖြင့်ဖြစ်စေ၊  စာတို(SMS)တွင် ပါဝင်သည့် www.nyangyishin.com  သို့ ဝင်ရောက်ရယူခြင်းဖြင့် ဖြစ်စေ စာရင်းပေးသုံးစွဲနိုင်သည်။

၅.၂။      စာရင်းပေးသုံးစွဲသူများသည် ကုဒ်နံပါတ် 8477 သို့ OFF ဟု ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ www.nyangyishin.com  ရှိ သုံးစွဲသူအကောင့်မှ နှုတ်ထွက်ခြင်းဖြင့် ဖြစ်စေ စာရင်းမှ ပယ်ဖျက်နိုင်သည်။

 

၆။        ဝန်ဆောင်မှု ရရှိပုံ အဆင့်ဆင့်

၆.၁။     ဝန်ဆောင်မှုကို စတင်အသုံးပြုရန် 8477 သို့ OK (သို့) ON ဟု ပေးပို့ခြင်းဖြင့် ဖြစ်စေ၊ စာတိုတွင်ပါဝင်သည့် www.nyangyishin.com မှတစ်ဆင့် ဝင်ရောက်ကာ စာရင်းပေးသွင်းခြင်းဖြင့် ဖြစ်စေ အသုံးပြုနိုင်ပါသည်။

၆.၂။      ဝန်ဆောင်မှုကို ပယ်ဖျက်ရန် 8477 သို့ OFF ဟု ပေးပို့ခြင်းဖြင့် ဖြစ်စေ၊ www.nyangyishin.com ရှိ သုံးစွဲသူအကောင့်မှ နှုတ်ထွက်ခြင်းဖြင့် ဖြစ်စေ စာရင်းမှ ပယ်ဖျက်နိုင်သည်။

၆.၂။      ဝန်ဆောင်မှုရယူခြင်းနှင့် အတူ အထွေထွေဗဟုသုတစာတိုနှင့် ဉာဏ်စမ်းမေးခွန်းများ ပါဝင်သော ပက်ကေ့ချ်တစ်ခုကို ရရှိမည် ဖြစ်ပါသည်။

၆.၃။     ပက်ကေ့ချ်တစ်ခုအား အသုံးပြုမည်ဆိုပါက           ဉာဏ်ကြီးရှင် ဝန်ဆောင်မှု၏ ပထမစာမျက်နှာရှိ “ကစားမည်” ကို ရွေးချယ်ကာ ဖြေဆိုနိုင်ပါသည်။

၆.၄။     ဝန်ဆောင်မှု ပက်ကေ့ချ် ရယူပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

                ပထမစာမျက်နှာရှိ “ကစားမည်” ကို နှိပ်ပါက ဝန်ဆောင်မှုပက်ကေ့ချ်ကို ရရှိမည် ဖြစ်သည်။

ပထမစာမျက်နှာတွင် အထွေထွေဗဟုသုတစာတို (၁)စောင်အား ဦးစွာ ဖတ်ရှုနိုင်မည် ဖြစ်သည်။

                ထို့နောက် မေးခွန်းနံပါတ် (၁) ကို ဆက်လက်ဖြေဆိုရမှာ ဖြစ်ပါသည်။

ထို့နောက် မေးခွန်းနံပါတ် (၂) ကို ဆက်လက်ဖြေဆိုရမှာ ဖြစ်ပါသည်။

                ထို့နောက် မေးခွန်းနံပါတ် (၃) ကို ဆက်လက်ဖြေဆိုရမှာ ဖြစ်ပါသည်။

                ထို့နောက် မေးခွန်းနံပါတ် (၄) ကို ဆက်လက်ဖြေဆိုရမှာ ဖြစ်ပါသည်။

                ထို့နောက် မေးခွန်းနံပါတ် (၅) ကို ဆက်လက်ဖြေဆိုရမှာ ဖြစ်ပါသည်။

မေးခွန်းနံပါတ် (၅) ကို ဖြေဆိုပြီးချိန်တွင် ထိုပက်ကေ့ချ်တစ်ခု၏ ဉာဏ်စမ်းအဖြေမှန်များအားလုံး အတွက် သုံးစွဲသူ ရရှိသည့် အမှတ်ကို ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

၆.၅။     မေးခွန်းတစ်ခု၏ ဖြေဆိုချိန်မှာ စက္ကန့် ၃၀ ဖြစ်ပြီး အချိန်စေ့သည်အထိ  ဖြေဆိုခြင်း မပြုပါက ထိုမေးခွန်းအတွက် အဖြေအား အဖြေမှားဟု သတ်မှတ်မည် ဖြစ်ပါသည်။

၆.၆။     ဝန်ဆောင်မှု ရယူထားသူသည် ဉာဏ်စမ်းမေးခွန်းတစ်ခုကို ဖြေဆိုခြင်းမပြုပါက အဖြေမှားဟု သတ်မှတ်မည်ဖြစ်ပြီး ကျန်ရှိနေသည့် ဉာဏ်စမ်းမေးခွန်းများကို ဆက်လက်ဖြေဆိုရမည် ဖြစ်ပါသည်။ ပက်ကေ့ချ် တစ်ခု၏ ဉာဏ်စမ်းဖြေဆိုခြင်း ပြီးမြောက်ရန်အတွက် မေးခွန်းတစ်ခုစီတိုင်းကို ဖြေဆိုရမည် ဖြစ်ပါသည်။

၆.၇။     MPT ၏ ဆက်သွယ်မှုဧရိယာပြင်ပ (သို့မဟုတ်) လိုင်းဆွဲအား မကောင်းသော နေရာများ၌ အသုံးပြုမိသည့် အခါမျိုးတွင် စာရင်းပေးသုံးစွဲသူများ၏ ဝန်ဆောင်မှုစာမျက်နှာတွင် ကြန့်ကြာမှုများ ဖြစ်နိုင်ပါသည်။

 

၇။   ဝန်ဆောင်မှု ပက်ကေ့ချ် တစ်ခု၏ သက်တမ်း

၇.၁။     ဝန်ဆောင်မှု ပက်ကေ့ချ် တစ်ခု၏ သက်တမ်းမှာ ပက်ကေ့ချ် စတင်ရရှိသော အချိန်မှစ၍  ဝန်ဆောင်မှု Season ကာလအတွင်း သက်တမ်းကုန်ဆုံးခြင်းရှိမည်မဟုတ်ဘဲ  မိမိဝယ်ယူထားသော အရေအတွက်အတိုင်း နှစ်သက်ရာအချိန်တွင် စိတ်ကြိုက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။

               

၈။        ထပ်မံဝယ်ယူခြင်း

၈.၁။     စာရင်းပေး သုံးစွဲသူများသည် တစ်ရက်လျှင် ပက်ကေ့ချ် တစ်ခုထက်မက ဝယ်ယူနိုင်သည်။ စာရင်းပေး သုံးစွဲသူများသည် ဝန်ဆောင်မှု ပက်ကေ့ချ် ကို  များစွာသော ဝယ်ယူမှုများ စိတ်ကြိုက်ပြုလုပ်နိုင်သည်။  အတိအကျအနေဖြင့် တစ်ရက်လျှင် အများဆုံးအကြိမ် ၃၀ ဝယ်ယူနိုင်သည့် ကန့်သတ်ချက်ရှိပြီး ၎င်းမှာ ဝန်ဆောင်မှုစတင်သည့် ပထမ(၁)ရက်မှစ၍ ဝန်ဆောင်မှုပြီးသည့် ကာလအထိ အများဆုံးပမာဏအနေဖြင့် ဖြည့်သွင်းမှုစုစုပေါင်း ၅၄၆၀ ကြိမ် (၃၀ x ၁၈၂ ရက်) အထိ ပြုလုပ်နိုင်မည် ဖြစ်သည်။

၈.၂။      စာရင်းပေးသုံးစွဲသူများအနေဖြင့် ထပ်မံဝယ်ယူလိုပါက ပက်ကေ့ချ် တစ်ခုအား ၉၉ ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

၈.၃။     ဝန်ဆောင်မှု မူလစာမျက်နှာရှိ ‘ထပ်မံဝယ်ယူမည်’ အား နှိပ်၍ ဝန်ဆောင်မှု ပက်ကေ့ချ် များကို ဝယ်ယူနိုင်မည် ဖြစ်သည်။

 

၉။        အမှတ်ပြိုင်ပွဲ

၉.၁။     အမှတ်ပြိုင်ပွဲ (“အမှတ်ပြိုင်ပွဲ”သို့မဟုတ် ”ပြိုင်ပွဲ”) မှာ ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲသူများအတွက် ပြိုင်ပွဲတစ်ခု ဖြစ်သည်။  ပြိုင်ပွဲအတွင်း အမှတ်အများဆုံး ရရှိသည့် စာရင်းပေးသုံးစွဲသူများသည် ဆုရရှိသူများဖြစ်မည်ဖြစ်ပြီး အမှတ်ပြိုင်ပွဲအတွက် ဆုလက်ဆောင်များ ထုတ်ယူနိုင်မည် ဖြစ်သည်။

၉.၂။      စာရင်းပေးသုံးစွဲသူသည် ဝန်ဆောင်မှု Package ဝယ်ယူမှုတစ်ခုချင်းစီတိုင်းနှင့် အောင်မြင်စွာ သက်တမ်းတိုးသည့်အခါတိုင်း အမှတ်ငါးဆယ် (၅၀) ရရှိမည်ဖြစ်သည်။

၉.၃။     ဖြေဆိုသည့် အဖြေမှန်လျှင် အဖြေမှန်တစ်ခုစီအတွက် အမှတ် (၂၀) ရရှိမည် ဖြစ်ပြီး ဖြေဆိုသည့် အဖြေမမှန်ကန်လျှင် ကြိုးစားသည့် အကြိမ်တိုင်းအတွက် (၁၀) မှတ်စီ ရရှိမည် ဖြစ်သည်။

၉.၄။     ထို့အပြင် ဝန်ဆောင်မှု တစ်ခုတွင် မှန်ကန်သည့် အဖြေအရေအတွက်ပေါ် မူတည်ပြီး ထပ်ဆောင်း အမှတ်ပိုများ ပေးသွားမည် ဖြစ်သည်။

                မေးခွန်း (၂) ခု မှန်ပါက အမှတ်ပို (၁၀) မှတ်

                မေးခွန်း (၃) ခု မှန်ပါက အမှတ်ပို (၃၀) မှတ်

                မေးခွန်း (၄) ခု မှန်ပါက အမှတ်ပို (၆၀) မှတ်

                မေးခွန်း (၅) ခု မှန်ပါက အမှတ်ပို (၁၀၀) မှတ်

၉.၅။     စာရင်းပေးသုံးစွဲသူအနေဖြင့် လက်ရှိ ရရှိထားသော အမှတ်များကို ဝန်ဆောင်မှုစာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။

၉.၆။     အပတ်စဉ်ဆုအတွက် ဆုရရှိသူကို ရွေးချယ်ရာတွင် အဆိုပါသတ်မှတ်ထားသော အပတ်အတွင်း  အမှတ်အများဆုံး ရရှိသူအား ပေးအပ်မည်ဖြစ်သည်။

၉.၇။     လစဉ်ဆုအတွက် ဆုရရှိသူကို ရွေးချယ်ရာတွင် အဆိုပါသတ်မှတ်ထားသော လအတွင်း အမှတ် အများဆုံး ရရှိသူအား ပေးအပ်မည်ဖြစ်သည်၊၊

၉.၈။     Grand ဆုအတွက် ဆုရရှိသူကို ရွေးချယ်ရာတွင် ဝန်ဆောင်မှု စတင်သည်မှစ၍ ပြီးဆုံးချိန်အတွင်း အမှတ်အများဆုံးရရှိသူအား ပေးအပ်မည်ဖြစ်သည်။

 

၁၀။      အမှတ်ပြိုင်ပွဲတွင် အကံျုးဝင်ခြင်း

၁၀.၁။   ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲသူတိုင်းသည် အမှတ်ပြိုင်ပွဲအတွက် သတ်မှတ်ကာလများတွင် အကျုံးဝင်နေမည်ဖြစ်ပါသည်။ အမှတ်ပြိုင်ပွဲ ဖြစ်သည့်အတွက် သက်ဆိုင်ရာ ကာလအတွင်း အမှတ်အများဆုံးရရှိသော စာရင်းပေးသုံးစွဲသူများသာ ဆုရရှိနိုင်ချေ များသည့်အတွက် မေးခွန်းများများဖြေပြီး အမှတ်များကို စုဆောင်းသင့်ပါသည်။

 

၁၁။      အမှတ်ပြိုင်ပွဲအတွက် ဆုလက်ဆောင်များ

၁၁.၁။   စာရင်းပေးသုံးစွဲသူများကို အပတ်စဉ်၊ လစဉ်နှင့် Grand ဆု စသဖြင့် ဆုလက်ဆောင် များ အသီးသီး ပေးအပ်သွားမည် ဖြစ်သည်။

၁၁.၂။    ဆုလက်ဆောင်အမျိုးမျိုးကို ကာလတလျှောက် အမှတ်အများဆုံး ရရှိသူများအား အသီးသီး ပေးအပ်သွားမည် ဖြစ်ပါသည်။

ဆုအမျိုးအစား

အရေအတွက်

ဆုပစ္စည်း

အပတ်စဉ်ဆု

၂၀

ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

လစဉ်ဆု

ပထမ      မိုဘိုင်းလ်ဟန်းဆက် + ဉာဏ်ကြီးရှင်ဖလား (ဆိုဒ်လတ်)

ဒုတိယ    Tablet

တတိယ   လေအေးပေးစက်

Grand ဆု

ပထမ     ရွှေနှစ်ကျပ်သားဆု + ဉာဏ်ကြီးရှင်ဖလား (ဆိုဒ်ကြီး)

ဒုတိယ   iPhone 11

တတိယ ၅၀ လက်မ တီဗွီ

 

အမှတ်ပြိုင်ပွဲဆုလက်ဆောင်များအား အောက်ဖော်ပြပါ အချိန်ဇယားအတိုင်း ပေးအပ်မည် ဖြစ်သည်။

၅ ရက် အောက်တိုဘာ ၂၀၂၀        မှ ၁၁ ရက် အောက်တိုဘာ ၂၀၂၀  : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၁၂ ရက် အောက်တိုဘာ ၂၀၂၀      မှ ၁၈ ရက် အောက်တိုဘာ ၂၀၂၀  : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၁၉ ရက် အောက်တိုဘာ ၂၀၂၀     မှ ၂၅ ရက် အောက်တိုဘာ ၂၀၂၀   : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၅ ရက် အောက်တိုဘာ ၂၀၂၀        မှ ၁ ရက် နိုဝင်ဘာ ၂၀၂၀                  : ပထမ      မိုဘိုင်းလ် ဟန်းဆက် + ဉာဏ်ကြီးရှင်ဖလား

(ဆိုဒ်လတ်)

                                                                                                                                  ဒုတိယ    Tablet

                                                                                                                                  တတိယ   လေအေးပေးစက်

၂ ရက် နိုဝင်ဘာ ၂၀၂၀                  မှ ၈ ရက် နိုဝင်ဘာ ၂၀၂၀                 : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၉ ရက် နိုဝင်ဘာ ၂၀၂၀                 မှ ၁၅ ရက် နိုဝင်ဘာ ၂၀၂၀           : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၁၆ ရက် နိုဝင်ဘာ ၂၀၂၀                   မှ ၂၂ ရက် နိုဝင်ဘာ ၂၀၂၀                 : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၂ ရက် နိုဝင်ဘာ ၂၀၂၀                  မှ ၂၉ ရက် နိုဝင်ဘာ ၂၀၂၀                            : ပထမ      မိုဘိုင်းလ် ဟန်းဆက် + ဉာဏ်ကြီးရှင်ဖလား

(ဆိုဒ်လတ်)

                                                                                                                                  ဒုတိယ    Tablet

                                                                                                                                  တတိယ   လေအေးပေးစက်

၃၀ ရက် နိုဝင်ဘာ ၂၀၂၀                   မှ ၆ ရက် ဒီဇင်ဘာ ၂၀၂၀                 : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၇ ရက် ဒီဇင်ဘာ ၂၀၂၀                 မှ ၁၃ ရက် ဒီဇင်ဘာ ၂၀၂၀           : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၁၄ ရက် ဒီဇင်ဘာ ၂၀၂၀                 မှ ၂၀ ရက် ဒီဇင်ဘာ ၂၀၂၀                            : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၂၁ ရက် ဒီဇင်ဘာ ၂၀၂၀                   မှ ၂၇ ရက် ဒီဇင်ဘာ ၂၀၂၀                            : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၃၀ ရက် နိုဝင်ဘာ ၂၀၂၀                   မှ ၃ ရက် ဇန်နဝါရီ ၂၀၂၁              : ပထမ      မိုဘိုင်းလ် ဟန်းဆက် + ဉာဏ်ကြီးရှင်ဖလား

(ဆိုဒ်လတ်)

                                                                                                                                  ဒုတိယ    Tablet

                                                                                                                                  တတိယ   လေအေးပေးစက်

၄ ရက် ဇန်နဝါရီ ၂၀၂၁                 မှ ၁၀ ရက် ဇန်နဝါရီ ၂၀၂၁           : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၁၁ ရက် ဇန်နဝါရီ ၂၀၂၁               မှ ၁၇ ရက် ဇန်နဝါရီ ၂၀၂၁           : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၁၈ ရက် ဇန်နဝါရီ ၂၀၂၁              မှ ၂၄ ရက် ဇန်နဝါရီ ၂၀၂၁                            : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၄ ရက် ဇန်နဝါရီ ၂၀၂၁                 မှ ၃၁ ရက် ဇန်နဝါရီ ၂၀၂၁           : ပထမ      မိုဘိုင်းလ် ဟန်းဆက် + ဉာဏ်ကြီးရှင်ဖလား

(ဆိုဒ်လတ်)

                                                                                                                                  ဒုတိယ    Tablet

                                                                                                                                  တတိယ   လေအေးပေးစက်

၁ ရက် ဖေဖော်ဝါရီ ၂၀၂၁                            မှ ၇ ရက် ဖေဖော်ဝါရီ ၂၀၂၁         : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၈ ရက် ဖေဖော်ဝါရီ ၂၀၂၁            မှ ၁၄ ရက် ဖေဖော်ဝါရီ ၂၀၂၁       : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၁၅ ရက် ဖေဖော်ဝါရီ ၂၀၂၁          မှ ၂၁ ရက် ဖေဖော်ဝါရီ ၂၀၂၁       : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၁ ရက် ဖေဖော်ဝါရီ ၂၀၂၁                            မှ ၂၈ ရက် ဖေဖော်ဝါရီ ၂၀၂၁       : ပထမ      မိုဘိုင်းလ် ဟန်းဆက် + ဉာဏ်ကြီးရှင်ဖလား

(ဆိုဒ်လတ်)

                                                                                                                                  ဒုတိယ    Tablet

                                                                                                                                  တတိယ   လေအေးပေးစက်

၁ ရက် မတ် ၂၀၂၁                       မှ ၇ ရက် မတ် ၂၀၂၁                   : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၈ ရက် မတ် ၂၀၂၁                      မှ ၁၄ ရက် မတ် ၂၀၂၁                 : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၁၅ ရက် မတ် ၂၀၂၁                    မှ ၂၁ ရက် မတ် ၂၀၂၁                  : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၂၂ ရက် မတ် ၂၀၂၁                      မှ ၂၈ ရက် မတ် ၂၀၂၁                  : ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

၅ ရက် အောက်တိုဘာ ၂၀၂၀        မှ ၄ ရက် ဧပြီ ၂၀၂၁                    : ပထမ     ရွှေနှစ်ကျပ်သားဆု + ဉာဏ်ကြီးရှင်ဖလား

(ဆိုဒ်ကြီး)

  ဒုတိယ   iPhone 11

  တတိယ ၅၀ လက်မ တီဗွီ

 

၁၂။       ကံစမ်းမဲအစီအစဉ်

၁၂.၁။    ကံစမ်းမဲအစီအစဉ် (“ကံစမ်းမဲအစီအစဉ်” သို့မဟုတ် “အစီအစဉ်”) သည် ဝန်ဆောင်မှု စာရင်းပေးသုံးစွဲသူများအတွက် အစီအစဉ်တစ်ခုဖြစ်သည်။

၁၂.၂။     ကံထူးသူများကို သတ်မှတ်ချက်ပြည့်မှီသည့် စာရင်းပေးသွင်းမှုထဲမှ ကျပန်းစနစ်ဖြင့် ရွေးချယ် သွားမည် ဖြစ်သည်။ ရမှတ်များများ ရရှိလေ ပါဝင်သူများအတွက် ကံထူးရန် အခွင့်အလမ်း ပိုမိုများပြားလေ ဖြစ်သည်။

 

၁၃။      ကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်ခြင်း

၁၃.၁။   နေ့စဉ်အတွက် ကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်ခြင်း - သက်ဆိုင်ရာ နေ့အတွင်း အနည်းဆုံး တစ်ကြိမ် စာရင်းပေး သုံးစွဲသူတိုင်း အစီအစဉ်တွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။

၁၃.၂။    အပတ်စဉ်ဆုအတွက် ကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်ခြင်း - သက်ဆိုင်ရာ အပတ်အတွင်း အနည်းဆုံး တစ်ကြိမ် စာရင်းပေးသုံးစွဲသူတိုင်း အစီအစဉ်တွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။

၁၃.၃။   လစဉ်ဆုအတွက်  ကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်ခြင်း - သက်ဆိုင်ရာ လအတွင်း  အနည်းဆုံး တစ်ကြိမ် စာရင်းပေးသုံးစွဲသူတိုင်း အစီအစဉ်တွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။

၁၃.၄။   Grand ဆုအတွက် ကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်ခြင်း - ဝန်ဆောင်မှုကာလတလျှောက်လုံးတွင် အနည်းဆုံး တစ်ကြိမ် စာရင်းပေးသုံးစွဲသူတိုင်း အစီအစဉ်တွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။

 

၁၄။      ကံစမ်းမဲအစီအစဉ်အတွက် ဆုလက်ဆောင်များ

၁၄.၁။   စာရင်းပေးသုံးစွဲသူများကို နေ့စဉ်ဆု၊ အပတ်စဉ်၊  လစဉ်နှင့် Grand ဆု စသဖြင့် ဆုလက်ဆောင်များ အသီးသီး ပေးအပ်သွားမည် ဖြစ်သည်။

၁၄.၂။    ဆုလက်ဆောင်ပေါင်း (၅၄၆)ခုကို ဝန်ဆောင်မှု ကာလတလျှောက် ကံထူးသူများအား အသီးသီး ပေးအပ်သွားမည် ဖြစ်ပါသည်။

ဆုအမျိုးအစား

အရေအတွက်

ဆုပစ္စည်း

နေ့စဉ်ဆု

၁၅၆

MPT ငွေဖြည့်ကတ် ၅၀၀၀ ကျပ် (၃ ဆု)

အပတ်စဉ်ဆု

၂၀

MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

လစဉ်ဆု

ပထမ     မိုဘိုင်းလ်ဖုန်း

ဒုတိယ    အဝတ်လျှော်စက်

တတိယ  မိုက်ခရိုဝေ့ဖ်မီးဖို

Grand ဆု

ပထမ     Honda မော်တော်ဆိုင်ကယ်

ဒုတိယ   Laptop

တတိယ ရေခဲသေတ္တာ

 

ကံစမ်းမဲဆုလက်ဆောင်များအား အောက်ဖော်ပြပါ အချိန်ဇယားအတိုင်း ပေးအပ်မည် ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ အတွင်း နေ့စဉ် (အပတ်စဉ်ဆု၊ လစဉ်ဆု၊ Grand ဆု ချီးမြှင့်သော နေ့များမှလွဲ၍) MPT ငွေဖြည့်ကတ် ၅၀၀၀ ကျပ် (၃ ဆု)

၅ ရက် အောက်တိုဘာ ၂၀၂၀        မှ ၁၁ ရက် အောက်တိုဘာ ၂၀၂၀  : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၁၂ ရက် အောက်တိုဘာ ၂၀၂၀      မှ ၁၈ ရက် အောက်တိုဘာ ၂၀၂၀  : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၁၉ ရက် အောက်တိုဘာ ၂၀၂၀     မှ ၂၅ ရက် အောက်တိုဘာ ၂၀၂၀   : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၅ ရက် အောက်တိုဘာ ၂၀၂၀        မှ ၁ ရက် နိုဝင်ဘာ ၂၀၂၀                  : ပထမ     မိုဘိုင်းလ်ဖုန်း

  ဒုတိယ    အဝတ်လျှော်စက်

  တတိယ  မိုက်ခရိုဝေ့ဖ်မီးဖို

၂ ရက် နိုဝင်ဘာ ၂၀၂၀                  မှ ၈ ရက် နိုဝင်ဘာ ၂၀၂၀                 : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၉ ရက် နိုဝင်ဘာ ၂၀၂၀                 မှ ၁၅ ရက် နိုဝင်ဘာ ၂၀၂၀           : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၁၆ ရက် နိုဝင်ဘာ ၂၀၂၀                   မှ ၂၂ ရက် နိုဝင်ဘာ ၂၀၂၀                 : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၂ ရက် နိုဝင်ဘာ ၂၀၂၀                  မှ ၂၉ ရက် နိုဝင်ဘာ ၂၀၂၀                            : ပထမ     မိုဘိုင်းလ်ဖုန်း

  ဒုတိယ    အဝတ်လျှော်စက်

  တတိယ  မိုက်ခရိုဝေ့ဖ်မီးဖို

၃၀ ရက် နိုဝင်ဘာ ၂၀၂၀                   မှ ၆ ရက် ဒီဇင်ဘာ ၂၀၂၀                 : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၇ ရက် ဒီဇင်ဘာ ၂၀၂၀                 မှ ၁၃ ရက် ဒီဇင်ဘာ ၂၀၂၀           : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၁၄ ရက် ဒီဇင်ဘာ ၂၀၂၀                 မှ ၂၀ ရက် ဒီဇင်ဘာ ၂၀၂၀                            : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၂၁ ရက် ဒီဇင်ဘာ ၂၀၂၀                   မှ ၂၇ ရက် ဒီဇင်ဘာ ၂၀၂၀                            : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၃၀ ရက် နိုဝင်ဘာ ၂၀၂၀                   မှ ၃ ရက် ဇန်နဝါရီ ၂၀၂၁              : ပထမ     မိုဘိုင်းလ်ဖုန်း

  ဒုတိယ    အဝတ်လျှော်စက်

  တတိယ  မိုက်ခရိုဝေ့ဖ်မီးဖို

၄ ရက် ဇန်နဝါရီ ၂၀၂၁                 မှ ၁၀ ရက် ဇန်နဝါရီ ၂၀၂၁           : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၁၁ ရက် ဇန်နဝါရီ ၂၀၂၁               မှ ၁၇ ရက် ဇန်နဝါရီ ၂၀၂၁           : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၁၈ ရက် ဇန်နဝါရီ ၂၀၂၁              မှ ၂၄ ရက် ဇန်နဝါရီ ၂၀၂၁                            : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၄ ရက် ဇန်နဝါရီ ၂၀၂၁                 မှ ၃၁ ရက် ဇန်နဝါရီ ၂၀၂၁           : ပထမ     မိုဘိုင်းလ်ဖုန်း

  ဒုတိယ    အဝတ်လျှော်စက်

  တတိယ  မိုက်ခရိုဝေ့ဖ်မီးဖို

၁ ရက် ဖေဖော်ဝါရီ ၂၀၂၁                            မှ ၇ ရက် ဖေဖော်ဝါရီ ၂၀၂၁         : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၈ ရက် ဖေဖော်ဝါရီ ၂၀၂၁            မှ ၁၄ ရက် ဖေဖော်ဝါရီ ၂၀၂၁       : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၁၅ ရက် ဖေဖော်ဝါရီ ၂၀၂၁          မှ ၂၁ ရက် ဖေဖော်ဝါရီ ၂၀၂၁       : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၁ ရက် ဖေဖော်ဝါရီ ၂၀၂၁                            မှ ၂၈ ရက် ဖေဖော်ဝါရီ ၂၀၂၁       : ပထမ     မိုဘိုင်းလ်ဖုန်း

  ဒုတိယ    အဝတ်လျှော်စက်

  တတိယ  မိုက်ခရိုဝေ့ဖ်မီးဖို

၁ ရက် မတ် ၂၀၂၁                       မှ ၇ ရက် မတ် ၂၀၂၁                   : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၈ ရက် မတ် ၂၀၂၁                      မှ ၁၄ ရက် မတ် ၂၀၂၁                 : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၁၅ ရက် မတ် ၂၀၂၁                    မှ ၂၁ ရက် မတ် ၂၀၂၁                  : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၂၂ ရက် မတ် ၂၀၂၁                      မှ ၂၈ ရက် မတ် ၂၀၂၁                  : MPT ငွေဖြည့်ကတ် ၃၀၀၀၀ ကျပ် (၃ ဆု)

၅ ရက် အောက်တိုဘာ ၂၀၂၀        မှ ၄ ရက် ဧပြီ ၂၀၂၁                    : ပထမ     Honda မော်တော်ဆိုင်ကယ်

  ဒုတိယ   Laptop

  တတိယ ရေခဲသေတ္တာ 

 

၁၅။      အမှတ်ပြိုင်ပွဲ နှင့် ကံစမ်းမဲအစီအစဉ် တို့၏ ဆုလက်ဆောင်များအတွက် အချိန်ကာလ သတ်မှတ်ချက် များ

၁၅.၁။   အောက်ပါ အချိန်ကာလ သတ်မှတ်ချက်များအတိုင်း ဆုလက်ဆောင်ပေးမည် ဖြစ်ပါသည်။

နေ့စဉ်ဆု အချိန်ကာလ                : နေ့စဉ် ၀၀:၀၀:၀၀ မှ ၂၃:၅၉:၅၉ အထိ

အပတ်စဉ်ဆု အချိန်ကာလ          : တနင်္လာနေ့ ၀၀:၀၀:၀၀ မှ တနင်္ဂနွေနေ့ ၂၃:၅၉:၅၉ အထိ

လစဉ်ဆု အချိန်ကာလ                    : ဝန်ဆောင်မှုလတစ်လ၏ ပထမနေ့ ၀၀:၀၀:၀၀ မှ သတ်မှတ်ထားသော နောက်ဆုံးနေ့   

  ၂၃:၅၉:၅၉ အထိ

Grand ဆု အချိန်ကာလ              :၂၀၂၀ ခုနှစ် အောက်တိုဘာ ၅ ရက် ၀၀:၀၀:၀၀ မှ ၂၀၂၁ ခုနှစ် ဧပြီ ၄ ရက်  

 ၂၃:၅၉:၅၉ အထိ)

 

၁၆။      အမှတ်ပိုရရှိနိုင်ရန် နည်းလမ်းများ

မှော်ကတ်များမှ လည်းကောင်း၊ ကံကြမ္မာစက်ဝိုင်းမှ လည်းကောင်း၊ အထူးအစီအစဉ်များမှလည်းကောင်း အမှတ်ပို ရရှိနိုင်ပါသည်။

၁၆.၁။   မှော်ကတ်

မှော်ကတ်အား ဤဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် ဉာဏ်စမ်းဖြေဆိုရာတွင် အဖြေမှန်စေရန်လည်းကောင်း၊ အမှတ်ပို ရရှိစေရန်လည်းကောင်း အသုံးပြုနိုင်ပါသည်။

မှော်ကတ်အမျိုးအစားပေါင်း (၆) မျိုး ရှိပါသည်။

၁)         Swap Ticket (ဖလှယ်ကတ်)

ဤမှော်ကတ်ဖြင့် လက်ရှိမေးခွန်းကို အခြားမေးခွန်းတစ်ခုနှင့် လဲလှယ်နိုင်စွမ်း ရှိသည်။

၂)         50:50 (၅၀:၅၀ ကတ်)     

ဤမှော်ကတ်ဖြင့် ရွေးချယ်စရာလေးခုထဲမှ အဖြေမှားနှစ်ခုကို ဖယ်ရှားနိုင်စွမ်း ရှိသည်။

၃)         Double Chance (၂ ကြိမ်ရွေးချယ်ခွင့်ကတ်)

ဤမှော်ကတ်ဖြင့် အဖြေကို နှစ်ကြိမ်တိုင်တိုင် ရွေးချယ်နိုင်စွမ်း ရှိသည်။

၄)         Time Freeze (အချိန်ရပ်ကတ်)

ဤမှော်ကတ်ဖြင့် ဖြေဆိုချိန်မကုန်စေရန် အချိန်ကို ရပ်တန့်နိုင်စွမ်း ရှိသည်။

အထက်တွင် ဖော်ပြထားသော မှော်ကတ်များကို ဉာဏ်စမ်းဖြေနေစဉ်အတွင်း အသုံးပြုနိုင်ပါသည်။

၁)         Free Points (အမှတ်ပိုကတ်)

ဤမှော်ကတ်ဖြင့် အမှတ်ပို ၁၀ မှတ်မှ ၅၀၀ မှတ်အထိ ရရှိနိုင်သည်။

၂)         Double Points (နှစ်ဆတိုးကတ်) 

ဤမှော်ကတ်ဖြင့် ဉာဏ်စမ်းပက်ကေ့ချ်တစ်ခုတွင် ရရှိလာမည့် အမှတ်ပေါင်းကို နှစ်ဆတိုးပွားနိုင်စွမ်း ရှိသည်။

အထက်တွင် ဖော်ပြထားသော မှော်ကတ်များကို အမှတ်တိုးစေရန်အတွက် အသုံးပြုနိုင်ပါသည်။

၁၆.၁.၁။ ဤဝန်ဆောင်မှုအား ပထမဦးဆုံးရယူခြင်းအောင်မြင်ပါက မှော်ကတ် ၁၀ကတ် လက်ဆောင်ရရှိပါမည်။

၁၆.၁.၂။ ပတ်ကေ့ချ် ၁၀ ခု ဝယ်ယူပြီးတိုင်း မှော်ကတ် ၅ကတ် လက်ဆောင်ရရှိပါမည်။

၁၆.၁.၃။ ကံကြမ္မာစက်ဝိုင်းမှလည်း ရရှိနိုင်ပါသည်။

 

၁၆.၂။    ကံကြမ္မာစက်ဝိုင်း

ဤဝန်ဆောင်မှုရယူထားသူသည် စက်ဝိုင်းလှည့်ခွင့်ကို အသုံးပြု၍ ကံကြမ္မာစက်ဝိုင်းတွင် ပါဝင်သည့် ဆုများအား ပိုင်ဆိုင်နိုင်ပါသည်။ ကံကြမ္မာစက်ဝိုင်းတွင် ဗလာဆုမပါရှိဘဲ မှော်ကတ်များအပြင် အမှတ်ပို ၅၀၀ အထိ ထည့်သွင်းထားပါသည်။

၁၆.၂.၁။ ဝန်ဆောင်မှုကို ပထမဆုံးရယူချိန်တွင် စက်ဝိုင်းလှည့်ခွင့် ၃ ကြိမ် အလိုအလျောက် ရရှိမည် ဖြစ်ပါသည်။ ဤဝန်ဆောင်မှုရယူထားသူအနေဖြင့် မိမိ၏ Facebook, Messenger, Viber စတဲ့ လူမှုကွန်ယက်များတွင် မျှဝေပေးပါက နေ့စဉ် အများဆုံး စက်ဝိုင်းလှည့်ခွင့် ၂ ကြိမ် ထပ်မံရရှိမှာ ဖြစ်ပြီး နေ့စဉ် အကြိမ်အကန့်အသတ်မရှိ မျှဝေနိုင်ပါသည်။

၁၆.၂.၂။ ဝန်ဆောင်မှုရယူထားသူတစ်ဦးအနေဖြင့် တစ်နေ့လျှင် အများဆုံး စက်ဝိုင်းလှည့်ခွင့် အကြိမ်ရေ (၃၀) လှည့်နိုင်သည်။ ပိုနေသော/ ကျန်ရှိသော စက်ဝိုင်းလှည့်ခွင့်ကို နောက်ရက်များတွင် ဆက်လက် အသုံးပြုနိုင်ပါသည်။

 

၁၆.၃။   Real-Time Mechanics

Real-Time Mechanics တွင် Happy Hour နှင့် Weekend Challenge ဟူ၍ နည်းလမ်း (၂) မျိုး ရှိသည်။

၁၆.၃.၁။ Happy Hour

Happy Hour သည် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ ည (၇)နာရီမှ (၉)နာရီအတွင်း ဖြစ်သည်။ Happy Hour အတွင်း ဖြေဆိုသော ဉာဏ်စမ်းများ၏ ရမှတ်များသည် အလိုအလျောက် နှစ်ဆ ပြောင်းလဲသွားမည် ဖြစ်သည်။

Happy Hour တွင် ရရှိလာသော အမှတ်များကို နောက်ဆုရရှိမည့် ပြိုင်ပွဲအမှတ်စာရင်းထဲတွင် ထည့်ပေါင်းပေးပါသည်။

၁၆.၃.၂။ Weekend Challenge

Weekend Challenge သည် အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ရမှတ်အများဆုံး ဝယ်ယူဖြေဆိုနိုင်သူအား အမှတ်အပိုဆောင်း ၅၀၀၀ ထည့်ပေါင်းပေးမည့် အစီအစဉ် ဖြစ်ပါသည်။

Weekend Challenge တွင် ရရှိလာသော အမှတ်များကို နောက်ဆုရရှိမည့် ပြိုင်ပွဲအမှတ်စာရင်းထဲတွင် ထည့်ပေါင်းပေးပါသည်။

 

၁၇။      အမှတ်ပြိုင်ပွဲ နှင့် ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခွင့်ရှိသူများ

၁၇.၁။   အမှတ်ပြိုင်ပွဲနှင့် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်သူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိရန် လိုအပ်ပါသည်။

  • ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲသည့် MPT အသုံးပြုသူများ
  • အသက် (၁၈) နှစ်နှင့် အထက် စာရင်းပေးသုံးစွဲသူများ (သို့မဟုတ်) (၁၈) နှစ်အောက်ဖြစ်ပါက ဝန်ဆောင်မှုကို အသုံးပြုရန် မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရရှိထားသည့် စာရင်းပေးသုံးစွဲသူများ
  • မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရသည့် စာရင်းပေးသုံးစွဲသူများ

 

၁၈။      အမှတ်ပြိုင်ပွဲ နှင့် ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခွင့်မရှိသူများ

၁၈.၁။   အောက်ပါအချက်များ တစ်ခုခုနှင့် ကိုက်ညီမှုရှိပါက ဆုလက်ဆောင်အစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။

  • MPT SIM Card အသုံးမပြုသူများ (သို့မဟုတ်) ဝန်ဆောင်မှုကို ရယူမထားသူများ
  • (၁၈) နှစ်အောက်ဖြစ်ပြီး မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက် မရရှိထားသူများ
  • မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်မရသူများ
  • ဤပြိုင်ပွဲကို စီစဉ်သည့် ကုမ္ပဏီများတွင် အလုပ်လုပ်သူများ၊ MPT၊ Trust Oo နှင့် ဤဝန်ဆောင်မှုနှင့် တိုက်ရိုက်သက်ဆိုင်သော ၎င်းတို့၏ မိတ်ဖက် အဖွဲ့အစည်းများ

 

၁၉။      အမှတ်ပြိုင်ပွဲ နှင့် ကံစမ်းမဲ အစီအစဉ်တွင် ဆုလက်ဆောင်များ ရရှိနိုင်သော အခွင့်အရေးများ

၁၉.၁။ စာရင်းပေးသုံးစွဲသူ တစ်ဦးတည်းသည် အမှတ်ပြိုင်ပွဲ နှင့် ကံစမ်းမဲအစီအစဉ် နှစ်ခုလုံးအတွက် ဆုလက်ဆောင် များကို တပြိုင်နက်တည်း ရယူနိုင်သည့် အခွင့်အရေးရှိသည်။

 

၂၀။       အသိပေးအကြောင်းကြားခြင်းနှင့် ဆုလက်ဆောင်များ ထုတ်ယူခြင်း

၂၀.၁။    ဆုရရှိသည့် စာရင်းပေးသုံးစွဲသူများအား ဆုရရှိကြောင်းကို ဆုရရှိသည့်နေ့မှစ၍ (၂)ပတ်အတွင်း အသိပေး အကြောင်းကြားသွားမည် ဖြစ်သည်။ ဝန်ဆောင်မှုပံ့ပိုးသူသည် ထိုစာရင်းပေးသုံးစွဲသူအား ဝန်ဆောင်မှု စာရင်းပေးသုံးစွဲစဉ်က အသုံးပြုခဲ့သော MPT မိုဘိုင်းလ်နံပါတ် (MSISDN) ကို ဆက်သွယ်မည်ဖြစ်သည်။ ဆုရရှိသူများကို ရရှိသောဆုများအား မည်သို့ ထုတ်ယူရမည်ကို ဖုန်းဆက်အကြောင်းကြားရာတွင် အသေးစိတ် ရှင်းလင်းပြောကြားပေးသွားမည် ဖြစ်သည်။

၂၀.၂။     ဆုရရှိသော စာရင်းပေးသုံးစွဲသူများသည် ဆုလက်ဆောင်များကို ဝန်ဆောင်မှုပံ့ပိုးသူ၏  ရုံးလိပ်စာ ဖြစ်သော အမှတ် ၁၄၈ (၁၁/က)၊ မြမာလာလမ်းသွယ်၊ အေဝမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုနု်မြို့၊ မြန်မာနိုင်ငံတွင် လာရောက်ထုတ်ယူရမည် ဖြစ်သည်။ ဆုလက်ဆောင်များကို ဝန်ဆောင်မှုပံ့ပိုးသူ၏ အစီအစဉ်အရ MPT ရုံး၊ ဗိုလ်အောင်ကျော်လမ်း (သို့မဟုတ်) အခမ်းအနား တစ်ရပ်တွင်လည်း ပေးအပ်သွားနိုင်ပါသည်။

၂၀.၃။    ဆုရရှိသော စာရင်းပေးသုံးစွဲသူများသည် ဆုလက်ဆောင်များကို ထုတ်ယူရာတွင် အောက်ဖော်ပြပါ သက်သေအထောက်အထားများ တင်ပြရမည်ဖြစ်သည်။

                (က) မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ် (သို့မဟုတ်) နိုင်ငံခြားသား မှတ်ပုံတင် လက်မှတ် မူရင်း

                (ခ)  ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲစဉ်က အသုံးပြုထားသော MPT SIM Card

ဆုရရှိသော စာရင်းပေးသုံးစွဲသူများသည် ဆုပစ္စည်းလက်ခံရရှိကြောင်း စာရွက်စာတမ်းတွင် လက်မှတ်ရေးထိုးပေးရမည် ဖြစ်သည်။

၂၀.၄။    ဆုရရှိသော စာရင်းပေးသုံးစွဲသူအား သုံးကြိမ်အထိ ဖုန်းဖြင့် ဆက်သွယ်၍ မရပါက (သို့မဟုတ်)  ဆုထုတ်ပေးပြီး (၁၀) ရက်အကြာအထိ ဆုပစ္စည်းအား လာရောက်ထုတ်ယူခြင်း မရှိပါက ဝန်ဆောင်မှု ပံ့ပိုးသူက သက်ဆိုင်ရာ ဆုလက်ဆောင်ကို ဖျက်သိမ်းမည် ဖြစ်သည်။

၂၀.၅။    ဝန်ဆောင်မှု ပံ့ပိုးသူသည်  ဆုရရှိသူအား ဆုပစ္စည်းထုတ်ယူရန်  အချိန်ကာလ (၁၀) ရက် သက်တမ်း မည်သည့်အချိန်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်းကို အကြောင်းကြားရန် တာဝန်ရှိမည် မဟုတ်ပါ။

 

၂၁။       အချက်အလက် ဖော်ပြခြင်း

ဆုရရှိသော စာရင်းပေးသုံးစွဲသူများသည် ဝန်ဆောင်မှုပံ့ပိုးသူ မှ ဆောင်ရွက်သော အရောင်း မြှင့်တင်ရေးလုပ်ငန်းများတွင် ဥပဒေ အရ ခွင့်ပြုထားသည့် အတိုင်းအတာအထိ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များဖြစ်သော  အမည်များ၊ နေထိုင်ရာဒေသများ၊ ဓာတ်ပုံများနှင့် အသံနှင့်/သို့မဟုတ် ဗီဒီယိုမှတ်တမ်းများအား လူမှုကွန်ယက် ဆိုဒ်များ၊ ပုံနှိပ်မီဒီယာများနှင့် ရုပ်သံထုတ်လွှင့်မှု ချန်နယ်များတွင် ဖော်ပြထည့်သွင်းခွင့်ကို ဝန်ဆောင်မှုပံ့ပိုးသူအား ခွင့်ပြုပါသည်။

 

၂၂။        ဝန်ဆောင်မှုနှင့် ဆက်စပ်၍ ကုဒ်နံပါတ် 8477 သို့ ပေးပို့ရသော အသုံးဝင်သည့် Keyword များ

  • ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲရန်                        - OK (သို့) ON
  • ဝန်ဆောင်မှုကို ပယ်ဖျက်ရန်                                - OFF
  • အကူအညီ ရယူရန်                                             - HELP