Print

အမျိုးသားများဆံပင်ကျွတ်ခြင်းအကြောင်းသိကောင်းစရာများ

  29-Oct-2016
Preview Image

ဆံပင်ကျွတ်ခြင်းဆိုတာအဖြစ်များတဲ့ပြသနာ American Hair Loss Associationရဲ့အဆိုအရ ယောင်္ကျားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အသက်ငါးဆယ်အနား ချဉ်းကပ်လာပြီဆိုတာနဲ့ ဆံပင်ပါးခြင်းဆိုတဲ့ အရာကိုရင်ဆိုင်ကြုံတွေ့ရပါပြီ ။ အချို့သောယောင်္ကျားတွေမှာ အသက် ၂၁ နှစ်မတိုင်ခင်မှာပဲ ဆံပင်ကျွတ်ခြင်းကို စတင်ကြုံတွေ့ရလေ့ရှိပါတယ် ။

ဆံပင်ကျွတ်ခြင်းအကြောင်းကိုလေ့လာဆန်းစစ်ခြင်း --------------------------------------------------------

ဘေ့စ်ဘောရိုက်တဲ့အခါ ဆောင်းတဲ့ဦးထုပ်ကိုဆောင်းခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေပါသလားဆိုရင် မဖြစ်ပါဘူး။ တစ်စုံတစ်ယောက်က သူ့လက်ချောင်းတွေနဲ့  သင့်ဦးပေါင်းကိုပွတ်သတ်ခြင်းဟာလည်း ဆံပင်ကျွတ်ခြင်းကို မဖြစ်ပေါ်စေနိုင်ပါဘူး။ ဘီးဖီးခြင်း၊ ဘရပ်ချ်နဲ့ပွတ်ခြင်း၊ ဆံပင်ကိုလိမ်ကောက်ခြင်း နှင့်ပုံသွင်းခြင်း စသည် တို့ကလည်းမဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် ဆံပင်သားတွေ မပျက်ဆီးအောင်တော့ အထက်ပါ အကြောင်းအရာတွေကို ကြမ်းကြမ်းတမ်းတမ်း မပြုမိအောင် လုပ်ဖို့တော့လိုပါတယ် ။

ဆေးလိပ်ဖြတ်ခြင်းကသင့်ဆံပင်ကျွတ်ခြင်းကိုကာကွယ်နိုင်သလား -------------------------------------------------------------------------

လေ့လာမှုတွေအမျိုးအမျိုးအရ ဆေးလိပ်သောက်ခြင်းဟာ ယောင်္ကျားလေးတွေမှာဆံပင်ကျွတ်ခြင်းကို ပိုမိုဆိုးရွားတာ မြန်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ် ။ ဒါကြောင့် သင့်ဆေးလိပ်ဖြတ်ဖို့ အကြောင်းအရင်းတွေထဲမှာဆံပင်ကျွတ်ခြင်းကိုပါ ထည့်သွင်းလိုက်ပါ။

ဆံပင်ကျွတ်ခြင်းဟာသင့်ရဲ့ကျန်းမာရေးအခြေအနေကိုဘယ်လိုပြောပြသလဲ ---------------------------------------------------------------------------------

ကံကောင်းထောက်မစွာနဲ့ Alopecia လို့ခေါ်တဲ့ ဆံပင်ကျွတ်ခြင်း (ဦးခေါင်းပြောင်ခြင်း) ရဲ့ ဖြစ်စဉ် အများစုမှာတော့ ရောဂါတစ်ခုခုနဲ့  ဆက်နွယ်မှုမရှိဘူးဆိုတာသိရပါတယ် ။ ပြီးတော့ ဒါဟာကျန်းမာရေးချို့တဲ့မှုကိုလည်း မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့်လည်း ပထမဆုံးအနေနဲ့ ဆံပင်တွေကျွတ်ပြီဆိုတာနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာပါတယ်။ ဒါမှမဟုတ် ဆံပင်ကျွတ်တာကြောင့် လက်ရှိအသက်အရွယ်အစားထက် ပိုမိုအိုမင်းသယောင် ကိုယ့်ကိုယ်ကိုယ် ထင်လာတတ်ပါတယ် ။

ဘယ်အရာတွေကဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေသလဲ -----------------------------------------------------------

အမျိုးသားတွေရဲ့ ဆံပင်ကျွတ်ခြင်းရဲ့ ၉၅% ဟာအမှန်တော့  မျိုးရိုးဗီဇ (Genetic trait) ကြောင့်သာလျှင်ဖြစ်ပါတယ်။ မျိုးဗီဇ (gene) ဟာ မိဘတစ်ဦးချင်းစီကနေ ဆင်းသက်လာပါတယ်။ တချို့ ဆံပင်ကျွတ်ခြင်းတွေမှာတော့ ရောဂါတစ်ခုခုကို ကုသနေတဲ့ဆေးဝါးတွေကြောင့်၊ ဗီတာမင်အေဓါတ်တွေ အလွန်အမင်းများပြားနေတဲ့အတွက်ကြောင့် ဒါမှမဟုတ် ပရိုတိန်းဓါတ်တွေကို လုံလောက်စွာမရှိလို့ဆံပင်တွေကျွတ်တာကို ဖြစ်ပေါ်စေနိုင်ပါတယ်။  Telogen effluvium လို့ခေါ်တဲ့ ပုံပြင်ဆန်ဆန် ဆံပင်တွေကျွတ်ကျခြင်းကတော့ ဖျားနာခြင်းသို့မဟုတ် စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

သင့်ဆံပင်တွေကိုဘယ်လိုထိမ်းသိမ်းမလဲ --------------------------------------------

ဆံပင်မကျွတ်အောင် ကာကွယ်ခြင်းက ဆံပင်တုတွေ ထပ်စိုက်ခြင်းထက် ပိုမိုလွယ်ကူပါတယ်။ အကယ်၍ သင်နည်းလမ်းရှာချင်တယ်ဆိုရင်တော့ အဲဒီနည်းလမ်းကသင့်ကိုထောက်ပံ့ပေးမှာပါ။ တိတိကျကျသာ လိုက်နာပါ။ ဒါပေမယ့် ဂရုစိုက်ဖို့တော့လိုပါတယ်။ အံ့သြဖွယ်ရာထုတ်ကုန်တွေနဲ့ ကုသမှုတွေဟာ သိပ်ပြီးယုံကြည်ဖွယ်တော့မကောင်းပါဘူး ။ အတုအယောင်တွေများပါတယ် ။ သင်သံသယရှိမယ်ဆိုရင်တော့ သင့်ရဲ့ ဆရာဝန်သို့မဟုတ် အရေပြားဆရာဝန်က သင့်ကိုကူညီနိုင်ပါလိမ့်မယ် ။

ဆံပင်ကျွတ်ခြင်းအတွက် ဆေးတစ်လက် - Minoxidil ---------------------------------------------------------

မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းကိုကုသဖို့ နည်းလမ်းမရှိပေမယ့်လည်း အချို့သောဆေးဝါးတွေနဲ့ ဆံပင်ကျွတ်တာကို နှေးအောင်တော့ ပြုလုပ်လို့ရပါတယ် ။ Minoxidil ဆိုတာ ဆံပင်ကျွတ်ခြင်းအတွက် သင့်ရဲ့ဦးရေပြားအတွက် FDA က ထောက်ခံပေးထားတဲ့ ဆေးဝါးတစ်လက် ဖြစ်ပါတယ် ။ အဲဒီဆေးဟာ ယောင်္ကျားတွေမှာ ဆံပင်ကျွတ်ခြင်းကို နှေးစေပြီး အချို့ယောင်္ကျားတွေမှာ ဆံပင်အသစ်တွေကိုတောင် ပြန်ပေါက်စေပါတယ် ။ ဒါပေမယ့် သင်ဆေးသုံးတာကို ရပ်လိုက်တာနဲ့ သင့်ဆံပင်ကျွတ်ခြင်းဟာ နဂိုအတိုင်း ပြန်ဖြစ်နေမှာပါပဲ ။

မျိုးရိုးဗီဇအရဆံပင်ကျွတ်ခြင်းကိုဘာတွေမျှော်လင့်မလဲ ----------------------------------------------------------

မျိုးရိုးဗီဇအရဆံပင်ကျွတ်ခြင်း (Male-pattern baldness) ရဲ့လက္ခဏာ တွေတော့ M ပုံသဏ္ဍာန် လမ်းကြောင်းဖြစ်ပေါ်ခြင်းပါ ။ ပြီးတော့ သင့်ဦးခေါင်းထိပ်က ဆံပင်ဟာစတင်ပြီး ပါးလာပါလိမ့်မယ်။ နောက်ပြီးတော့ အကွက်လိုက် ထိပ်ပြောင်လာပါလိမ့်မယ် ။ အဲဒီလိုတပြိုင်နက် လမ်းကြောင်းနှစ်ခုဆုံတွေပြီဆိုရင် မြင်းခွာပုံသဏ္ဍာန် လမ်းကြောင်းတွေ ဘေးဖက်မှာ ဖြစ်ပေါ်လာပါလိမ့်မယ် ။ ဒီ Male-pattern baldness ကိုပုံဖော်ထားတဲ့ဟာကို Norwood scale လို့ခေါ်ပါတယ် ။

Male-Pattern Baldness - ဟော်မုန်းတွေကြောင့်လား ------------------------------------------------------------

ဒီမျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်ခြင်းမှာ DHT လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးဟာဆံပင် ဆံပင်ချောင်း( Hair Follicles) တွေကို သေးသိမ်ပိန်လှီသွားစေပါတယ်။ တပြိုင်နက်ထဲမှာပဲ ဒီဆံပင်ချောင်းတွေ အရမ်းကိုသေးငယ်ပါးလွှာလာတာနဲ့ တပြိုင်နက် အဲဒီနေရာမှာ ဆံပင်တွေဆက်လက်မကြီးထွားတော့ပါဘူး ။

ဆံပင်ကျွတ်ခြင်းအတွက် Finasteride -----------------------------------------

ဆရာဝန်ညွှန်ကြားချက်ပါမှ သောက်လို့ရတဲ့ ဆေးကို Prescription pill လို့ခေါ်ပါတယ်။ အဲဒီလိုဆေးတွေထဲမှာတော့ Finasteride ဟာ ခန္ဓာကိုယ်က DHT ဟော်မုန်းထွက်တာကို နှေးကွေးစေခြင်းအားဖြင့် ဆံပင် ကျွတ်ခြင်းကိုလည်း နှေးကွေးစေပါတယ်။ အဲဒီဆေးကိုသောက်ခြင်းဖြင့်လည်း တချို့ယောင်္ကျားတွေမှာ ဆံပင်အသစ်ပြန်ပေါက်လာတာ တွေ့ရပါသေးတယ်။ ယေဘူယျအားဖြင့် Minoxidil ထက် စာရင် ပိုကောင်းပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေတော့ ဒီဆေးကိုမသုံးသင့်ပါဘူး ။ ဒီဆေးဟာ သန္ဓေသားယောင်္ကျားလေးကို မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်စေတဲ့အတွက် ဖြစ်ပါတယ် ။ Minoxidil လိုပဲ သူကလည်းသုံးတဲ့ အချိန်ကာလအလျောက်ပဲ အစွမ်းရှိတာဖြစ်ပါတယ် ။

ဆံပင်ပြန်စိုက်ရင် ဘာဖြစ်မလဲ ---------------------------------

ဆရာဝန်တစ်ယောက်ဟာ ကျန်းမာသံစွမ်းတဲ့နောက်ပိုင်းက ဆံပင်ကိုယူပြီး သင့်ဦးခေါင်းရဲ့ ထိပ်ပိုင်းနဲ့ ဘေးဖက်တွေကို သဘာဝအတိုင်း ကြည့်ကောင်းအောင် ပြန်စိုက်ပေးပါလိမ့်မယ်။ ဆံပင်ပြန်စိုက်ခြင်းဟာ အကုန်အကျ များပြီး သင့်မှာလုပ်ဆောင်ရမယ့်အချက်တွေ အများကြီးရှိပါတယ် ။ ၂ လလောက်ကြာပြီးတဲ့အခါ စိုက်ထားတဲ့ ဆံပင်အများစုဟာ ကျွတ်ထွက်သွားပါတယ် ။ ဒါပေမယ့် အဲဒီနေရာမှာ ဆံပင်အသစ်တွေ ပြန်ပေါက်လာပါတယ် ။ ၆ လအတွင်းမှာပဲ ဆံပင်ဟာ မူလအတိုင်း ပြန်ဖြစ်သွားပါတယ် ။

သင့်မှာရှိတဲ့ဆံပင်ကိုအကောင်းဆုံးထိမ်းသိမ်းပါ ---------------------------------------------------

သင့်ရဲ့ဆံပင်ကျွတ်ခြင်းကိုလူတွေ သတိမထားမိအောင် ပြုပြင်နိုင်တဲ့ ဆံပင်ပြုပြင်နည်းအချို့ရှိပါတယ်။ ပါးနေတဲ့ ဆံပင်တွေကိုညှပ်ထုတ်ခြင်းက သင့်ကိုသိသာထင်ရှားတဲ့ ဘီးဖီးခြင်းကနေ လွတ်ကင်းစေမှာပါ ။ ဆံပင်ထိန်းသိမ်းခြင်းနဲ့ ပြု ပြင်တဲ့ ထုတ်ကုန်တွေက သင့်ဆံပင်ရဲ့ အုံကိုထူစေမှာပါ။ မျှတဲ့အာဟာရကို စားသောက်ခြင်းနဲ့ ဆံပင်ကိုဖြေးညှင်းစွာ ကိုင်တွယ်ခြင်းကလည်း ကူညီပေးနိုင်ပါတယ် ။

အကောင်းဖက်ကိုပဲတွေးပါ -----------------------------

ဆံပင်တစ်ခုတည်းနဲ့ လူသားတစ်ယောက်ကို မဖန်တီးနိုင်ပါဘူး ။ သင့်မှာဒီထက် အရေးကြီးတဲ့အရာတွေ ရှိသေးတယ်ဆိုတာသတိရပါ။ သင် ပြုလုပ်နိုင်တဲ့အရာတွေကို ဂရုတစိုက်ပြုလုပ်ပါ။ ဥပမာ အပူထဲ သိပ်မထွက်ပဲ နေရိပ်ထဲမှာနေခြင်းမျိုးပေါ့။ ဒါတွေဟာလည်း သင့်ကိုအထောက်အကူပေးပါတယ်။ အကယ်၍သင့်စိတ်ကို မြှင့်တင်ဖို့ လိုအပ်မယ်ဆိုရင်တော့ Ed Harris, Patrick Stewart နဲ့ Michael Jordan ကဲ့သို့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ ထိပ်ပြောင်လူသားတွေကိုအတုယူပါ။ ပြီးတဲ့နောက်မှာတော့ အရာအားလုံးကိုအကောင်းမြင်နိုင်အောင်ကြိုးစားပါ။b



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18