Print

သိထားရမည့် နှင်းခူအကြောင်း

  29-Oct-2016
Preview Image

နှင်းခူဖြစ်ရင် အရေပြား နီမြန်းတာနဲ့ ယားယံတာတွေကို ဖြစ်စေနိုင်ပါတယ်။ ကလေး ငါးဦးအနက် တစ်ဦးနှုန်းနဲ့ အရွယ်ရောက် လူကြီး ၁၀ ဦးအနက် တစ်ဦးနှုန်းဟာ အဖြစ်များတဲ့ နှင်းခူအမျိုးအစား Atopic Eczema ကို ဖြစ်စေနိုင်ပါတယ်။နှင်းခူဖြစ်နှုန်းက အရင်ကထက်စာရင် အခုအခါမှာ ပိုမိုသိသာလာတာကြောင့်အလေးထားရမယ့် ကျန်းမာရေး ပြဿဿဿနာတစ်ခု ဖြစ်လာသည်။

နှင်းခူဖြစ်မှန်း ဘယ်လို သိနိုင်သလဲ?

နှင်းခူရဲ့ ပြင်းထန်မှုအပေါ် မူတည်ပြီး ကုသမှုပုံစံက အပြောင်းအလဲ ရှိနိုင်ပါတယ်။ နှင်းခူဆိုတာအရေပြားကိုယားယံတာ၊ ခြောက်သွေ့တာ၊ ရောင်ရမ်းတာ၊ အက်ကွဲတာနဲ့ နီမြန်းတာတွေကို ဖြစ်စေတဲ့ အရေပြား အခြေအနေ တစ်မျိုးပဲ ဖြစ်ပါတယ်။နှင်းခူအမျိုးအစားကို ဆန်းစစ်ရှာဖွေဖို့ အလွန် အရေးကြီးပါတယ်။ အကြောင်းကတော့ နှင်းခူအမျိုးအစား အမျိုးမျိုးအတွက် မတူညီတဲ့ ကုသမှုနဲ့ ထိန်းသိမ်းနည်းတွေ လိုအပ်နေလို့ပါ။ နှင်းခူကို ပိုမဆိုးသွားအောင် နေထိုင်စားသောက်မှု ပုံစံနဲ့ ထိန်းချုပ်ဖို့လည်း လိုအပ်နေပါသေးတယ်။ နှင်းခူနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကလည်း အသေးအမွှားမှ အပြင်းအထန်အထိ အမျိုးမျိုးရှိပါတယ်။ နှင်းခူရဲ့ လက္ခဏာပေါ် မူတည်ပြီး ကုသမှုက အမျိုးမျိုးရှိပါတယ်။နှင်းခူဖြစ်စေသော အကြောင်းရင်းများနှင်းခူက မျိုးရိုးလိုက်နိုင်ခြေ ရှိပါတယ်။ နှင်းခူဟာ စိတ်ဖိစီးမှု၊ စိုထိုင်းဆများတဲ့ အပူချိန်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဘာအကြောင်းပြချက်မှ မရှိဘဲ ဖြစ်တတ်တာမျိုးပါ။

ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ နှင်းခူနဲ့ အရေပြားမှာ သဘာဝအတိုင်း ရှိနေတဲ့မှို (Yeast) ပုံမမှန် ကြီးထွားမှုကြောင့် ဖြစ်တဲ့ နှင်းခူဆိုပြီး တခြားနှင်းခူ အမျိုးအစားတွေလည်း ရှိပါသေးတယ်။ နှင်းခူ သက်သာစေမည့် နည်းများ ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် နှင်းခူကို ထိန်းချုပ် ပေးနိုင်ပါတယ်။ နှင်းခူ ထိန်းချုပ်ရေးအတွက် ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေနဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်စေတဲ့ အရာတွေနဲ့ ထိတွေ့မှု မရှိအောင် ရှောင်ဖို့ လိုပါတယ်။ နှင်းခူဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ၊ ကြေးချွတ်ပစ္စည်းတွေ၊ ဆပ်ပြာ၊ ရှမ်ပူတွေနဲ့ ကြမ်းတမ်းတဲ့အကျႌ၊ လုံခြည်တွေကို သတိထားဖို့ လိုပါတယ်။ 

အရေပြားမှာ ကြမ်းတမ်း ထိခိုက်မှုတွေ မဖြစ်စေဖို့ အရေပြားစိုပြည် နူးညံ့နေအောင် အစိုဓာတ်ထိန်း ခရင်မ်တွေကို လိမ်းပေးဖို့ လိုပါတယ်။ အရေပြားက ထိခိုက်ပျက်စီးနေရင် ပိုးဝင်နိုင်ခြေ များပါတယ်။ ရုတ်တရက်နဲ့ ပြင်းထန်တဲ့  အရေပြားအနာတွေကို ကော်တီစုန်းခရင်မ်၊ အရေပြားချောမွေ့စေတဲ့ ခရင်မ်တွေ လိမ်းပြီး သက်သာအောင် လုပ်သင့်ပါတယ်။ 

စိတ်ဖိစီးမှုကို လျှော့ချတာ၊အစာကို ကောင်းကောင်းစားတာ၊ ပုံမှန်လေ့ကျင့်ခန်း လုပ်တာနဲ့ ကိုယ်ခံစွမ်းအား ကောင်းအောင် ထိန်းတာတွေ အားလုံးက နှင်းခူကို ထိန်းချုပ်နိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။အရေပြားကို အပူဒဏ်၊ အအေးဒဏ်နဲ့ မထိတွေ့မိအောင် ကြိုးစားပါ။ ဒီဒဏ်တွေကို ခံရတာကြောင့် နှင်းခူကို ပိုဆိုး စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သူတွေမှာ အကျိုးပြု ဘက်တီးရီးယားပါတဲ့  ဒိန်ချဉ်လို အစာတွေကို စားပေးတာကြောင့် ကလေးငယ်မှာ နှင်းခူမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လေ့လာမှုအရ အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ နွားနို့ကိုသောက်တဲ့  ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ ကလေးငယ်တွေဟာ နှင်းခူဖြစ်နှုန်းကို ၄၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း တွေ့ရှိရပါတယ်။ နှင်းခူဖြစ်တဲ့ ကလေးငယ်တွေကို အကျိုးပြု ဘက်တီးရီးယားပါတဲ့ အစာတွေ ကျွေးတာကြောင့် နှင်းခူကို သက်သာစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

နှင်းခူကိုမကုတ်ခြစ်ပါနဲ့။ ကလေးတွေကို လက်သည်းတိုတို ညှပ်ထားပေးပါ။  ဒါမှအရေပြားကိုကုတ်ခြစ်မှု လျော့ကျပြီးအရေပြားထိခိုက်နိုင်ခြေကို လျော့ကျစေမှာ ဖြစ်ပါတယ်။ ရေကူးတဲ့အခါ သတိထားပါ။ကလိုရင်းပါတဲ့ ရေထဲမှာ ကူးတာကြောင့် တချို့ကလေးတွေမှာနှင်းခူဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။ နားမှာ နီကယ်ပါတဲ့နားကွင်းတပ်ဆင်တဲ့အတွက်ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှင်းခူကို ဖြစ်စေနိုင်ပါတယ်။နားကပ်နဲ့ ဓာတ်မတည့်တာကြောင့် နား ယားယံတာ၊ နီမြန်းတာ၊ ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။ ရွှေ၊ ငွေနဲ့ လုပ်ထားတဲ့ နားကပ်ကို တပ်တာက ဓာတ်မတည့်မှု ဖြစ်နှုန်း နည်းပါတယ်။ကြေးချွတ်ဆေးတွေကို ကြာကြာထိတွေ့တာကြောင့် နှင်းခူဖြစ်တတ်ပါတယ်။ဒါကြောင့် ဆိုဒီယမ်လော်ရိုင်းဆာလဖိတ်ပါတဲ့ဆပ်ပြာနဲ့ ကြေးချွတ်ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။ နှင်းခူကို ပိုဆိုးစေနိုင်လို့ပါ။ ဥအမျိုးမျိုး၊ အခွံမာသီးနဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာတွေက ကလေးတွေမှာ နှင်းခူ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ နှင်းခူကို ပိုဆိုးစေနိုင်တဲ့ အစာတွေကို သတိထားပြီး ရှောင်သင့်ပါတယ်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18