Print

မုန့်ဖုတ်ဆော်ဒါနှင့် အလှအပအစွမ်း

  23-May-2020
Preview Image

ဝက်ခြံတွေကို တာ့တာပြနိုင်တယ်

မုန့်ဖုတ်ဆော်ဒါက ကြေးချွတ်နိုင်စွမ်းတစ်ခုတည်းတင်မကပါဘူး။ ကျယ်နေတဲ့ချွေးပေါက်တွေကိုလည်း ကျုံ့စေနိုင်ပါတယ်။ ဒီတော့ ချွေးပေါက်အတွင်း အညစ်အကြေးဝင်ရောက်တာကနေ ကာကွယ်နိုင်ပြီး ဝက်ခြံကင်းစေတာပေါ့။ သူ့မှာ  Anti Bacterial နဲ့ Anti Inflammatory တွေပါဝင်တဲ့အတွက် ဝက်ခြံ၊ ဝက်ခြံပုန်းတွေနဲ့ တခြားအရေပြားပြဿနာတွေကနေ ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင်  အရေးပြားရောင်ရမ်းမှုကိုလျော့ကျစေပြီး မျက်နှာလေးကို လင်းလက်တောက်ပစေနိုင်ပါတယ်။


ဝက်ခြံအတွက် မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါ ထမင်းစားဇွန်း နှစ်ဇွန်းစာ၊ ထောပတ်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစာ၊ လာဗင်ဒါဆီ အစက်အနည်းငယ်ခန့်ကို ပန်းကန်လုံးတစ်လုံးထဲထည့်ကာ သေချာရောမွှေပါ။

ရလာတဲ့အနှစ်ကို မျက်နှာပေါ်လိမ်းပြီး စက်ဝိုင်းပုံစံ ညင်သာစွာ နှိပ်နယ်ပါ။

ငါးမိနစ်ခန့်ထားပြီးနောက် မျက်နှာသစ်လိုက်ပါ။

တစ်ပတ်တစ်ကြိမ် မျက်နှာပေါ်က ဝက်ခြံတွေ ကင်းစင်သွားတဲ့အထိပြုလုပ်ပါ။


ဆဲလ်သေတွေဖယ်ရှားပေးတယ်

မုန့်ဖုတ်ဆော်ဒါက တကယ့်ကို သဘာဝကြေးချွတ်ပစ္စည်းပါ။ သူ့ကို Mask အဖြစ်အသုံးပြုရင် မျက်နှာနဲ့အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။ နေလောင်ထားလို့ညစ်နွမ်းနေတဲ့ အသားအရေကို မှုလအသားအရောင် အတိုင်း ပြန်လည်ပြုပြင်ပေးနိုင်တဲ့အပြင် ချောမွေ့နူးညံ့စေပါတယ်။ နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး  နှင်းဆီသွေးရောင် နှုတ်ခမ်းသားကို သဘာဝအတိုင်းပိုင်ဆိုင်စေနိုင်ပါတယ်။


မျက်နှာဆဲလ်သေတွေဖယ်ရှားဖို့ မုန့်ဖုတ်ဆော်ဒါ Face Wash

လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ မုန့်ဖုတ်ဆော်ဒါ၊ ပန်းသီးရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်းစားနဲ့ ရေနှစ်ဇွန်းစာကို ရောစပ်ပါ။

အဲဒီအရောအစပ်ကို မျက်နှာပေါ်မှာ လိမ်းပြီး - မိနစ်ခန့်ထားပါ။

ပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်လိုက်ပါ။

နေ့စဉ် တစ်နေ့တစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။


Anti-Bacterial ဂုဏ်သတ္တိရှိတယ်

အရေပြားယာယံနီရဲတာတွေအတွက် Anti-Bacterial ဂုဏ်သတ္တိရှိတဲ့ မုန့်ဖုတ်ဆော်ဒါက ကူညီပေးနိုင်ပါတယ်။ ဘယ်လိုအရေပြားယားယံမှုမျိုးမဆို သက်သာစေနိုင်ပါတယ်။


ယာယံခြင်းအတွက် မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါ ထမင်းစားဇွန်းတစ်ဇွန်းစာကို အုန်းဆီအလုံအလောက်နဲ့ ပျစ်နှစ်နေအောင်မွှေပါ။

ရလာတဲ့အနှစ်ကို ယားယံနေတဲ့အရေပြားပေါ်လိမ်းပြီး ၁၀-၁၅ မိနစ်ခန့်ထားပါ။

ပြီးရင် ရေနွေးနွေးနဲ့ ဆေးကြောပါ။

အုန်းဆီနဲ့ မုန့်ဖုတ်ဆော်ဒါအရောအစပ်ကြောင့် အသားအရေစံကို ထိန်းညှိပေးနိုင်ပြီး ဘက်တီးရီးယားနဲ့ Yeast ပိုးဝင်ရောက်တာတွေကနေတောင် ကာကွယ်နိုင်ပါတယ်တဲ့။


မနာမကျင်ဘဲအမွေးနုတ်၊ ရိတ်နိုင်ဖို့ကူညီပေးတယ်

မုန့်ဖုတ်ဆော်ဒါက အမွေးရိတ်ခရင်မ်အဖြစ်လည်း အသုံးဝင်ပါတယ်။ သူတို့ လိမ်းပြီး မလိုချင်တဲ့နေရာက အမွေးတွေကို မနာမကျင်ဘဲ ဖယ်ရှားပစ်နိုင်ပါတယ်တဲ့။


အမွေးရိတ်ခရင်မ်အတွက် မုန့်ဖုတ်ဆော်ဒါ

ခွက်တစ်ခွက်စာရေကို ဆူပွက်လာအောင်ကျိုပါ။

အဲဒီထဲကို ခွက်တစ်ဝက်စာ မုန့်ဖုတ်ဆော်ဒါထည့်ကျိုပါ။

ရေတွေခန်းပြီး မုန့်ဖုတ်ဆော်ဒါတွေပျစ်နှစ်သွားတဲ့အထိ ကျိုပါ။

အနှစ်ပဲကျန်ရင် မီးဖိုပေါ်မှချကာအအေးခံပါ။

ညမအိပ်ခင်မှာ မိမိမလိုချင်တဲ့နေရာက အမွေးတွေပေါ်ကို အဲဒီအနှစ်လိမ်းပြီးတစ်ညလုံးထားအိပ်ပါ။

နောက်တစ်နေ့ မနက်မှာ ရေနွေးနွေးနဲ့ ဆေးကြောပါ။

လေးရက်ခန့် ဆက်တိုက်ပြုလုပ်ပြီး နောက်အမွေးတွေကို သပ်ချရုံနဲ့ ကျွတ်ထွက်သွားပါလိမ့်မယ်။


ချိုင်းနံ့ထွက်တာနဲ့ ချိုင်းမည်းတာကို ပြုပြင်ပေးတယ်

ချွေးတွေထွက်လို့ ချိုင်းနံ့နံနေရင် စိတ်မပျက်ပါနဲ့။ ချိုင်းမည်းမည်းတွေကြောင့် လက်ပြတ်ဝတ်ရမှာ ရှက်နေတာမျိုးလည်း မဖြစ်ရတယ် မုန့်ဖုတ်ဆော်ဒါက ကူညီပေးနိုင်ပါတယ်။ သူက ဘတ်တီးရီးယားတွေကို သေစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့်ပါ။


ချိုင်းသားဖွေးစေဖို့မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ပန်းကန်လုံးထဲပါ။

အဲဒီထဲကို ပန်းသီးရှလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းပေါင်းထည့်ပါ။

ပြီးရင်သူတို့နှစ်မျိုးစလုံးကို ပျစ်နှစ်နေအောင်မွှေကာ ခဏနှပ်ထားပါ။

ရလာတဲ့အနှစ်ကို ချိုင်းကြားမှာညင်သာစွာပွတ်လိမ်းပြီး မိနစ်အနည်းငယ်ကြာအောင်ထားပါ။

ပြီးရင် ရေချိုးချလိုက်ပါ။

နေ့စဉ်တစ်နေ့တစ်ကြိမ် ရက်အနည်းငယ်ကြာပြုလုပ်ပါ။


ဗောက်ထခြင်းအတွက် မုန့်ဖုတ်ဆော်ဒါ

ထမင်းစားဇွန်းတစ်ဇွန်းစာ မုန့်ဖုတ်ဆော်ဒါကို အုန်းဆီ ထမင်းစာဇွန်း နှစ်ဇွန်းစာ၊ သံပရာရည် ထမင်းစာဇွန်းတစ်ဇွန်းစာနဲ့ရောစပ်ပါ။

ရလာတဲ့အရောအစပ်ကို ဦးခေါင်းအနှံ့လိမ်းပြီးညင်သာစွာ နှိပ်နယ်ပါ။

၁၅-၂၀ မိနစ်ခန့်ထားပြီးနောက် Herbal ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။

တစ်ပတ်တစ်ကြိမ် ပြုလုပ်ပါ။


ဆံသားကိုအာဟာရဖြည်တင်းပေးတယ်

ဆံသားအရင်မြစ်တွေ ခိုင်မာသန်စွမ်းဖို့၊ ဆံပင်ကျွတ်တာလျော့နည်းဖို့၊ ဆံပင်သန်စေဖို့ မုန့်ဖုတ်ဆော်ဒါက ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ပျက်စီးနေတဲ့ဆံသာကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။


ဆံသားအာဟာရအတွက် မုန့်ဖုတ်ဆော်ဒါ

ထမင်းစားဇွန်း နှစ်ဇွန်းစာ မုန့်ဖုတ်ဆော်ဒါကို ကြက်ဥလေးလုံး၊ ကြက်ဆူဆီ ထမင်းစားဇွန်းတစ်ဇွန်းစားနဲ့ ရောစပ်ပါ။

ရလာတဲ့အရောအစပ်ကို ဦးရေပြားပေါ်နှံ့စပ်အောင် သေချာလိမ်းကာ ငါးမိနစ်ခန့် ညင်သာစွာနှိပ်နယ်ပါ။

၂၃-၃၀ မိနစ်ခန့်ထားပြီးနောက် Herbal Shampooနဲ့ ခေါင်းလျှော်လိုက်ပါ။

 

Credit : ဆူးမြာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18