Print

ဝက်ခြံတွေအတွက် သံပရိုသီး

  22-Feb-2020
Preview Image

          တချို့က နေရောင်ကြောင့် မျက်နှာခြောက်သွေ့ကြမ်းတမ်းကြပေမယ့် အချို့ကတော့ နေပူတာနဲ့အမျှ မျက်နှာမှာပဲ ကွက်ပြီး အဆီပြန်တတ်တဲ့သူတွေလည်း ရှိပါတယ်။ မျက်နှာမှာ အဆီပြန်သူတွေရဲ့ ဒုက္ခက ဝက်ခြံပါပဲ။ မျက်နှာပေါ်က အဆီနဲ့ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သံပရိုသီးက ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အဆီပြန်ပြန်၊ ဘယ်လောက်ပဲ ဝက်ခြံတွေထွက်ထွက်၊ မျက်နှာပေါ်မှာ သံပရိုသီးနဲ့ တိုက်ရိုက်ပွတ်တိုက်တာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ နေရောင်ထဲထွက်တာ၊ ဝက်ခြံပျောက်ဆေးအပြင်းတွေ လိမ်းတာမျိုးတွေကိုလည်း ဘယ်တော့မှ တစ်ရက်တည်းမလုပ်မိပါစေနဲ့။

          ဝက်ခြံအတွက် သံပရိုသီးထည့်သွင်းအသုံးပြုတဲ့ အိမ်သုံးဆေးနည်းလေးလည်း ရှိပါတယ်။

ပါဝင်ပစ္စည်းများ - ပျားရည် ၂ ဇွန်း၊ နနွင်းဇွန်းဝက်၊ တမာမှုန့် ဇွန်းဝက်၊ လက်ဖက်အဆီ ၁၀ စက်၊ သံပရိုခွံအမှုန့် ဇွန်းဝက်။


အသုံးပြုနည်း

-       တမာရွက်ကို ကြိတ်ခြေထားတဲ့ အရည်ဖြစ်စေ၊ တမာရွက်ကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ထားတာကိုဖြစ်စေ အသုံးပြုနိုင်ပါတယ်။ သံပရိုခွံကိုလည်း ခြစ်နဲ့ ခြစ်ယူနိုင်သလို နေအေးမှာ အခြောက်လှန်း၊ အမှုန့်ကြိတ်လို့လည်းရပါတယ်။

-       လက်ဖက်ဆီကတော့ Tea Tree Ess – entail Oil ဆိုပြီး ရှာဝယ်လို့ ရပါတယ်။

-       အပေါ်မှာ ဖော်ပြထားတဲ့ပမာဏအတိုင်း လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို အကုန်ရောမွှေလိုက်ပြီး ရလာတဲ့အနှစ်ကို လေလုံပုလင်းသေးလေးထဲ ထည့်သိမ်းထားနိုင်ပါတယ်။

-       မျက်နှာသစ်ပြီးလို့ တဘက်စသန့်သန့်လေးနဲ့ ခြောက်အောင်သုတ်ပြီးရင် ဒီအနှစ်လေးကို ဝက်ခြံတွေပေါ်မှာ သုတ်လိမ်းပေးပါ။ ၁၅ မိနစ် ကနေ သုံးနာရီလောက်ထိ စိတ်ကြိုက်ထားပေးနိုင်ပါတယ်။ ပြီးရင် ရေကြက်သီးနွေးလေးနဲ့ ပြန်ဆေးကြောပြီး တဘက်သန့်နဲ့ ခြောက်အောင်သုတ်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်ခန့် လိမ်းပေးနိုင်ပြီး ဝက်ခြံဖုကြီးတယ်၊ နီရဲယားယံနေတယ်ဆိုရင် ဒီအနှစ်လေးကို လိမ်းပြီး ညအိပ်ပြီးမှ မနက်မျက်နှာပြန်သစ်ပေးပါ။ နနွင်းပါတာကြောင့် အိပ်ရာနဲ့အဝတ်အစားတွေမှာ ပေကျံတာမျိုးမရှိအောင် ဝက်ခြံကပ်ပလာစတာလေးတွေပါ အပေါ်က ထပ်ထပ်ပေးထားနိုင်ပါတယ်။

-       နောက်တစ်နေ့မှာတင် ဝက်ခြံဖုတွေ ချပ်ရပ်သွားတာကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

Credit : သံသာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18