Print

မျက်ဝန်းဘေးအရေးအကြောင်း ဘာကြောင့်ဖြစ်ရတာ

  21-Dec-2019
Preview Image

(၁) နေဒဏ်၊ လေဒဏ်

          မျက်ဝန်းအိမ်ဘေးက အရေပြားနေရာတွေဟာ ပါးလွှာပါတယ်။ ဒါ့ကြောင့်မို့ ပူပြင်းတဲ့နေနဲ့ အေးလွန်းတဲ့ လေဒဏ်တွေကြောင့် အရေပြားတင်းရင်းမှု လျော့နည်းကာ ယားယံပြီး အရေးအကြောင်းတွေ ထင်လာတတ်ပါတယ်။


(၂) အာဟာရဓါတ်နဲ့ အသုံးအဆောင်

နောက်တစ်ချက်ကတော့ အာဟာရဓာတ်တွေ လုံလောက်စွာ မှီဝဲမှု မရှိမှုကြောင့်ပါပဲ။ ဒါ့အပြင် မကြာခဏ ရေနွေးနဲ့ ရေချိုးတာ၊ သုံးစွဲတဲ့ဆပ်ပြာနဲ့ အလှပြင်ပစ္စည်းတွေ အာနိသင် ပြင်းလွန်းတာတွေကြောင့်လည်း မျက်စိဘေးနေရာမှာ အရေးအကြောင်းတွေ အလွယ်တကူ ထင်လာတတ်ပါတယ်။


(၃) အမျိုးသမီးသွေးဆုံးချိန်

          ဒီလို မျက်ဝန်းဘေးမှာ အရေးအကြောင်းထင်တာက အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ ပိုမိုထင်ရှားတတ်ပါတယ်။ အမျိုးသမီးတွေဟာ သွေးဆုံးပြီးချိန်တွေမှာ အရေပြားဟာ ပိုမိုခြောက်သွေ့လာတဲ့ အတွက်ကြောင့်ပါပဲ။


အရေးအကြောင်းတွေ သက်သာစေဖို့

ဒီလိုဖြစ်တာကို သက်သာစေဖို့အတွက်ဆိုရင်တော့ အာဟာရဓာတ်တွေကို မျှတအောင် မှီဝဲစားသုံးပေးဖို့ အထူးလိုအပ်ပါတယ်။ မျက်လုံးမှာလိမ်းထားတဲ့ မိတ်ကပ်စတာတွေကို ဖျက်ရာမှာလည်း အဆီပါဝင်တဲ့ မိတ်ကပ်ဖျက်ဆေးကို မဖြစ်မနေ သုံးပေးရပါလိမ့်မယ်။ မျက်နှာပြင်ကို အဝတ်စနဲ့ ပွတ်တိုက်ပြီး မျက်နှာသစ်ခြင်းမျိုးဟာ အရေးအကြောင်းတွေ ထင်စေပြီး ယားယံမှုကို ဖြစ်စေတဲ့အငြင် Antioxidants တွေပါဝင်တဲ့ Eye Cream ကိုလည်း အသုံးပြုပေးသင့်ပါတယ်။

Credit : ဧကရီ



Related Articles


Advertisment 18