Print

ဆံသားအတွက် Keratin Treatment ပြုလုပ်ခြင်းနှင့် ဆံပင်ဖြောင့်ခြင်း အပိုင...

  11-Nov-2019
Preview Image

Keratin Treatment လုပ်သင့်လား။

          ဖြောင့်စင်းတဲ့ဆံပင်လိုချင်သူတွေအတွက် ဆံသားပညာရှင်တွေက Keratin Treatment လုပ်ဖို့ အကြံပြုမှာပါပဲ။ ဒါပေမဲ့ Keratin Treatment ကလည်း တခြားဓာတုဗေဒထုတ်ကုန်တွေနဲ့ အလားတူ အနည်းနဲ့အများတော့ ထိခိုက်မှုရှိနိုင်ပါသေးတယ်။ ဒါကြောင့် Keratin Treatment သွားမလုပ်ခင်မှာ သိထားသင့်တာလေးတွေ ရှိပါတယ်။

 

၁။ ကိုယ်ဘာလိုချင်လဲဆိုတာ သိအောင်လုပ်ပါ

          အခေါ်အဝေါ်တွေက ရှုပ်ထွေးစရာဖြစ်နေတယ်ဆိုရင် ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ Treatment အမျိုးမျိုးနဲ့ အခေါ်အဝေါ်တွေကလည်း အမျိုးမျိုးထွက်ပေါ်လာနေပါပြီ။ သမားရိုးကျ Keratin Treatment ဆေးကို Brazilian Blowout လို့လည်း ခေါ်ပါတယ်။ အခြေခံအားဖြင့် သဘာဝအတိုင်း လှိုင်းတွန့်လေးတွေ ကျန်ချင်တယ်ဆိုရင် Brazilian Blowout ကိုပဲ သုံးရင်ရပါတယ်။

 

၂။ ဓာတုဗေဒပစ္စည်းတွေနဲ့ ထိတွေ့ဖို့ ပြင်ဆင်ထားပါ

          ဆံသားကို ဖြောင့်စင်းစေတဲ့ထုတ်ကုန်တွေ အားလုံးမှာ Keratin ပရိုတင်းပါတယ်ဆိုပေမယ့် ဒီထုတ်ကုန်တွေမှာ Keratin က အဓိကစွမ်းဆောင်သွားတဲ့ ပါဝင်ပစ္စည်း မဟုတ်ပါဘူး။ စိတ်မကောင်းစရာကောင်းတာတစ်ခုက သဘာဝစစ်စစ် လုံးဝအန္တရာယ်ကင်းတဲ့ ဆံပင်ဖြောင့်ဆေးဆိုတာ မရှိပါဘူး။ ဖြောင့်စင်းနေတဲ့ ဆံပင်ကိုလိုချင်တယ်ဆိုရင် FDA က ခွင့်ပြုထားတာဖြစ်ဖြစ်၊ ခွင့်မပြုထားတာဖြစ်ဖြစ် ဓာတုဗေဒပစ္စည်းတချို့နဲ့တော့ သေချာပေါက်ထိတွေ့ရမှာပါပဲ။ နောက်ပြီး ကြမ်းထော်ကောက်ကွေးနေတဲ့ ဆံပင်ကို ဖြောင့်ချင်တယ်ဆိုရင် ဖော်မလင်သုံးကို သုံးမှရပါလိမ့်မယ်။

          ဖော်မလင်ဟာ ကင်ဆာဖြစ်စေနိုင်တဲ့အပြင် ထိတွေ့ပါများရင် အသက်ရှူလမ်းကြောင်း ပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဖော်မလင်မပါတဲ့ဆေးကို ရွေးချယ်မယ်ဆိုရင်တောင် ဆံပင်ဖြောင့်တဲ့ဆေးတွေမှာ ဓာတုဗေဒပစ္စည်းတွေကတော့ ပါနေအုံးမှာပါပဲ။ ဖော်မလင်ဟာ ပါလာတဲ့ဓာတ်ငွေ့ဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်ဖြောင့်တဲ့ ထုတ်ကုန်ပစ္စည်းတစ်ခုဟာ ဘယ်လောက်ပဲ ဖော်မလင်မပါပါဘူးလို့ပြောပြော ဖော်မလင်ဓာတ်ငွေ့ ထွက်စေတဲ့ပါဝင်ပစ္စည်းတွေက ပါဝင်နေနိုင်ပါသေးတယ်။

          တစ်နှစ်မှာ သုံးကြိမ်လောက်ပဲ ဆံသား Treatment လုပ်ဖြစ်တယ်ဆိုရင်တော့ စိတ်အနှောင့်အယှက်အဖြစ်မခံပါနဲ့။ ဒါပေမဲ့ လေးကြိမ်ကျော်လာပြီဆိုရင်တော့ အန္တရာယ်ရှိလာပါပြီ။ များများဖွင့်ထားတဲ့ဆိုင်မှာလုပ်ဖို့ ကြံပြုချင်ပါတယ်။

 

၃။ စွန့်လွှတ်လိုက်ရမယ့်အရာတွေရှိပါတယ်

          ကိုယ်အသုံးပြုတဲ့ ဆေးပေါ်မှာ မူတည်ပြီး အားနည်ချက်တွေရှိနိုင်ပါတယ်။ သမားရိုးကျ Keratin Treatment ဆိုရင် ဆံပင်ကို မထိမကိုင်ဘဲ သုံးရက်ထားရပါမယ်။ ကလစ်ညှပ်ထားလို့ မရပါဘူး။ ဆံပင်ကိုစုပြီး အမြင့်စီးလို့ မရပါဘူး။ ခေါင်းလျှော်လို့မရသလို နည်းနည်းလေးချိုင့်သွားတာမျိုးတောင် မရပါဘူး။ ဆံပင်အရောင်ဆိုးထားတယ်ဆိုရင် Keratin Treatment လုပ်ပြီးတဲ့အခါ နည်းနည်းအရောင်မှန်သွားပါလိမ့်မယ်။ ဒါဟာ Keratin Treatment မလုပ်လင်မှာသုံးတဲ့ ရှင်းလင်းရေးရှန်ပူကြောင့်ပါ။ ဒီရှန်ပူဟာ ဆံသားက အမှိုက်သရိုက်တွေကို ရှင်းပေးနိုင်သလို အရောင်တချို့ကိုပါ တစ်ခါတည်း ဖယ်ရှားသွားလို့ဖြစ်ပါတယ်။

 

၄။ နောက်ဆုံးရလဒ်က နည်းနည်းကွဲလွဲနေရင်တောင် လက်ခံနိုင်အောင်လုပ်ထားပါ

          လောကကြီးဆိုတာ မတရားပါဘူး။ ကိုယ့်ဆံသားပေါ်မှာ Keratin Treatment တင်လိုက်လို့ရလာမယ့် ရလဒ်ကို ဘယ်သူကမှ အာမခံပြီး မပြောနိုင်ပါဘူး။ ယေဘုယျအားဖြင့် သမားရိုးကျ Keratin Treatment ဆေးဟာ အတော်လေးကောက်နေတဲ့ ဆံပင်တွေကိုတောင် ဖြောင့်သွားစေနိုင်တာတွေ့ဖူးသလို လှိုင်းလေးနည်းနည်းပဲရှိတဲ့ ဆံသားမှာ ဖြောင့်စက်နဲ့ ထပ်ဆွဲပေးဖို့ လိုအပ်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ တချို့ဆံသားတွေမှာ အကောက်က လုံးဝမထူးခြားတာရှိသလို တချို့ဆံသားတွေမှာတော့ အကောက်ကနေ လှိုင်းတွေဖြစ်သွားတာကို မြင်တွေ့ရပါတယ်။ ဆေးက ဘယ်လောက်ပြင်းသလဲ။ ဘယ်လိုနည်းနဲ့အသုံးပြုသလဲ။ ဖြောင့်စက်ကို ဘယ်လောက်အပူချိန်ပေးထားလဲ။ ဆေးက ဆံသားထဲကို ဘယ်လောက်အထိ စိမ့်ဝင်နိုင်သလဲ အစရှိသဖြင့် အချက်အလက်တွေ အများကြီးအပေါ်မှာ မူတည်ပါသေးတယ်။ ဒါပေမဲ့ ကြောက်မသွားပါနဲ့ဦး။ ကိုယ်တိုင်လေ့လာကြည့်ပါ။ လုပ်ဖူးတဲ့သူတွေကိုမေးပါ။ ကိုယ်လိုချင်တာနဲ့ မလိုချင်တာတွေကိုလည်း ဆံသားပညာရှင်ကို ပွင့်ပွင့်လင်းလင်းကြိုပြောပြထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် Keratin Treatment လုပ်ဆောင်ပြီး လအနည်းငယ်လောက်ကြာပြီးရင်တော့ ဆံသားက နဂိုအတိုင်းပြန်ဖြစ်သွားမှာပါပဲ။

 

Credit: အမရာ

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18