Print

အရေပြားခြောက်သွှေ့ပြီး ကွာနေတာ ဘာလုပ်ရမလဲ

  11-Aug-2019
Preview Image

          အရေပြားခြောက်တာကို အကြောင်းတရားအမျိုးမျိုးကနေ ဖြစ်စေတယ်။ တစ်ခုတည်းမကကြောင့်လည်း ဖြစ်မယ်။ အတွင်းနဲ့ အပြင်ဆိုပြီး ကွာသေးတယ်။ အပြင်အကြောင်းခံတွေက ပိုများတယ်။ ရာသီဥတုအေးတာနဲ့ ရေငွေ့ဓာတ်နည်းတာတွေက ဖြစ်စေတယ်။ အတွင်းအကြောင်းခံတွေထဲမှာ အသက်ရလာလို့ မျိုးရိုး၊ တခြားရောဂါတွေ (ပန်းနာ၊ အရေပြား၊ လည်ပင်းကြီးဟော်မုန်းနည်းများရောဂါ၊ ဆီးချို)၊ ဆပ်ပြာအပြင်းစားတွေနဲ့ တွဲဖြစ်တာတွေ ပါတယ်။ Moisturizers ကို မသုံးတတ်လို့လည်း ဖြစ်နိုင်တယ်။ သွေးတိုးကျဆေး၊ (ကိုလက်စထရော)ကျဆေး၊ (အလာဂျီ) ဆေးနဲ့ ဝက်ခြံဆေးတွေကလည်း ဖြစ်နိုင်တယ်။ Eczema, Psoriasis နဲ့ Atopic dermatitis နှင်းခူ စတဲ့ နာတာရှည် အရေပြားနာနဲ့ ခွဲခြားရမယ်။ အာဟာရနည်းတာလည်း ပါတယ်။


အရေပြားခြောက်ရောဂါတွေ

၁။ Peeling Skin Syndrome ရှားပါးတဲ့ မျိုးဗီဇကနေလည်း တစ်သက်လုံး ဖြစ်နေတယ်။

၂။ Exfoliative Dermatitis အရေပြားရောင်တဲ့ရောဂါ၊ အရေပြားကွာတဲ့အပြင် နီနေ၊ နာလာတာမျိုး

၃။ Kawasaki Disease အရေပြားကွာနီနေ၊ နာလာ၊ ရောင်တာ၊ အရောင်ပြောင်း၊ မေး၊ လည်ပင်းက တက်စေ့တွေရောင်၊ ကလေးတွေအဖြစ်များ

၄။ Netherton syndrome မျိုးဗီဇရောဂါ၊ အရေပြားကွာ၊ နီ၊ နာ၊ ရောင်၊ ခြောက်သွေ့၊ အလာဂျီရ၊ ဆံပင်ကျွတ်

၅။ Neurodermatitis ဘာလို့မှန်းမသိ ဖြစ်တာ၊ Allergic dermatitis မတည့်တာကနေ ဖြစ်တာနဲ့ Contract dermatitis ထိတွေ့မှု ကြာရာက ဖြစ်တာတွေကို Topical steroid compounds စတီးရွိုက်ဆေး လိမ်းရမယ်။

၆။ Athlete’s foot(Tinea pedis) ခြေထောက်မှာဖြစ်တဲ့ မှို fungal infection ရောဂါဖြစ်တယ်။ အရေကွာ၊ နီ၊ ယား၊ ပူလောင်၊ အရည်ဖုထွက်၊ နာမယ်။ အားကစားဖိနပ် အကြာကြီး စီးထားရသူတွေမှာ ဖြစ်တယ်။ အထဲမှာ စိုထိုင်းနေတာကို မှိုက ကြိုက်တယ်။ ရေချိုးခန်းတွေထဲမှာ မှိုရှိနေလို့။ အမျိုးလေးမျိုးထဲက Trichophyton Rubrum က အဖြစ်အများဆုံး။ Topical Antifungal medication ဆေးလိမ်းရတယ်။ ခြေထောက်မှာ လာဖြစ်တာက Athlete’s foot ကစားသမား ခြေထောက်ရောဂါ ဖြစ်နေနိုင်တယ်။ မှိုထပ်ဝင်တာလည်း ပါနိုင်တယ်။

၇။ Psoriasis ရောဂါလည်း စဉ်းစားရမယ်။ ခွာရင် အပ်ပေါက်က ထွက်သလို သွေးထွက်တယ်။ ပြည်လည်းထွက်နိုင်တယ်။

၈။ Jock Itch (Tinea cruris) မှို နောက်တစ်မျိုးကနေ ဖြစ်တယ်။ ပေါင်၊ ပေါင်ခြံ၊ ကပ်ပယ်အိပ်၊ စအိုဘေး၊ တင်ပါးနေရာတွေမှာ များတယ်။ နီနေမယ်၊ ဘေးမှာကွင်းလိုလို ဖြစ်တယ်။ အလွန်ယားတယ်။ Topical Antifungal ဆေးလိမ်းရတယ်။

၉။ Ringworm (Tinea corporis) ပွေး နေရာတကာမှာ ဖြစ်တယ်။ အနားသတ်သတ်ရှိတယ်။ မြေပုံလိုပဲ။ နီ၊ ယား၊ Lamisil ၊ Micatin ၊ Monistat – Derm, Lotrimin, Mycelex, Ring Guard လိမ်းဆေး လိမ်းရမယ်။

၁၀။ Yeast Infrctions (Cutaneous candidiasis) (ရိစ်) မှိုနဲ့ တူတဲ့ရောဂါ၊ နီ၊ ယား၊ နေရာတကာ ဖြစ်တယ်။ ဝတဲ့သူ ပိုဖြစ်တယ်။ ချိုင်း၊ ပေါင်ခြံ အဖြစ်များတယ်။ ပဋိဇီဝဆေး ပေးနေတုန်းလည်း ဖြစ်တတ်တယ်။ ကလေး(ဒိုင်က်ပါ) ကနေလည်း ဖြစ်တတ်တယ်။ ပါးစပ်၊ လက်သည်း၊ ခြေသည်း၊ နီရဲ၊ ယား၊ အရည် - ပြည်ထွက်နာ၊ အနာ၊ ရောင်၊ မွေးလမ်းမှာ ဖြစ်ရင် အဖြူ- အဝါရည်ဆင်း၊ ယား၊ နီရဲ၊ ပူလောင်၊ အကြောင်းခံ ဆေးဝါးတွေဆိုရင် ဆေးဖြတ်တာနဲ့ သက်သာလာမယ်။ Emollient ဆေး နေ့စဉ်သုံးပါ။ Moisturizer စနစ်တကျသုံးပါ။ အပျော့စားတွေက Cetaphil lotion, Lubriderm lotion နဲ့ AmLactin 12% လိုးရှင်းဆေးတွေ။ အပြင်းစားဆေးတွေက Vaseline နဲ့ Aquaphor တွေဖြစ်တယ်။ အဲဒါတွေနဲ့ မရသေးရင် (စတီရွိုက်) ပါတဲ့လိမ်းဆေးတွေ သုံးနိုင်ပါတယ်။ Hydrocortisone 1% cream(အပျော့စား) ၊ Pramosone 2.5% cream (အပျော့စား)၊ Triamcinolone 0.1% cream (အလတ်စား)၊ Clobetasol 0.05% cream (အပြင်းစား) တွေဖြစ်တယ်။ စတီးရွိုက်စားဆေးက တာရှည်သုံးရင် အရေပြားကို ပါးစေတယ်။ ယားတယ်ဆိုရင် (အင်တီဟစ်တမင်း) ဆေးတွေဖြစ်တဲ့ Diphenhydramine (Benadryl)၊ Hydroxyzine (Vistaril Atarax)၊ Loratidine (Claritin) နဲ့ Cetirizine (Zyrtec) တွေ သောက်နိုင်တယ်။

 

         Vaseline တစ်နေ့ နှစ်ကြိမ်သုံးကြိမ်လိမ်းပါ။ ရေခပ်နွေးနွေးနဲ့ ချိုးပါ။ ဆပ်ပြာ အပျော့စားသုံးပါ။ ဥပမာ - Dove soapless cleanser, Aveeno cleanser, Cetaphil cleanser တွေဖြစ်တယ်။ Moisturizers တွေကိုလည်း သုံးနိုင်တယ်။ (လက်တစ်အက်စစ်) ပါတဲ့ (Amlactin, Lac-Hydrin) နဲ့ ယူရီယားပါတဲ့ (Urixor Carmol) တွေဖြစ်တယ်။ Mild Moisturizers တွေမှာ ရေမွှေး မပါတာက ကောင်းတယ်။ ဆပ်ပြာ ပြင်းတာမသုံးနဲ့။ ရေသိပ်ပူတာ မချိုးနဲ့။ ရေတစ်နေ့နှစ်လီတာမှ သုံးလီတာ သောက်ပါ။ ကွာနေတဲ့နေရာကို အတင်းခွာတာ၊ တိုက်ပစ်တာ မလုပ်ပါနဲ့။ ရေ၊ ဆားခါးရည်၊ အုတ်စပါးရည် စတာသုံး၊ စိုထိုင်းစေပြီးမှ ခွာပါ။ Moisturizing Cream or Lotion သုံးနိုင်တယ်။ အလှဆီစစ်တာ လိမ်းပါ။ ပျားရည်၊ သံလွင်ဆီ၊ နေလောင်လို့ဖြစ်တာကို ခရမ်းချဉ်သီးအရည် သုံးကြတယ်။ Sunscreen လည်း သုံးနိုင်တယ်။ သခွားသီး မပါမပြီးဘူး။ နှိပ်နယ်တာလည်း လုပ်ပါတယ်။ ခြေအိတ်၊ လက်အိတ်၊ ဖိနပ်ကြပ်တာမကောင်းဘူး။

   

       အစားအသောက်မှာ လုံလောက်မျှတအောင် စားသုံးရမယ်။ Omega – 3 နဲ့ ဗီတာမင် (အေ) ကောင်းတယ်။ ဗီတာမင်အေများတဲ့ အစာတွေက (ခရင်မ်)၊ ထောပတ်၊ ငါးကြီးဆီ၊ ဥ၊ မုံလာဥနီ၊ ဗီတာမင်အေ များသွားရင်လည်း အဲလိုလာဖြစ်သေးတယ်။ ဗီတာမင်ဘီ များတဲ့အစာတွေက အသား၊ (ရီစ်)၊ ပြောင်း၊ ပြောင်းဖူး၊ ကောက်နှံ၊ အသည်း၊ ဥ၊ ဒိန်ခဲ၊ နွားနို့၊ ဗီတာမင်စီများတဲ့ အစာတွေက ချဉ်တဲ့အသီး၊ ခရမ်းချဉ်သီး၊ ပရိုတင်းများတဲ့ အစာတွေက အသား၊ ငါး၊ ပြောင်း၊ ပြောင်းဖူး၊ ကောက်နှံ၊ နို့ထွက်အစာ၊ အစေ့အဆန်၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ သံဓာတ်များတဲ့ အစာတွေက အသား၊ မက်မွန်၊ ပဲတောင့်၊ မုန်လာပွင့်စိမ်း၊ ဗိုလ်စားပဲ၊ ပဲမျိုးစုံ၊ စပျစ်သီးခြောက်၊ ဆန် စသည်တို့ ဖြစ်ပါတယ်။

Credit : ဒေါက်တာ တင့်ဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18