Print

ပါးစပ်တစ်ဝိုက် ယားနာ (Perioral Dermatits)

  25-May-2019
Preview Image

          ပါးစပ်တစ်ဝိုက်မှာ ဖြစ်လေ့ရှိတဲ့ ယားနာတစ်မျိုးပါ။ အမျိုးသမီးငယ်တွေမှာ အများဆုံး ဖြစ်လေ့ရှိတယ်။ ကလေးငယ်များနဲ့ ယောကျာ်းများမှာလည်း ရံဖန်ရံခါ ဖြစ်နိုင်တယ်။

          အဓိကအချက်က ပါးစပ်တစ်ဝိုက်မှာ အရေပြား နီရဲနေတာပါ။ အနီဖုငယ်များ၊ ပြည်ဖုငယ်များနဲ့ အဖတ်သေးသေးကွာတာတွေလဲ အတူတွေ့ရလေ့ရှိတယ်။ တခါတလေမှာ အနီဖုတွေက အဓိက များပြားနေလို့ ဝက်ခြံနဲ့ မှားတတ်တယ်၊ ဝက်ခြံမဟုတ်ပါဘူး။ နှာခေါင်းအောက်ပိုင်း၊ မေးစေ့အထက်ပိုင်းနဲ့ နှုတ်ခမ်း ပတ်ပတ်လည်က အရေပြားမှာ အဓိက ဖြစ်ပွားတယ်။ ဒါဟာ ဝက်ခြံနဲ့ ကွဲပြားတဲ့ အချက်ပါ။ နှာခေါင်း၊ မျက်လုံးတစ်ဝိုက်၊ ပါးတွေမှာလည်း ရှားရှားပါးပါး ဖြစ်တတ်တယ်။ နည်းနည်းယားတာ၊ ပူတာ၊ စပ်တာတွေက အဓိက လက္ခဏာတွေပါ။

 

         မကုဘဲနေရင် လနဲ့နှစ်နဲ့ချီပြီး ကြာတတ်တယ်။ ကုတာတောင်မှ  ပြန်ပြန်ဖြစ်တတ်တယ်။ ဒါကြောင့် ကျွမ်းကျင်သူနဲ့ ကြပ်မတ်ကုသဖို့ လိုတယ်။ အတိအကျတော့ မသိသေးဘူး။ တချို့ယူဆကြတာက နေရောင်တုံ့ပြန်မှုများလို့ရယ်၊ အဲဒီနေရာ အရေပြားမှာရှိတဲ့ သွေးကြောငယ်များ မတည်ငြိမ်မှုကြောင့်ရယ်လို့ ထင်ကြတယ်။ ဒီနိုင်ငံမှာ အဓိကဖြစ်တာက အားပြင်းတဲ့ ယားနာနှင်းခူလိမ်းဆေးများ ပါးစပ်တစ်ဝိုက်ကို လိမ်းလေ့ရှိရာကနေ ဆေးဖြတ်မရဘဲ ယားနာဖြစ်လာတာပါ။ ဒါမျိုးက ကုသရခက်တယ်၊ ကုသမှု ရပ်ထားလိုက်ရင် ပြန်ဖြစ်လာပြန်ရော၊ တချို့ မိတ်ကပ်နဲ့ ခရင်မ်များကလည်း ပိုဆိုးစေတတ်ပါတယ်။

  

        သေချာပေါက် ကာကွယ်နိုင်တယ်လို့တော့ အာမ မခံနိုင်ဘူး။ ဒါကြောင့် ကော်တီဆုန်း၊ ယားနာလိမ်းဆေးများ မသုံးမိစေရန်နှင့် အထူးအရေးကြီးပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အလှကုန်များ၊ ရေအစိုဓာတ်ထိန်း ပစ္စည်းများ၊ ဖလူအိုရိုက်ပါတဲ့ သွားတိုက်ဆေး၊ အနံ့ပါတဲ့ သွားတိုက်ဆေးများ စသည်တို့ကို ဂရုပြုသုံးစွဲတာ ကောင်းပါတယ်။အရေပြား ဆရာဝန်က ရောဂါရာဇဝင်နဲ့ စမ်းသပ်စစ်ဆေးခြင်းပေါင်းပြီး ရောဂါသတ်မှတ်နိုင်ပါတယ်။ လိုအပ်ရင် အရေပြားခြစ်ယူစစ်ဆေးခြင်း၊ အသားစ ခွဲစိတ်စစ်ဆေးခြင်းများ၊ သွေးစစ်ဆေးခြင်းများ လုပ်နိုင်တယ်။

  

        တက်ထရာ ဆိုက်ကလင်းအုပ်စုဝင် ပဋိဇီဝသောက်ဆေးများကို အများဆုံး အသုံးပြုရတယ်။ ပြန်မဖြစ်အောင် လအတော်ကြာကြာကုသဖို့ လိုကောင်းလိုအပ်မယ်။ သိပ်မဆိုးတဲ့ ယားနာ၊ ကိုယ်ဝန်ဆောင် စတာတွေမှာတော့ ပဋိဇီဝလိမ်းဆေးလောက်နဲ့ပဲ ကုသကြတယ်။

  

        ပါးစပ်တစ်ဝိုက် ယားနာဖြစ်သူအများစုဟာ ပိုးသတ်ဆေး နှစ်လခန့်အထိ သောက်ကြရပါတယ်။ ဆေးစောစောဖြတ်လိုက်ရင် ပြန်ဖြစ်လွယ်တယ်။ ကော်တီဆုန်း ယားနာလိမ်းဆေးများ သုံးရင် လိမ်းဆေး လွယ်လွယ်မလိမ်းမိဖို့ လိုအပ်ပါတယ်။


Credit: ဒေါက်တာစိုးဝင်းဦး (အရေပြားအထူးကု ဆရာဝန်ကြီး)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18