Print

မျက်နှာပေါ်က ဝက်ခြံများအကြောင်း

  17-Feb-2019
Preview Image

နဖူးမှာ ဝက်ခြံပေါက်တာ ဆီးအိမ်နဲ့ အစာခြေစနစ် မကောင်းတာကို ညွှန်ပြနေတယ်။ ဆီးသွားနည်းသူ၊ ဝမ်းချုပ်လွယ်သူတွေမှာ အဖြစ်များတယ်။ ရေများများသောက်ဖို့ လိုသလို အရည်ရွှမ်းတဲ့ အသီးအရွက် နေ့စဉ်စားသင့်တယ်။ အစားအသောက်ထဲမှာ အဆီများတဲ့ ဝက်သား၊ အမဲသား လျှော့စားပါ။ ကော်ဖီ၊ အသားကင်မစားသင့်ပါ။ ဒီလိုနေရာမှာ ဝက်ခြံထွက်သူတိုင်း အစားအသောက်၊ အနေအထိုင် ပြင်ဆင်ရုံနဲ့ သူဘာသာ ပျောက်ကင်းနိုင်တယ်။


မျက်ခုံးအတွင်းပိုင်းမှာ ဝက်ခြံပေါက်တာ အသည်းကြောင့် ဖြစ်နိုင်တယ်။ အသည်းရဲ့ အဓိက တာဝန်က ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆိပ်အတောက်တွေကို စွန့်ပစ်တာ ဖြစ်ပါတယ်။ အသည်းလုပ်ဆောင်နိုင်မှုအားနည်းတဲ့အခါ မျက်ခုံးအတွင်းပိုင်းမှာ ဝက်ခြံထွက်မယ်။ အသင့်စား အားလူးကြော်၊ ဆိုးဆေးပါတဲ့ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေ ရှောင်ရမယ်။ Lactose Intolerance  လက်တို့စ် ဓာတ်မတည့်တဲ့ သူတွေမှာလည်း ဝက်ခြံပေါက်နိုင်တယ်။ လိုအပ်ရင် အသည်းအားဆေးသောက်ရမယ်။


နားမှာ ဝက်ခြံပေါက်တာ ကျောက်ကပ်ကြောင့် ဖြစ်နိုင်တယ်။ ခန္ဓာကိုယ်တွင်း အပူလွန်ကဲတဲ့အခါ ဖြစ်တက်တယ်။ ရေဓာတ်၊ ဆားဓာတ် အားနည်းရင်လည်း ဖြစ်တက်ပါတယ်။ ဒါကြောင့် ဓာတ်ဆားရည်းများများသောက်ပါ။ တစ်ချို့လည်း ဆေးသောက်ဖို့မလိုပဲ ပြန်ကောင်းလာကြသည်။

         

ပါးပြင်မှာ ဝက်ခြံပေါက်တာ အဆုတ်အားနည်းလို့ ဖြစ်နိုင်တယ်။ ဆေးလိပ်သောက်တာ၊ လေထုညစ်ညမ်းမှု စတာတွေက ပါးဝက်ခြံကို ဖြစ်စေတယ်။ လိုအပ်ရင် အသက်ရှူလမ်းကြောင်းနဲ့ ပက်သက်တဲ့ ရောဂါပါ တစ်ခါတည်း စစ်ရမယ်။ ပန်းနာရင်ကျပ်သမားတွေမှာ ပိုတွေ့ရတယ်။ ဆေးလိပ်သောက်ရင် ဖြတ်ပစ်ရမယ်။ လေ့ကျင့်ခန်းတစ်ခုခု ( ရေကူးတာ၊ အေရိုးဗစ်လုပ်တာ) မျိုး လိုတယ်။ လေကောင်းလေသန့်ရရင် အဲဒီနေရာမှာ ထွက်တဲ့ဝက်ခြံတွေက သူဘာသာ ပျောက်ကင်းနိုင်တယ်။

         

မျက်လုံးတစ်ဝိုက်မှာ ဝက်ခြံပေါက်တာ ကျောက်ကပ်ကြောင့် ဖြစ်နိုင်တယ်။ကျောက်ကပ်လုပ်ဆောင်မှု အားနည်းတဲ့အခါ ဖြစ်မယ်။ ရေများများသောက်ဖို့ လိုတယ်။ ဆီးသွားပလေ့စေ။ မျက်ကွင်းညိုတာရှိရင် မျိုးရိုးကြောင့်လည်း ဖြစ်တက်သလို အာဟာရချို့တဲ့တာလည်း ထည့်စဉ်းစားရဦးမယ်။ စိမ်းတဲ့အရွက် များများစားပါ။ ပဲပုပ်၊ အသည်း ထည့်စားသင့်တယ်။ ဗီတာမင်နဲ့ အာဟာရဓာတ် တစ်မျိုးမျိုးလိုရင် ဖြည့်ပေးရမယ်။

         

နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းမှာ ဝက်ခြံပေါက်တာ အဆီပြန်မှုများလို့ ဖြစ်တယ်။ အဆီဂလင်း Sebum ထုတ်လုပ်မှုများသူဟာ အဆိုပါနေရာမှာ ဝက်ခြံထွက်လာမယ်။ အဆီဓာတ်ထိန်းတဲ့ Moisturizer ပစ္စည်းတစ်မျိုးမျိုးလိုတယ်။ လိမ်းဆေးထဲမှာ Cream Type  မျိုးမသုံးသင့်ပါ။ မိတ်ကပ်သုံးတဲ့ မိန်းကလေးတွေ သတိထားသင့်တယ်။ သွေးပေါင်များရင်လည်း အဆိုပါနေရာမှာ ဝက်ခြံပေါက်တက်ပြန်တယ်။ ဒါလည်း သတိပြုရမယ်။

         

မေးရိုးနေရာတွေမှာ ဝက်ခြံပေါက်သူဟာ မျက်နှာကို မကြာခဏ ကိုင်တွယ်တက်လို့ ဖြစ်ပတယ်။ မျက်နှာသစ်တဲ့အခါ အဆိုပါနေရာတွေကို သတိထားပြီး သစ်ပါ။ လက်နဲ့ကိုင်တွယ်တာ မလုပ်ပါနဲ့။ မျက်နှာသစ်ဆပ်ပြာ တစ်မျိုးမျိုးကို သေချာသုံးပါ။ ကိုယ်မသုံးဘူးတဲ့ Cosmetic မျိုးသုံးဖို့ မစဉ်းစားနဲ့။ အများစု အမျိုးသမီးတွေမှာ ဖြစ်တာ ဒီအချက်ကြောင့်ပါ။

         

မေးစေ့မှာ ဝက်ခြံပေါက်တာ ဟော်မုန်းမမှန်လို့ ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးမဝသူတွေမှာ တွေ့ရတယ်။ အမျိုးသမီးအများစု ရာသီပေါ်စမှာ ဝက်ခြံပေါက်ကြတယ်။ မေးစေ့နေရာမှာသာ ဖြစ်တယ်။ မျက်နှာကို မကြာခဏ ကိုင်တွယ်သူ၊ မျက်နှာသန့်ရှင်းရေး အားနည်းသူတွေမှာ ဖြစ်တက်တယ်။ Cleanser တစ်မျိုးမျိုး သုံးဖို့လိုပါတယ်။ တားဆေး ( Diane 35) လို ဆေးမျိုးက အမျိုးသမီး ဝက်ခြံမှာ အသုံးဝင်တက်တယ်။

         

လည်ပင်းနဲ့ ရင်ဘက်မှာ ဝက်ခြံပေါက်ရင် အရေပြားကြောင့်ဖြစ်တယ်။ နေလောင်တာ၊ အသားရေခြောက်သွေ့တဲ့အခါပေါက်နိုင်တယ်။ အပြင်ထွက်တဲ့အခါ နေလောက်ကာလိမ်းဆေး ပေးဖို့လည်း လိုပါတယ်။ အစိုဓာတ်ထိန်းပစ္စည်းတစ်မျိုးမျိုး သုံးရမယ်။ အပြင်သွားတဲ့အခါ နေရောင်နဲ့ တိုက်ရိုက်မထိအောင် အကာအကွယ်၊ အဆောင်းအကာ တစ်ခုခုသုံးဖို့ လိုပါတယ်။

         

ဝက်ခြံပေါက်တိုင်း ဟော်မုန်းနဲ့ ဗက်တီးရီးယားကိုချည်း အပြစ်တင်လို့မရပါ။ သူ့နေရာနဲ့သူ နောက်ခံ အကြောင်း ရာရှိနိုင်သေးတယ်။ ဒါတွေကို သတိထား ပြုပြင်ဖို့လိုပါတယ်။ ဖြစ်တဲ့နေရာအလိုက် သေချာသတိထားပြုပြင်နိုင်ရင် ဝက်ခြံကင်းစင်တဲ့ မျက်နှာလှလှလေး ပိုင်ဆိုင်လာလိမ့်မယ်။


Credit :

ဒေါက်တာ အေးမင်းထူး

(No.121, February 2017)

Health for All

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18