Print

အသားအရေထိန်းသိမ်းမှု ပစ္စည်းများ

  15-Feb-2019
Preview Image

အရေပြားထိန်းသိမ်းမှုပစ္စည်းဆိုတာ ဘာလဲ

          အရေပြားထိန်းသိမ်းမှု ပစ္စည်းဆိုတာ သင့်ရဲ့ အရေပြား ဆံပင်၊ လက်သည်း၊ ခြေသည်းတွေကို သန့်ရှင်းအောင်၊ ကျန်းမာအောင်၊ ကြည့်လို့ကောင်းအောင်၊ သစ်လွင်နေအောင် အသုံးပြုတဲ့ပစ္စည်းတွေကို ပြောတာပါ။


ဘာပစ္စည်းတွေ ပါဝင်ပါသလဲ

          အသားအရည်ထိန်းသိမ်းမှုပစ္စည်းတွေမှာ ဆပ်ပြာ၊ ချေး(ကြေး) ချွတ်ဆေး၊ မျက်နှာသစ်ဆေး၊ ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး၊ ချွေးနံ့ပျောက်ဆေး၊ မျက်နှာသန့်စင်ဆေးရည်၊ ရေအစိုဓာတ်ထိန်းပစ္စည်းနဲ့ နေကာပစ္စည်းများတို့ပါဝင်တယ်။


ဆပ်ပြာနှင့် ချေးချွတ်ဆေး

          ကိုယ်ခန္ဓာပေါ်က ဖုန်၊ အဆီ၊ ချေး၊ အနံ့၊ ပိုးမွှား၊ မိတ်ကပ် စတာတွေ အားလုံးကို ဆပ်ပြာနှင့် ချေးချွတ်ဆေးတွေက သန့်ရှင်းပေးတယ်။ ဒါပေမယ့် အလွန်အကျွံသုံးရင်အသားခြောက်တာ ဖြစ်စေတယ်။ ဒါဆိုရင် ယားမယ်၊ စပ်မယ်၊ အရေပြားအဖတ်ကွာမယ်။ ဒါကြောင့် အသာခြောက် တက်သူတွေဟာ ရေနဲ့ ဆပ်ပြာမလိုဘဲ မသုံးသင့်ဘူး၊ ဆပ်ပြာ ပျော့ပျော့ သုံးသင့်တယ်။ ရေနွေး မသုံးဘဲ ရေအေးသာ အသုံးပြုသင့်တယ်။ ရေချိုးပြီးတိုင်း ရေအစိုဓာတ် ထိန်းပစ္စည်း Moesturizer  ချက်ချင်း လိမ်းသင့်တယ်။ ဆပ်ပြာအမျိုးမျိုး ရှိတယ်။ အနံ့ပြင်းပြင်း ဆပ်ပြာတွေ၊ ဗက်တီးရီးယားပိုးသက်ဆေးပါတဲ့ ဆပ်ပြာတွေဟာ ပြင်းတက်တယ်။ ဆပ်ပြာအကြည်၊ ခရင်မ်ဆပ်ပြာတွေဟာ ဆပ်ပြာအပျော့တွေ ဖြစ်ပါတယ်။


ခေါင်းလျှော်ရည် Shampoo

          ဦးရေပြားပေါ်က ဖုန်တွေ၊ အဆီတွေ၊ အရေပြားဆဲလ်အဟောင်းတွေ သန့်စင်အောင် ဆံပင်သန့်ရှင်းအောင် ခေါင်းလျှော်ရည် အမျိုးမျိုး ရှိတယ်။ ကွန်ဒီရှင်နာပါရင် ဆံပင်ပျော့တယ်။ အဆီများတဲ့ ဦးရေအတွက် ခေါင်းလျှော်ရည်၊ ဆံပင်ပျက်စီးမှုပြုပြင်ပေးတဲ့ခေါင်းလျှော်ရည်၊ ကလေးငယ်များအတွက် ခေါင်းလျှော်ရည် စသဖြင့်ပေါ့။

          ခေါင်းလျှော်ရည်ဟာ ဦးရေပြားပေါ်မှာ ခဏပဲနေတဲ့အတွက် အလာဂျီဓာတ်မတည့်မှု ဖြစ်လေ့မရှိဘူး။ ဒါပေမဲ့ တခြားနေရာ အသားနဲ့ထိတာ ကြာရင်တော့ လွန်ကဲစွာ တုံ့ပြန်မှု Irritation ဖြစ်တက်တယ်။


ဆံပင်ပျော့ဆေး Conditioner

          ဆံပင်ပျော့ဆေးဆိုတာ ခေါင်းလျှော်ပြီးရင် ဆံပင်ကို ပိုမိုပျော့ပျောင်းအောင်၊ ဖြီးလို့ကောင်းဆောင် ပုံသွင်းလို့ကောင်းအောင် အသုံးပြုရတာပါ။ အရေပြား ပြဿနာ ဖြစ်လေ့မရှိဘူး။


ချွေးနံ့ပျောက်ဆေး

Deodorant & Antiperspirant

          Deodorant က ပိုးမွှားသေစေတယ်။ အနံ့ပျောက်စေတယ်။ Antiperspirants က ချွေးထွက်နည်း စေတယ်။ ဒီပစွည်းတွေက မတည့်တာ အဖြစ်နည်းတယ်။ ဒါပေမဲ့ ချိုင်းအရေပြား ပွန်းပဲ့ နေတဲ့အခါမျိုး၊ အမွှေးရိတ်ပြီးတဲ့အခါမျိုး၊ အများကြီးသုံးတဲ့ အခါမျိုးတွေမှာ တုံ့ပြန်မှုလွန်ကဲပြီး စပ်တာမျိုး ဖြစ်တတ်တယ်။


မျက်နှာသန့်စင်ဆေးရည် Astringent

          ဆပ်ပြာ မပြောင်တာ၊ အဆီကျန်တာတွေကို မျက်နှာသန့်စင်ဆေးရည်က ဖယ်ရှားပေးတယ်။ ရေအပြင် အရက်ပြန်၊ အက်ဆစ်ပျော့ပျော့တို့ ထပ်မံပါဝင်တာမို့ အရေပြားကို ခြောက်သွေ့စေတယ်။ ဒါကြောင့် ခြောက်သွေ့တဲ့ အသားအရေ၊ ထိခိုက်ခံစားလွယ်တဲ့ အသားအရေ၊ ပွန်ပဲ့နေတဲ့ အသားအရေရှိသူ သုံးရင် ယားတာ၊ ပူတာ၊ စပ်ဖျဉ်းဖျဉ်း ခံစားရတာ ဖြစ်တက်တယ်။


ရေအစိုဓာတ်ထိန်းပစ္စည်း Moisturizer

          အသားခြောက်ရင် ကွဲမယ်၊ အရေတွန့်မယ်၊ ယားမယ်၊ နာမယ်၊ အရေပြားခုခံမှု ကျမယ်။ အသားခြောက်တာနည်းအောင် ရေအစိုဓာတ်ထိန်း Moisturizer က ကူညီပေးတယ်။ အရေပြားရေငွေ့ပျံ့နံှ့မှု နည်းစေရန်လာနိုင်ရင် Lanolin၊ ဆီလီကွန် Silicon နဲ့ အဆီ Mineral Oil သုံးရတယ်။ အစိုဓာတ်များ အောင်ဂရစ်ဆလင်း၊ ပရိုတင်း၊ ဗီတာမင်တွေ ပါဝင် အသုံးပြုရတယ်။ ဒီပစ္စည်းတွေကို ဓာတ်မတည့်မှု အလာဂျီ ဖြစ်နိုင်ပါတယ်။


နေကာပစ္စည်း Sunscreen

          နေကာပစ္စည်းတွေမှာ နေရဲ့အလင်းရောင်ကို စုပ်ယူရန်၊ ဖြာထွက်ရန်၊ ရောင်ပြန်ဟပ်ရန် ဓာတုပစ္စည်း ပါဝင်တယ်။ PABA Esaters, Hypoallergenic၊ ဝက်ခြံအတွက် နည်းစေတဲ့ Non- Comedogenic or Nanacnegenic ပစ္စည်းများကို ရွေးချယ်ဖို့ ဖြစ်တယ်။ ဒါတွေက ဓာတ်မတည့်မှု သိပ်မဖြစ်စေဘူး။ ဝက်ခြံမထွက်စေဘူးလို့ ဆိုလိုတာပါ။ နေကာပစ္စည်း Sunscreen ရောနှောပါဝင်တဲ့ အလှကုန်ဆို ပိုကောင်းတာပေါ့။


Credit :

ဒေါက်တာစိုးဝင်းဦး

(အရေပြားအထူးကု ဆရာဝန်ကြီး)

No. 132,January 2018

Health for All

          



Related Articles


Advertisment 18