Print

လက်ကွဲခြင်း (CHAPPED HANDS)

  25-Feb-2017
Preview Image

လက်ကွဲခြင်း (CHAPPED HANDS)
လက်ကွဲခြင်း၏ အကြောင်းမှာ ရာသီဥတုနှင့် အသက်အရွယ် ကြီးရင့်ခြင်းကြောင့်
ဖြစ်နိုင်သည်။ အသက်အရွယ် ရလာသောအခါ အသားအရေကို စိုပြေပျော့ပျောင်းစေရန် ခန္ဓာကိုယ်မှ ထုတ်ပေးရသည့်အဆီများ အထွက်နည်းသွားခြင်းဖြစ်သည်။ ထိုအချိန်မျိုးတွင် အစိုငွေ့အထွက်နည်းသော ရာသီဥတုများသို့ရောက်လျှင် အရေပြားခြောက်ပြီး
ကသိကအောက် ဖြစ်မှုများကို ကြုံရပြန်သည်။ ကံအားလျော်စွာပင် ခြောက်သွေ့မာကျော
နေသော လက်ဖဝါးကြမ်းကို ကိုင်၍ကောင်းအောင် နူးညံ့စေသည့် ဆေးရည်၊ ဆေးဆီများ ရှိနေခြင်းဖြစ်သည်။ ထိုအခြေအနေမျိုး၌ အောက်ပါနည်းလမ်းများက အထောက်အပ့ံ
ဖြစ်နိုင်သည်။

 

ရေကိုရှောင်ပါ
လက်ကွဲခြင်းကိစ္စတွင် အဓိကအားဖြင့် ရေနှင့်ဝေးဝေးရှောင်ဖို့ ဖြစ်သည်။ ရေဖြင့် လက်ကို အကြိမ်ကြိမ် ဆေးခြင်းဖြင့် လက်ဖဝါးအလွှာထဲမှ သဘာဝအဆီများ ယုတ်လျော့ သွားရန် အငွေ့ပျံသည့်နည်းဖြင့် ထွက်သွားသည်။

 

ရေချိုးဆီ (Bath oil) ဖြင့် ဆေးပါ
ဆပ်ပြာမသုံးသော စနစ်တစ်မျိုးမှာ ရေချိုးဆီကို သုံးခြင်းဖြစ်သည်။ ဆပ်ပြာ သုံးရသည်ကဲ့သို့ စိတ်ထဲတွင် သန့်မသွားသော်လည်း လက်များ မခြောက်ရန် ထိန်းထားနိုင်သည်။

 

လက်ကိုဆေးတိုင်း အပေါ်ယံလိမ်းရန်
လိုး ရှင်း (Lotion) လိမ်းဆေးရည်မှာ အစိုဓာတ် အနည်းဆုံးဖြစ်သည်။ ထို့ကြောင့် ယင်းကို ပထမလိမ်းပြီး ဒုတိယအနေဖြင့် ကရင်မ်ကို လိမ်းသင့်သည်။ မနေသာမှ ဖယောင်းချက် (Ointment) တစ်မျိုးမျိုးကို ထပ်၍လိမ်းဖို့ဖြစ်သည်။

 

လက်ခြောက်သွေ့စက်နှင့် ဝေးအောင်အခြောက်ခံပါ
လက်ဆေးပြီး ခြောက်သွေ့အောင် အပူပေးစက်များသည် လက်ကွဲခြင်းနှင့် မသင့်မြတ်။ ထို့ကြောင့် မဖြစ်မနေ အခြောက်ခံရလျှင် အငွေ့ထွက်သော စက်နှုတ်သီးနှင့် တစ်ထွားခန့်ဝေးအောင် အခြောက်ခံပါ။

 

ရေနွေးစိမ်ဖို့
သာမန်အားဖြင့် ရေနှင့်မထိခြင်းသည် ကောင်းသော်လည်း တစ်ခါတစ်ရံ မိနစ်အနည်းငယ်မျှ ရေနွေးစိမ်ပေးသင့်သည်။ ထို့နောက် ဟင်းရွက်ဆီ (သို့) တွင်းထွက်ဆီတစ်မျိုး လိမ်းပြီး အစိုပြန်နေအောင် ထိန်းထားသင့်သည်။ နီဘရပ်စကား တက္ကသိုလ်ဆေးကျောင်းမှ အရေပြားရောဂါဆိုင်ရာ ပါမောက္ခ ရော့ဒနီ ဘတ်စလာ (Rodney Basler) က ရေချိုးဆီနှင့် ရေနွေးရော၍ ညအိပ်ခါနီး စိမ်ပေးလျှင်လည်း သက်သာနိုင်သည်ဟု ညွှန်းသည်။

 

အဆီလိမ်းလျှင် ပါးပါးနှစ်ကြိမ်ထပ်၍ လိမ်းသင့်
ကရင်မ်နှင့် လိုးရှင်းအဆီများ လိမ်းသောအခါ ပထမအကြိမ် ပါးပါးလိမ်းပြီးနောက် ထပ်၍တစ်ကြိမ် ပါးပါးလိမ်းလျှင် အစိုဓာတ်ထိန်းနိုင်သည်ဟု ဆို၏။

 

ဂလစ်စရင်းနှင့် လီမွန်ဆီရောစပ်လိမ်းဖို့
ကွဲသောလက်ကို သက်သာအောင် အဆီလိမ်းရာတွင် ဂလစ်စရင်းနှင့် လီမွန်အဆီကို
ရော၍လိမ်းလျှင် အအေးသက်သာနိုင်သည်ဟု နယူးယောက်မြို့မှ ကိုယ်အရေပြားအလှအပ ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင် လီယာ စကော (Lia Schoor) က အကြံပေးသည်။

 

ခေါင်းလျှော်လျှင်သတိ
ကွဲအက်နေသော လက်သည် ခေါင်းလျှော်ရည်နှင့် ထိလျှင်ပင် စပ်ဖျဉ်းနာကျင်
တတ်သဖြင့် ခေါင်းလျှော်လျှင် ပလတ်စတစ်လက်အိတ် သုံး၍ဖြစ်စေ၊ အခြားတစ်ဦးဦးအား မိမိခေါင်းကို လျှော်ပေးခိုင်း၍ ဖြစ်စေ၊ ပြုလုပ်ပေးသင့်သည်။ 

 

ချက်ပြုတ်ပြင်ဆင်လျှင်
မီးဖိုတွင် ချက်ပြုတ်ရသောအခါ သံပရာရည်ညှစ်ခြင်း ကဲ့သို့၊ ကြက်သွန်နီ၊ ဟင်းသီးဟင်းရွက် ကိုင်တွယ်လှီးဖြတ်ခြင်းကဲ့သို့ ပြုလုပ်ရပါက လက်ကွဲနာနှင့် မသင့်သဖြင့် မလုပ်သင့်ပါ။

 

Healthcare.com.mm

Ref:
မောင်ဆုရှင် မြန်မာပြန်သည်
အိမ်တွင်းသမားတော် ဒုတိယတွဲ စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18