Print

မွေးရာပါအမှတ်တွေကို ကုသဖို့ လို၊ မလို

  25-Feb-2017
Preview Image

မွေးရာပါအမှတ်တွေကို ကုသဖို့ လို၊ မလို
မွေးရာပါ အမှတ်အများစုသည် အန္တရာယ် မရှိတတ်ဘဲ ကုသရန် မလိုချေ။ အချို့မွေးရာပါ အမှတ်များသည် အချိန်နှင့်အမျှ မှိန်လာပြီး ပျောက်သွားတတ်ပါသည်။ အချို့မွေးရာပါ အမှတ်များကို ခွဲစိတ်ဖယ်ရှားနိုင်ပြီး အချို့မွေးရာပါ အမှတ်များကို လေဆာဖြင့် အရောင်ဖျော့အောင် ပြုလုပ်နိုင်ပါသည်။ အချို့ကုသမှုများမှာ နာကျင်တတ်ပြီး တစ်ခါတစ်ရံ အလုပ်မဖြစ်တတ်ပါ။ ထို့နောက် မွေးရာပါ အမှတ်များကို ကုသမှုမပြုခြင်းဖြစ်ပါသည်။
ဆေးပညာရှု့ထောင့်အရ မွေးရာပါအမှတ်များကို ကုသရန် မလိုအပ်တတ်ဘဲ အမြင်အာရုံကို နှောင့်ယှက်ခြင်း၊ အသက်ရှူခြင်းကို နှောင့်ယှက်ခြင်း၊ စကားပြောရာ
တွင် နှောင့်ယှက်ခြင်း သို့မဟုတ် လှုပ်ရှားမှုပြုရာတွင် နှောင့်ယှက်ခြင်း စသည်တို့ဖြစ်
မှသာ ကုသရန်လိုအပ်ပါသည်။ ကိုယ်တွင်းအင်္ဂါများတွင် ဖြစ်သော မွေးရာပါအမှတ်
များကို ကုသရန် လိုအပ်ပါသည်။

 

မွေးရာပါအမှတ်ရှိသူများ လုပ်သင့်တာ
မွေးရာပါအမှတ်အများစုသည် ကိုယ်ခန္ဓာကို အန္တရာယ်မပေးတတ်သော်လည်း ရှက်ခြင်းနှင့် မိမိကိုယ်ိမိမိ သတိထားမိနေခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ မိဘများ
အနေဖြင့် မွေးရာပါအမှတ်များသည် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ကြောင်း နားလည်
လက်ခံသင့်ပါတယ်။ မွေးရာပါအမှတ်ရှိနေခြင်းကို လက်မခံနိုင်ပါက တတ်ကျွမ်း
နားလည်သော ဆရာဝန်နှင့် ပြသသင့်ပါတယ်။ 

အောက်ပါတို့သည် သင့်ကလေး၏ ကြွတက်နေသော မွေးရာပါအမှတ်ကို အကူအညီပေးနိုင်ပါသည်။
- ကုတ်ဖဲ့ခြင်းမှရှောင်ကြဉ်ပါ။
- အကယ်၍ သွေးကြောထုံးများသည် နာလာ၊ သွေးထွက်လာ၊ အနာဖြစ်လာပါက ထိုနေရာအား သန့်သော အဝတ်ဖြင့် ၁၀ မိနစ်ခန့် ဖိထားပြီး ဆရာဝန်နှင့် ပြသင့်ပါသည်။
- မွေးရာပါအမှတ်များကို အနည်းငယ် ထိခိုက်မိလျှင် ပဋိဇီဝလိမ်းဆေးများ လိမ်းသင့်ပါသည်။ ထိခိုက်မှုများပါက ဆရာဝန်နှင့်ပြသသင့်ပါသည်။
- သွေးကြောထုံးများသည် စတင်၍ ကျုံ့လာပါက အရေပြားသည် ပျော့လာပြီး ထိခိုက်လွယ်လာတတ်ပါတယ်။ ထိုအရေပြားကို မည်သို့ ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။

မွေးရာပါအမှတ်များကို ခွဲစိတ်ကုသမှု သို့မဟုတ် လေဆာဖြင့်ကုသမှု ပြုပြီးပါက ကုတ်ဖဲ့ခြင်းမှ ရှောင်ကြဉ်ရန် ကလေး၏ လက်သည်းများကို တိုတိုညှပ်ပေးထား သင့်ပါသည်။ ခွဲစိတ်ကုသမှုပြီးပါက ရက်သတ္တပတ် အနည်းငယ် နေရောင်ထိတွေ့ခြင်းမှ
ရှောင်ကြဉ်ရန် အရေးကြီးပါသည်။ ကုသမှုခံယူထားသောနေရာ လုံးဝအနာကျက်
သည်အထိ နေရောင်ထဲသို့ထွက်လျှင် နေရောင်ကာဆီများ အသုံးပြုသင့်ပါသည်။ 

 

Healthcare.com.mm

Ref:
ဒေါက်တာခိုင်ခိုင်ဇော်
အရေပြားအထူးကုဆရာဝန်ကြီး
အရေပြားရောဂါများအကြောင်း တစေ့တစောင်း စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18