Print

Abrasion ပွန်းပဲ့ဒဏ်ရာများ

  30-Oct-2016
Preview Image

အရေပြား၏ အပေါ်ယံအကျဆုံးအလွှာတွင် ထိခိုက်ဒဏ်ရာ ရခြင်းကြောင့် ဖြစ်ပွားသော ဒဏ်ရာများဖြစ်ပြီး အရေပြားစုတ်ပြဲပြီး အောက်အလွှာပေါ်လာခြင်းဖြစ်သည်။ ထိုဒဏ်ရာများသည် ကလေးငယ်များတွင် အများဆုံးဖြစ်ပွားပြီး စိုးရိမ်စရာမရှိပေ။ သို့ရာတွင် ရောဂါပိုးဝင်ရောက်လျှင်ကား အန္တရာယ်ဖြစ်နိုင်သည်။ အလွန်သေးငယ်သော ပိုးမွှားကလေးများက ပွန်းပဲ့နေသော တစ်သျှူးကြွက်သားများထဲ ဝင်ရောက်ပြီး ရောင်ရမ်းခြင်းနှင့် ပြည်တည်ခြင်းကိုဖြစ်စေနိုင်သည်။ပွန်းပဲ့သောဒဏ်ရာများကို သန့်စင်သော ရေကျက်အေးနှင့် ဆေးကြောပြီးနောက် အရက်ပျံ (သို့) အခြားပိုးသတ်ဆေးတစ်ခုခု ထည့်ပေးပါ။ ရေသန့်သန့်မရသောအခါတွင် မိမိ၏ တံတွေးနှင့် ဆွတ်ပြီး ဆေးကြောပါ။ တံတွေးတွင် ပိုးသေစေနိုင်သော ဂုဏ်သတ္တိအနည်းငယ် ပါရှိပါသည်။ ပွန်းပဲ့သော ဒဏ်ရာသေးငယ်ပါက မဖုံးအုပ်ဘဲ လေဖြင့် ခြောက်သွေ့စေသင့်ပါသည်။ ဒဏ်ရာကြီးမားပါက ဒဏ်ရာကို မကပ်စေသော ပတ်တီးဖြင့် (ဥပမာ - Melolin) ကပ်ထားပြီး ၃-၄ ရက်ကြာမျှ ထားရမည်။ ဤအတိုင်းလုပ်ဆောင်သော်လည်း ပြည်တည်လာပါမူ ဆရာဝန်နှင့် ပြသ၍ ညွှန်ကြားသော ပဋိဇီဝဆေးများ သောက်သုံးရမည်ဖြစ်ပါသည်။

Healthcare.com.mm

 

Ref:

ဒေါက်တာမေမိုးနွယ်

မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18