Print

အမျိုးသားများက အမျိုးသမီးများထက်ပို၍နောက်ကျောဘက်မှာဝက်ခြံပေါက်လေ့ရှို

  30-Oct-2016
Preview Image

အမျိုးသားများက အမျိုးသမီးများထက်ပို၍ နောက်ကျောဘက်မှာ ဝက်ခြံပေါက်လေ့ရှိုကြပါတယ်။ အဲဒီဝက်ခြံတွေ ဘယ်လိုပျောက်ကင်းအောင် လုပ်ရမယ် မသိဖြစ်နေသူများ အတွက်၊ အောက်ပါကုထုံးများဖြင့် စမ်းသပ်ကြည့်စေလိုပါတယ်။

၁။ အဝလွန်သူများ၊ အဆီပြန်သောအရေပြားများနဲ ့ စိတ်ဖိစီးတဲ့အခါမျိုးတွေမှာကျောကုန်းတွင်ဝက်ခြံများစွာ ထွက်ရှိလာတတ် တာကြောင့် စိတ်အပန်းဖြေခြင်း၊ယောဂကျင့်ခြင်း၊အသက်ပြင်းပြင်းရှုခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ တရားမှတ်ခြင်း(အာနာပါန ရှုခြင်း)၊ စိတ်ညစ်စရာမပြေလည်မှုများကိုမေ့ပျောက်ခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်း...တို့ ပြုလုပ်ပါ။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကလည်း နောက်ကျောဘက်ရှိ ချွေးပုပ်များထွက်လာကာ အရေပြားပေါ်မှအဆိပ်အတောက်များပြေ၍ ဝက်ခြံပျောက်စေပါတယ်။

၂။ ကျောကုန်းရှိ ဝက်ခြံများက ယားယံလေ့ရှိတာကြောင့် လက်ဖြင့်ညှစ်ခြင်း၊ ပွတ်တိုက်ခြင်း၊ ကုတ်ဖဲ့ခြင်းမလုပ်ပါနှင့်။ ထိုသို ့ပြု ခြင်းဖြင့် ဝက်ခြံအဖုမှထွက်လာသော သွေးနှင့်အရည်ကြည်များကနောက်ထပ်ဝက်ခြံအသစ်များအလျှှင်အမြန်ပွားလာစေပါ တော့တယ်။

၃။ green tea(ခေါ်)လ္ဘက်စိမ်းရွက်တို ့က ကျောကုန်းပေါ်ရှိ ဝက်ခြံတို့ကို သက်သာစေတဲ့အပြင်၊ ဝက်ခြံပေါက်ပြီးသော အရေပြားကို ပြန်လည်အားသစ်လောင်းပေးနိုင်တာကြောင့်၊ လက်ဖက်စိမ်းရွက်တို ့ကို ကြိတ်ချေလိမ်းခြင်း(သို ့မဟုတ်) ၎င်းဆေးဘက်ဝင်အပင်ဖြင့်ပြုလုပ်ထားသော အရေပြားလိုးရှင်းကရင်မ်သုံးခြင်း (သို ့မဟုတ်) လက်ဖက်စိမ်းရွက် အဆီလိမ်းခြင်းတို ့ပြုလုပ်ပေးပါ။

၄။ ရှာစောင်းလက်ပတ်အပင်က အရေပြားအတွက်အကောင်းဆုံးအဖော်မွန်ဖြစ်လို ့၊ ၎င်းအပင်၏ဂျယ်လီဖြင့် ကျောဘက်အနှံ ့ အသားထဲထိ စိမ့်အောင်လိမ်းပေးပါ။

၅။ မှိုမတက်စေရန်လည်းကောင်း၊ အက်စ္စပရင်ဆေးပြားတွင်လည်းကောင်း၊ ဆိုးဆေး များတွင်လည်းကောင်း salicylic အက်ဆစ် (ခေါ်) ဓာတုပစ္စည်းတစ်မျိုးကို ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ ထိုအက်ဆစ်ကနောက်ကျောဘက်ရှိဝက်ခြံဖုများကိုလည်း ထိထိရောက်ရောက်သက်သာစေလို ့salicylic အက်ဆစ်ပါသောကိုယ်တိုက်ဆပ်ပြာကို ရွေးချယ်သုံးပေးပါ။ (သို့မဟုတ်) anti bacteria ပါသော ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။

၆။ အတွင်းခံအကျီကြပ်ကြပ်မဝတ်ပါနှင့်။ ချွေးထွက်၊ လေပိတ်ပြီး ဝက်ခြံများကို ပိုမိုယားယံစေပါတယ်။

၇။ လက်နှစ်ဘက်ရှိ လက် ၁၀-ချောင်းက နောက်ကျောအနှံ ့ချေး(ဂျီး)ညှော်များကို ပြောင်စင်အောင်မတိုက်ချွတ်နိုင်ပါဘူး။ ထို့ကြောင့်ရေချိုးခန်းသုံးတာဝါ (သို ့မဟုတ်)ရေမြှုပ်တာဝါကို နောက်ကျောဘက် ကန် ့လန့်/ဒေါင်လိုက် ပုံစံအမျိုးမျိုးဖြင့် တိုက်ချွတ်ဆေးကြောပါ။

၈။ ထို ့နည်းတူ ရေချိုးပြီးနောက် နောက်ကျောရှိဆပ်ပြာရည် အကြွင်းအကျန်များကို ကုန်စင်အောင် ရေများများလောင်းချိုးပြီး၊ မျက်နှာသုတ်ပဝါဖြင့် ကျောအနှံ ့ရေများခြောက်သွေ ့သွားအောင်ပွတ်တိုက် သုတ်ပေးပါ။ သို ့မဟုတ်ပါက ထိုဆပ်ပြာရည် အကြွင်း အကျန်ထဲရှိ ဓာတုပစ္စည်းများက အရေပြားယားယံပြီး ဝက်ခြံအဖုများပေါက်ပွားလာစေပါတယ်။

၉။ ကွေကာအုတ်အကြမ်းများက ကျောကုန်းပေါ်ရှိဝက်ခြံများကို အံ့ဘွယ်သန့်စင်ပေး လို ့၊ ကွေကာအုတ်ကို ရေနွေးဖြင့်ပျစ်ပျစ် ဖျော်၍ထိုဝက်ခြံဖုများအပေါ်ခပ်နာနာပွတ်တိုက်ပေးပါ။ ရက်သတ္တ ၁-ပတ်အတွင်းမှာပင်သိသိသာသာလျော့ပါးသွား စေပါလိမ့် မယ်။

၁ဝ။ ငှက်ပျောသီးမှည့်မှည့်ကိုကြိတ်ချေပြီး၊ နောက်ကျောအနှ့ံ ပွတ်တိုက်လိမ်းပေးပါ။ နောက် ၅-မိနစ်အကြာမှာ ရေနွေးနွေးမှာနှစ်စိမ်ထားသော မျက်နှာသုတ် ပုဝါနွေးနွေးဖြင့် ကျောကုန်းကို ပွတ်တိုက်သန့်စင်ပေးပါ။

၁၁။ ရေချိုးပြီးတိုင်း ဆားကြမ်းကို ရေပျစ်ပျစ်ဖျော်၍ ကျောကုန်းမှာ အသာအယာပွတ်ပေးပါ။ ထိုဆားပျော်ရည်ခြောက်သွားတဲ့ အထိ စောင့်ပြီးနောက်၊ ရေအေးဖြင့်ပြန်လည်ဆေးကြောသန် ့စင်ပါ။ တစ်နေ ့ ၂-ကြိမ်ထိုသို့ မှန်မှန်လုပ်ပေးခြင်းဖြင့် ရက်အနညး်ငယ်အတွင်း သိသိသာသာဝက်ခြံများလျော့ပါးသွားစေပါတယ်။

၁၂။ မုန် ့ဖုတ််ဆော်ဒါမှုန် ့များကလည်း အရေပြားပေါ်ရှိ ဝက်ခြံများအတွက် ဆေးစွမ်းထက်မြက်ကြောင်း အရေပြားအထူးကု ဆရာဝန်များက ထောက်ခံအားပေးကြပါတယ်။ ထိုဆော်ဒါမှုန် ့ကို ရေအေးဖြင့် ပျစ်ပျစ်ဖော်၍ ကျောဘက်ရှိဝက်ခြံများအပေါ် စက်ဝိုင်းသဏ္ဍာန် အသားထဲထိစိမ့်ဝင်အောင် နှိပ်နယ်လိမ်းကျံပေးပါ။ ၁ဝ-မိနစ်ခန် ့အကြာ ရေနွေးနွေးဖြင့် ပြန်လည်သန် ့့စင်လိုက်ပါ။

၁၃။ မည်သို ့ပင်ဆေးဝါး ကုထုံးများသုံးစေကာမူ၊ နေ ့စဉ်ပုံမှန်စားနေသော အစားအသောက်ကလည်း အရေပြားကျန်းမာရေး အတွက် အဓိကကျတာမို ့ဆင်ဆင်ခြင်ခြင်စားပါ။ ပြည့်ဝဆီပါသောအစားအစာဟင်းလျာများ၊ ဆီဟောင်းကို ထပ်ခါထပ်ခါ သုံးထားသော အကြော်အလှော်များ၊ အဆီမထုတ်ထားသော နို့နှင့် နို ့ထွက်ပစ္စည်းများရှောင်ပါ။ ရေများများသောက်ပါ။ လတ်ဆတ်ပြီးအရည်ရွှမ်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ များများစားပါ။ ဗီတာမင်စီကြွယ်ဝသော ရှောက်ရည်၊ သံပုရာရည်၊ နာနတ် သီးစားပေးပါ။

၁၄။ စတော်ဘယ်ရီသီး၊ သင်္ဘောသီး၊ ထောပတ်သီးများက အသားအရေကိုသန် ့စင်ပေးလို့ များများစားပါ။ ထိုအသီးတို ့ဖြင့် ပြုလုပ်ထားသော လိုးရှင်း(ကရင်မ်)လိမ်းပေးပါ။

၁၅။ နနွင်း(စနွင်း)မှုန် ့က ဝက်ခြံကဲ့သို ့အရေပြားရောဂါ အမျိုးမျိုးအတွက် သဘာဝပိုးသတ်ဆေးအဖြစ် ဆေးစွမ်းထက်မြက်စေ ပါတယ်။ ဂျုံမှုန် ့နဲ နနွင်း(စနွင်း)မှုန် ့တို ့ကို ဆတူရောပြီး၊ ရေသန် ့ဖြင့်ပျစ်ပျစ်ဖျော်ကာ၊ရလာသောအနှစ်ဖြင့် နောက်ကျော ဘက်ရှိ ဝက်ခြံများပေါ် တစ်နေ ့၂-ကြိမ်ကျလိမ်းပေးပါ။

 

Healthcare.com.mm

Ref:

ပေါက်ပေါက်

The natural remedies for Back Acne



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18