Print

အလှပမြတ်နိုးသူများအတွက် အရေပြားကျန်းမာရေး

  30-Oct-2016
Preview Image

တရားဓမ္မသဘောအရစက္ကန့်နဲ့အမျှဖောက်ပြန်ပျက်စီးနေတဲ့ကိုယ်ခန္ဓာကြီးကအချည်းနှီးပါလို့ ဆိုပေမယ့်အဲဒီအတိုင်းလိုက်နာရှုမှတ်သူထက်မေ့လျော့ထားပြီး ခြယ်သနေကြတာကသာများလေရဲ့။ စပါးလုံး တထောက်စာအရေပြားရဲ့အလှအပကလည်း လူတွေကိုဆွဲဆောင်နိုင်ပေတာကိုး။ လူ့ခန္ဓာကိုယ်မှာအပေါ်ယံအဖြစ်ဆုံးဖြစ်တဲ့အရေပြားကထင်သာမြင်သာအဖြစ်ဆုံးအင်္ဂါအစိတ်အပိုင်း ဖြစ်နေတာလည်းပါတာပေါ့။အဲဒီတော့လည်းအရေပြားကျန်းမာရေးကိုဂရုစိုက်သင့်ပေသပေါ့။ နေရောင်ခြည်ဒဏ် ကာကွယ်တာနဲ့ သန့်ရှင်းရေးလုပ်ပေးတာလိုမျိုးက ကောင်းမွန်တဲ့အရေပြားစောင့်ရှောက်နည်းပါပဲ။နေထိုင်စားသောက်မှု ပုံစံ ပြောင်းလဲပေးတာကလည်း အိုမင်းမှုကို အချိန်ဆွဲပေးထားနိုင်သလို အရေပြား ရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။ အရေပြားကျန်းမာရေးအတွက ်လုပ်ဆောင်သင့်တာလေးတွေရှိပါတယ်။

နေရောင်ခြည်ဒဏ်ကာကွယ်ပါ

အရေပြားကာကွယ်ရေးမှာအရေးအကြီးဆုံးကတော့နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုကိုကာကွယ်ပေးခြင်းပါပဲ ။နေရောင်ခြည်ကြာရှည် တိုက်ရိုက်ထိတွေ့မှုကနေအရေပြားတွန့်တာ၊ အစက်အပြောက်တွေပေါ်တာနဲ့ တခြား အရေပြားရောဂါတွေ ဖြစ်စေတာပါပဲ။ ဒါတင်မကအရေပြားကင်ဆာ ဖြစ်နိုင်ခြေလည်း များစေပါတယ်။ ကာကွယ်နိုင်တဲ့နည်းတွေကတော့နေရောင်ကာ (Sunscreen) လေးလိမ်းပါ။ ဒီခေတ်မှာ ဒီလိမ်းဆေးတွေ အများကြီးပေါ်လာနေပါပြီ။ အမည်စုံ၊ နိုင်ငံစုံကပေါ့။ တော်တော်လည်း အသုံးပြုနေကြတာတွေ့ရပါတယ်။ အပြင်ကို နေပူထဲထွက်တိုင်း ၂နာရီခြားတခါလောက်လိမ်းပေးသင့်ပါတယ်။ သတိပြုရမှာကတော့နေရောင်ခြည်ကကာကွယ်စွမ်း SPF 15 အနည်းဆုံးပါဝင်မှသာသုံးသင့်ပါတယ်။ ဘူးကလေးတွေမှာ SPF ပါဝင်မှုအမြဲပြထားတာမို့ကြည့်ဖို့မမေ့ပါနဲ့။

အရိပ်ခိုပါ

နံနက် ၁၀နာရီကနေ ညနေ၄နာရီအကြား အချိန်တွေက နေရောင်ခြည်အပြင်းထန်ဆုံးပါပဲ။ ဖြစ်နိုင်မယ်ဆိုရင ်အဲဒီအချိန် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှု နည်းနိုင်သမျှနည်းပါစေ။

အကာအကွယ်အဝတ်တွေဝတ်ဆင်ပါ

အရေပြားကို ချည်ထည်စိတ်စိတ်နဲ့ ရက်လုပ်ထားတဲ့ လက်ရှည်ရှပ်အကျႌမျိုး၊ ဘောင်းဘီရှည်၊ဦးထုပ်တွေနဲ့ဝတ်ဆင်ကာကွယ်ပါ။ ဖြစ်နိုင်ရင်တော့အဝတ်တွေလျှော်ဖွတ်ရာမှာတောင်ခရမ်းလွန်ရောင်ခြည ်ကာကွယ်တဲ့ ဓာတုပစ္စည်းပါဝင်တဲ့ဆပ်ပြာတွေသုံးနေကြပြီလို့ဆိုပါတယ်။

ဆေးလိပ်မသောက်ပါနဲ ့

အရေပြားကို အိုမင်းရင့်ရော်စေတာ၊ အရေးအကြောင်းတွေနဲ့ တွန့်ကွေးစေတာစတဲ့ အကျိုးတွေရစေတာက ဆေးလိပ်သောက်ခြင်းကအကြောင်းတခုပါပဲ။ဆေးလိပ်သောက်ရင်အရေပြားရဲ့အပြင်ဆုံးလွှာကသွေးကြောငယ်လေးတွေကျဉ်းလာပါတယ်။အဲဒီအခါသွေးသွားလာမှုလျော့လာပါတယ်။ အရေပြားအတွက် အရေးကြီးတဲ့ အောက်ဆီဂျင်နဲ့ အာဟာရတွေ ယုတ်လျော့လာပါတယ်။ အဲဒါကြောင့် အရေပြားရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတော့တယ်။ဒါတွင်မက အရေပြားကိုကြံ့ခိုင်အောင်၊ ကျုံ့ကျယ်နိုင်အောင်လုပ်ပေးတဲ့အမျှင်တွေဖြစ်တဲ့ Col-lagenနဲ့ Elastin တွေကိုလည်းပျက်စီးစေတာပါပဲ။ နောက်ပြီးဆေးလိပ်သာက်တဲ့အခါ ဖြစ်တတ်တဲ့ မျက်နှာ အနေအထားကနေအရေးအကြောင်းအတွန့်အခေါက်တွေ ဖြစ်စေတာပါပဲ။ ဆေးလိပ်မှုတ် ထုတ်လိုက်ရင ်နှုတ်ခမ်းစုတွန်းလိုက်ရတာ၊ မျက်လုံးပေါက်ကျဉ်းသွားရတာတွေပေါ့။ ဆေးလိပ်သောက်နေသူတယောက်က အရေပြားကျန်းမာရေးအတွက် ကာကွယ်ချင်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်တာထက် ကောင်းတဲ့ နည်းမရှိဘူးလို့ဘဲ ပြောပါရစေ။

အရေပြားကိုညင်ညင်သာသာဆက်ဆံပါ

အရေပြားလှပကျန်းမာစေချင်တယ်ဆိုရင်ဖြင့်နေ့စဉ်လုပ်ဆောင်နေတဲ့ သန့်ရှင်းရေးလုပ်ငန်းဆောင်တာတွေမှာ ညင်သာဖို့အရေးကြီးပါတယ်။

ရေချိုးချိန်

ရေပူနဲ့ရေချိုးတာ၊အကြာကြီးရေချိုးတာမျိုးကအရေပြားပေါ်ကအဆီတွေကိုဖယ်ရှားပစ်ပါတယ်။ရေချိုးချိန်ကိုတိုတောင်းစေဖို့၊ ရေနွေးနွေးမျှသာသုံးဖို့အရေးကြီးပါတယ်။

ဆပ်ပြာအပြင်းစားတွေ

ချွတ်ဆေးလိုမျိုးပါဝင်တဲ့ဆပ်ပြာအပြင်းစားတွေကလည်းအရေပြားပေါ်ကအဆီတွေကိုဖယ်ရှားပစ်တာပါပဲ။အနံ့ရော၊အထိအတွေ့ပါပျော့ပျောင်းတာမျိုးသုံးသင့်ပါတယ်။

အမွေးအမျှင်သုတ်သင်ရာမှာ

နှုတ်ခမ်းမွေး၊မုတ်ဆိတ်မွေးရိတ်သင်ရာမှာအရေပြားကိုချောမွေ့စေဖို့ကရင်မ်၊လိုးရှင်း၊ဂျဲလ်တွေသုံးသင့်ပါတယ်။ရိတ်တဲ့ဓားကိုထက်နေစေရပါမယ်။ပြီးတော့ရိတ်သင်ရာမှာအမွေးအမျှင်ရဲ့ထွက်လာတဲ့ဦးတည်ရာအတိုင်းအလိုက်သင့်ရိတ်ပါ။နောက်လှန်ရိတ်တာမျိုးမလုပ်ပါနဲ့။ ခပ်ဖွဖွခြောက်သွေ့အောင်ရေချိုးပြီးချိန်၊ဆေးကြောပြီးချိန်တွေမှာမျက်နှာသုတ်ပဝါနဲ့ခပ်ဖွဖွသာတို့ပတ်ရိုက်သလိုခြောက်သွေ့အောင်လုပ်ပါ။အရမ်းကာရောတိုက်ချွတ်ပြီးခြောက်သွေ့အောင်မလုပ်ပါနဲ့။ဒါမှအရေပြားမှာစိုစွတ်မှုအငွေ့အသက်လေးကျန်ပြီးကျန်းမာစေမှာပါ။

ခြောက်သွေ့လွန်းတဲ့အရေပြားတွေအတွက်

စိုစွတ်မှုလေးရှိနေအောင်တော့ဂရုစိုက်ရပါမယ်။ဒါမှအရေပြားကိုတင်းရင်းစေမှာပါ။အရေပြားအတွက် Moisturizer တွေရှိပါတယ်။သူ့မှာလည်း SPF ပါဝင်တာကိုသာ သုံးသင့်တာပါ။

ကျန်းမာရေးနဲ့ ကိုက်ညီတဲ့အစားအစာတွေစားပါ

ကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားအစာတွေစားတာကရုပ်ရောစိတ်ပါကောင်းမွန်လန်းဆန်းစေပါတယ်။သစ်သီးဝလံတွေ၊ဟင်းသီးဟင်းရွက်တွေ၊ဆန်ကြမ်း၊ဂျံုကြမ်းနဲ့လုပ်တာတွေ။အဆီဖယ်ထားတဲ့အသားတွေများများစားသုံးတာကအကောင်းဆုံးပါပဲ။အစားအသောက်မှာဗီတာမင်စီများများပါဝင်တာ၊အဆီပါဝင်မှုနည်းတာနဲ့ ဆန်၊ဂျံုကြမ်း တွေကအရေပြားနုပျိုမှုကိုအထောက်အကူ ပြုတယ်လို့တော့လေ့လာသူတွေကပြောဆိုကြပါတယ်။

စိတ်ဖိစီးမှုဂရုပြု

စိတ်ဖိစီးမှုမထိန်းချုပ်နိုင်ရင်အရေပြားအတွက်မကောင်းတဲ့အကျိုးဆက်တွေရလာတာတော့အသေအချာပါပဲ။အထူးသဖြင့်ဝက်ခြံနဲ့တခြားအရေပြား ပြဿနာတွေ ပေါ်စေပါတယ်။ စိတ်ရွှင်ပျမှ အရေပြားကလေးလည်းလှမှာပါ။စိတ်ဖိစီးမှုကိုပြေလျော့အောင်ကြိုးစားနိုင်ဖို့ကအရေးကြီးပါတယ်။ အလုပ်အတွက်၊ကိုယ်ရေးကိုယ်တာအတွက ်အချိန်အဆလေးတွေနဲ့စိတ်ဖိစီးမှုလျော့နည်းအောင်လုပ်ကြတာပေါ့။

Healthcare.com.mm

 

Ref:

ဒေါက်တာသက်ဦး

The Irrawaddy (Burmese Version)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18