Print

အာဟာရဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သည့် အရေပြားရောဂါ ပယ်လာဂရာ (Pellagra)

  30-Oct-2016
Preview Image

ပယ်လာဂရာသည် ဗီတာမင် B3(Niacine) ချို့တည့်၍ ဖြစ်သောရေပြား ရောဂါ ဖြစ်ပြီး အရေပြားတွင် အနာဖြစ်စေကာ အစာချေလမ်းကြောင်းနှင့် အာရုံကြောများကိုပါ တစ်ခါတစ်ရံ ထိခိုက်စေပါသည်။ ပြောင်း (သို့) အခြား ကစီဓာတ်ပါသည့် အစားအစာများစွာကို စားပြီး ပဲ၊ အသား၊ ဥ၊ ဟင်းသီးဟင်းရွက်နှင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုးစေသော ရောဂါဒဏ်ခံနိုင်စေသော အစားအစာများ လုံလောက်စွာ မစားရသည့် နေရာများမှ လူများ၌ ဖြစ်လေ့ရှိသည်။ 

အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်သော အရေပြားလက္ခဏာများ

ပယ်လာဂရာဖြစ်သည့် လူကြီးများ ၏အရေပြားသည် ခြောက်သွေ့အက်ကွဲလျက်ရှိသည်။ နေရောင်ထိတွေ့နေရာတွင် အရေပြားလန်သလိုဖြစ်သည်။ အထူးသဖြင့် ဂုတ်ပေါ်တွင်၊ လက်ပေါ်တွင်၊ ခြေထောက်နောက်ဘက်တွင် တွေ့ရတတ်သည်။

အာဟာရချို့တဲ့သည့် ကလေးများတွင် ခြေထောက် (တစ်ခါတစ်ရံလက်) မှ အရေပြားအနာများသကဲ့သို့ အမည်းမှတ်များ (သို့) အရေပြားလန်သည့် အနာများပေါက်သည်။ ခြေထောက်များ ဖောရောင်လျှင် ရောင်သည်။

ဤအခြေအနေများနှင့်တူ တစ်ခါတစ်ရံ အာဟာရချို့တဲ့ခြင်း၏ အခြားလက္ခဏာများလည်း ရှိကောင်းရှိနိုင်သည်။ ၎င်းတို့မှာ ဝမ်းဗိုက်ဖောခြင်း၊ နှုတ်ခမ်းအစွန်းများတွင် အနာပေါက်ခြင်း၊ လျှာနီ၍ အနာပေါက်ခြင်း၊ အားနည်းခြင်း၊ ခံတွင်းပျက်ခြင်း၊ ခန္ဓာကိုယ်အလေးချိန် မတက်ခြင်း စသည်တို့ဖြစ်သည်။ 

`ကုသနည်း

- အာဟာရပြည့်ဝသည့် အစာများစားခြင်းသည် ပယ်လာဂရာ ပျောက်ကင်းစေသည်။ နေ့စဉ်ဗီတာမင် B-3 ပါသော ပဲ၊ မြေပဲ၊ (သို့) ကြက်သားနည်းနည်း၊ ငါး၊ ကြက်ဥ၊ (သို့) ဒိန်ခဲတို့စားသင့်သည်။ ကြိုက်ရာရွေးချယ်ခွင့်ရမည် ဆိုလျှင် ပြောင်းအစား ဂျုံက ပိုကောင်းသည်။

- ဤအနာနှင့် အခြားအာဟာရ ချို့တဲ့မှုတို့အတွက်ဆိုလျှင် ဗီတာမင်စားခြင်းသည် သက်သာစေသည်။ သို့သော် အစားကောင်းသည် ပိုအရေးကြီးသည်။ မိမိစားသည့် ဗီတာမင် အချိုးအစားသည် ဗီတာမင်ဘီဓာတ် ကြွယ်ဝပါစေ။ တစေး မှ ဗီတာမင်များစွာရသည်။

 

Healthcare.com.mm

Ref:

ဦးခင်မောင်တင် မြန်မာမှုပြုသည်။

ကျေးလက်ကျန်းမာရေး လက်စွဲစာအုပ်မှ ကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18