Print

သင့်အသားအေရေကြည်လင်တောက်ပစေရန် ကမ္ဘာတစ်ဝန်းရှိ အရေပြားအထူးကုဆရာဝန်တို့...

  30-Oct-2016
Preview Image

(၁) နေကာခရင်မ်ကို စနစ်တကျလိမ်းခြယ်ပါ။

အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မကျရောက်စေဖို့ နေကာခရင်မ်ကို စနစ်တကျလိမ်းပြီး ကာကွယ်တာဟာ အသားအရေကို နုပျိုစေတဲ့ အကောင်းဆုံးနည်းဖြစ်ပါတယ်လို့ ဂါလန်းရှိ အရေပြားအထူးကုဆရာဝန် လီဆာဂါနာက ဆိုပါတယ်။ လိမ်းခြယ်နည်းကတော့ လက်ဖဝါးထဲကို နေကာခရင်မ် လက်ဖက်စားဇွန်း တစ်ဝက်ခန့်ထည့်ပြီး မျက်နှာ၊ လည်ပင်းနဲ့ နားရွက်တွေပါမကျန် လိမ်းခြယ်ပေးရမှာ ဖြစ်ပါတယ်။ နေကာခရင်မ် ရွေးချယ်ရာမှာ နေရောင်ကာနိုင်စွမ်း SPE အဆ ၃၀ နဲ့ အထက်ပါ၀င်တာ ဖြစ်ရပါမယ်။ “ ကျွန်မအနေနှင့် နေကာခရင်မ်ကို နှစ်လွှာလောက် လိမ်းခြယ်ပါတယ်။ ဒါမှ အလုံအလောက် ကာကွယ်နိုင်စွမ်းရှိပါတယ် ” လို့ လီဆာက ရှင်းပြပါတယ်။

 

(၂) စနစ်တကျသန့်စင်ပါ

“ အပျော့စားအသားအရေ သန့်စင်ဆေးတွေဟာ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက်တ်ခုပါ ” လို့ ချီကာဂိုမှ အရေပြားအထူးကု ဆရာဝန်ဂျိုနစ်က ဆိုပါတယ်။ ရေဓာတ်ပါ၀င်တဲ့ မျက်နှာသန့်စင်ဆေးမှာ ဆီရာမိုက်ပါ၀င်တဲ့အတွက် အစိုဓာတ်ကို မြဲမြံနေအောင် ထိန်းနိုင်စွမ်းရှိပါတယ်။

 

(၃) ဆိုဒီယမ်ကို လျှော့စားပါ

ဆိုဒါအချိုရည်ထဲမှာလည်း ဆိုဒီယမ်ဓာတ် ပါ၀င်ပါတယ်။ ဆိုဒီယမ်ပါတဲ့ အစားအသောက်တွေကို စားတာကြောင့် မျက်လုံးအစ်တာနဲ့ မေးရိုးဖောင်းတာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆိုဒီယမ်မပါ၀င်တဲ့ အစားအသောက်တွေကို အဓိက ရွေးချယ်စာဒးသောက်ပါ ဒါမှသာ ချင်ခြင်တတ်မှု ကင်းစေပြီး အသားအရေကို ပိုမိုကြည့်ကောင်းလာစေမှာ ဖြစ်ပါတယ်။

 

(၄) လက်ဖက်စိမ်းလက်ဖက်ရည်သောက်ပါ

ဆယ်ကျော်သက်အရွယ်ကတည်းက လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ လက်ဖက်ရည်ကြ်းတို့ကို နှစ်သက်စွာ စတင်သောက်ဖြစ်ခဲ့တယ်လို့ အရေပြားအထူးကုဆရာဝန် အေမီကဆိုပါတယ်။ အခုအခါမှာတော့ သူမ အသားအရေကို ကာကွယ်ထိန်းသိန်းနိုင်ဖို့တစ်နေ့ လက်ဖက်စိမ်းလက်ဖက်ရည်နှင့် လက်ဖက်ရည်ကြမ်း ၃-၅ ခွက်ခန့် သောက်သုံးဖြစ်နေကြောင်း ရှင်းပြပါတယ်။ လေ့လာမှုအရ ဒီလက်ဖက်ရည်အမျိုးအစား နှစ်မျိုးလုံးမှာ EGCG နဲ့ သီအိုဖလေဗင်ဒြပ်ပေါင်းတွေဟာ အရေပြားကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ကြောင်း သိရပါတယ်။

 

(၅) အသားအရေကြည်လင်လှပစေရန် ယောဂကျင့်ပါ

အရေပြားအထူးကု ဆရာဝန်အများစုဟာ အသားအရေ ကျန်းမာရေးလှပဖို့အတွက် ခန္ဓာကိုယ်ကို ကွေးညွတ်လေ့ကျင့်လေ့ရှိကြောင်း ၀ါရှင်တန်ဒီစီရှိ အရေပြားအထူးကုဆရာဝန် ဟမ်မာက ဆိုပါတယ်။ “ ကလေးအနေအထား ယောဂကျင့်စဉ်၊ ခွေးပုံစံယောဂကျင့်စဉ်နှင့် နေကိုအလေးပြုတဲ့ ယောဂကျင့်စဉ်တွေက သွေးလှည့်ပတ်တီးစီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပြီး အောက်ဆီဂျင်ရရှိမှု မြင့်တက်စေကာ အသားအရေကို ကြည်လင်တောက်ပစေပါတယ် ” လို့ ဟမ်မာက သူ့ကိုယ်တွေ့ အတွေ့အကြုံအရ ရှင်းပြခဲ့ပါတယ်။ ဖျာပေါ်ထိုင်ပြီး ယောဂကျင့်စဉ်ဟာ အသားအရေအိုမင်းမှု ဖြစ်စေတဲ့ စိတ်ဖိစီးမှုနှင့် ရောင်ရမ်းမှုတို့လည်း လျော့ကျစေကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

 

Healthcare.com.mm

 

Ref: ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18