Print

သင့်အသားအေရေကြည်လင်တောက်ပစေရန် ကမ္ဘာတစ်ဝန်းရှိ အရေပြားအထူးကုဆရာဝန်တို့...

  30-Oct-2016
Preview Image

(၁) အိပ်ရာ မဝင်မီ အသားအရေထိန်းသိမ်းမှု အလေ့အထတစ်ရပ် တည်ဆောက်ပါ

အိပ်ရမဝင်ခင် အိုမင်းမှုတားတဲ့ အသားအရေထိန်းတဲ့ အလေ့အထ ကို တည်ဆောက်ဖို့ ခက်ခဲပါတယ်လို့ NYC မှ အရေပြားအထူးကုဆရာဝန် ဖရန်ဆာဖက်စ်ကိုက ရှင်းပြပါတယ်။ ညဘက် အသားအရေထိန်းနည်းအလေ့အထများကို မပြုလုပ်ဖြစ်သူအနေနှင့် ညဘက်မှာ သီးသန့်အသုံးပြုရတဲ့ အသားအရေထိန်းပစ္စည်းတွေကိုဝယ်ယူပြီး အိပ်ရာဘေးက စင်တစ်ခုပေါ်မှာ တင်ထားသင့်တယ်လို့အကြံပြု ထားပါတယ်။ “ တကယ်လို့ ကျွန်မအလုပ်များပြီး မေ့လျော့နေတဲ့အခါ၊ ပင်ပန်းနေတဲ့အခါ အိပ်ရာဘေးစင်မှာ တင်ထားတဲ့ ညလိမ်းခရင်တွေကို မြင်ပြီးယူလိမ်းဖြစ်ပါတယ် ” လို့ ဖရန်ဆာက သူမရဲ့ကိုယ့်တွေ့ကို ရှင်းပြခဲ့ပါတယ်။ သူမ မရှိမဖြစ်ဆောင်ထားတဲ့ အသားအရေထိန်းပစ္စည်းတွေကတော့ Renova (ရက်တီနွိက်ခရင်မ်)၊ အစိုဓာတ်ထိန်းခရင်မ်၊ နှုတ်ခမ်းဆိုးဆေးအဆီ၊ ခြေဖနောင့်ကွဲတာကို ကာကွယ်ပေးတဲ့ ခရင်မ်၊ လက်သည်း၊ ခြေသည်။ပျော့ပျောင်းစေတဲ့ ခရင်မ်တို့ဖြစ်ကြပါတယ်။

 

(၂) အသားအရေပြည့်ဝစေရန် အလေးမပါ

“ အသားအရေတင်းရင်းပြီး ကြွက်သားထုထည်သန်စွမ်းစေဖို့ အလေးမတဲ့လေ့ကျင့်ခန်းကို လုပ်သင့်ပါတယ်။ ဒီနည်းကတော့ အသက်ကြီးလာလေလေ၊ ပိုပြီးလိုအပ်လေလေဖြစ်ကြောင်း လူနာတွေကိုလည်းလူနာတွေကိုလည်းပြောပြမိပါတယ် ” လို့ ပက်ထရစ်ရှာက ဆိုပါတယ်။ လည်ပင်နေရာကစပြီး အရေပြားတင်းရင်းလာလေလေ၊ ကြွက်သားတွေ ပိုမိုသန်စွမ်းလာလေလေဖြစ်ကာ မျက်နှာအသားအရေပြည့်တင်းအောင် Filler ဖြည့်ရတဲ့ အဖြစ်မျိုး လုပ်စရာမလိုတော့ပါဘူးလို့ သူမက အကြံပြုထားပါတယ်။

 

(၃) ဟင်းသီးဟင်းရွက်ကို လိမ်းခြယ်ပါ

အေးခဲအောင် ပြုလုပ်ထားတဲ့ ပဲသီးစိမ်းတွေကို ယားယံရောင်ရမ်းနေတဲ့ မျက်လုံးတွေပေါ်အုပ်ပေးပါမှ အရေပြားအထူးကု ဆရာဝန်ဂျင်းနီက ဆိုပါတယ်။ “ အလုပ်ကနေ အိမ်ကိုရောက်ရောက်ချင်း မိတ်ကပ်တွေကို သန့်စင်ဖယ်ရှားပြီး နှုတ်ခမ်းပေါ်မှာ အေးခဲနေတဲ့ ပဲအိတ်ကြိ ငါးမိနစ်ခန့် တင်ထားလေ့ရှိပါတယ် ” လို့ ဂျင်းနီကဆိုပါတယ်။ အအေးဓာတ်ဟာ ရောင်ရမ်းမှုနဲ့ ရောင်ခြည်ပစ္စည်းထွက်ရှိမှုကို လျော့ကျစေပါတယ်။ နှင်းခူကြောင့် ထပ်ခါတလဲလဲ ရောင်ရမ်းပြီး စပဖျဉ်းဖျဉ်းဖြစ်မှုကိုလည်း သက်သာစေပါတယ်။ ပဲသီးစိမ်းရေခဲအိတ်ကို ရောင်ရမ်းနေတဲ့မျက်ဝန်းပေါ် အုပ်ပေးရင်လည်း အမြန်ဆုံးသက်သာစေပါတယ်။

 

(၄) အသားအရေအတွက် တရားထိုင်ပါ

အသားအရေကို ထိခိုက်စေနိုင်တဲ့ အချက်တွေထဲမှာ စိတ်ဖိစီးမှုကိုလည်း ချန်လှပ်ထားလို့မရပါဘူး။ စိတ်ဖိစီမှုများကြောင့် ဟော်မုန်းထွက်ရှိနှုန်း မြင့်တက်ကာ ဆိုးရီးယေးစစ်လို အရေပြားပြဿနာတွေ ဖြစ်နိုင်ခြေများပါတယ်။ “ စိတ်ဖိစီးမှုကို ထိန်းချုပ်နေတာကြောင့် အသားအရေကို ကြည်လင်လှပစေပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုဆိုတာ ထိန်းချုပ်ဖို့ ပြောရလွယ်သလောက်ထိန်းချုပ်ရ တကယ်ခက်ခဲတဲ့ အရာပါ ” လို့ လော့စ်အိန်ဂျလိစ်မှ အရေပြားအထူးကုဆရာဝန် အေနီချူးက ဆိုပါတယ်။ မျက်နှာကို ပေါင်းတင်ဆေး လိမ်းထားပြီး အိပ်ရာထဲလှဲကာ အပန်ဖြေစိတ်လျော့ပြီး တရားမှတ်ပေးပါ။ စိတ်ဖိစီးမှုကို လျော့ကျစေရုံသာမက အသားအရေကို ပိုမိုကြည်လင်လှပလာစေပါတယ်။ “ ည ၁၀ နာရီနောက်ပိုင်းမှာ လက်ကိုင်ဖုန်းကို ပိတ်ပြီး စိတ်အေးလက်အေး အနားယူတဲ့နည်းဟာ ကျွန်မအသားအရေအတွက် အတော်အလုပ်ဖြစ်ပါတယ် ” လို အေနီက ရှင်းပြပါတယ်။

 

Healthcare.com.mm

 

Ref: ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18