Print

အသားအရေအတွက် စိတ်ဖိစီးမှုကို ဘာကြောင့်နေ့စဉ်လျှော့ချသင့်သလဲ

  30-Oct-2016
Preview Image

 

စိတ်ဖိစီးမှုဖြစ်လာရင် ခန္ဓာကိုယ်ထဲမှာ ကော်တီစောဟော်မုန်းထွက်လာပြီး အရေပြားမှာ အောက်ပါ အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။

- အရေးအကြောင်းထင်ခြင်းစိတ်ဖိစီးမှုဆိုင်ရာ ကော်တီစေဟော်မုန်းကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်လာကာ အရေပြားရှိ ကော်လာဂျင်ကို လျော့ကျစေကာ အရေးကြောင်းထင်စေပါတယ်။

- ၀က်ခြံပေါက်ခြင်းကော်တီစေဟော်မုန်းမြင့်တက်တာကြောင့် ၀က်ခြံတွေထွက်လာတတ်ပါတယ်။

- အသားအရေခြောက်သွေ့ခြင်းလေ့လာမှုအရ ကော်တီစေဟော်မုန်းတွေ အရေပြားကို ကာကွယ်ပေးထားတဲ့ အရာတွေကို ထိခိုက်စေပြီး အသားအရေခြောက်သွေ့တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနှင့် ရောင်ရမ်းတာတွေကို ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

ခန္ဓာကိုယ်ထဲမှာ ကော်တီစေဟော်မုန်းတွေ ထွက်ရှိမှု လျော့ကျပြီး အသားအရေ နုပျိုးလှပစေဖို့ အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

- အိပ်စက်အနားယူပါ။ တစ်ညကို အနည်းဆုံး ခုနှစ်နာရီခန့် အိပ်ချိန်ထားရှိပေးပါ။

- ကဖင်းဓာတ်ကိုရှောင်ပါကော်ဖီကြိုက်သူဆိုရင်တောင် တစ်နေ့မှာ ကော်ဖီ ၂-၃ ခွက်ထက် ပိုမသောက်ပါနဲ့။

- အာဟာရပြည့်ဝစွာ စားပါသကြားနည်းတဲ့ အစားအသောက်တွေ စားပါ။ ဆားပါ၀င်မှုများတဲ့ အစာတွေကလည်း အရေပြားကို ဖောင်းအစ်စေနိုင်ပါတယ်။ ဒါကြောင့် သကြားနှင့်ဆားကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

- အိုမီဂါ ၃ ဖက်တီးအက်စစ် မှီဝဲပါအိုမီဂါ ၃ မှာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်ရှိတာကြောင့် အသားအရေစိုပြေစေပါတယ်။ အိုမီဂါ ၃ ဖက်တီအက်စစ်ကို ငါးအဆီ၊ အခွံမာစေ့ စတာတွေမှာ တွေ့ရပါတယ်။

- အနားယူပါ။စိတ်ရောကိုယ်ပါ အနားပေးတာက အသားအရေကို ကျန်းမာလှပစေပါတယ်။

 

Healthcare.com.mm

 

Ref: Arogyam Magazine



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18