Print

အရေပြားကို ဖျက်ဆီးတတ်သော အဓိက အကြောင်းရင်း ၁၇ ချက်

  30-Oct-2016
Preview Image

၁။ ကမ်းခြေ၊ ပင်လယ်ပြင်နဲ့ နေပူတဲ့ ခရီးတွေ သွားချိန်မှာ နေရောင်ကို ကာကွယ်နိုင်တဲ့ Sun Cream ကို အသုံးမပြုဘဲ အပြင်ထွက်ခြင်း။

၂။ ဆေးလိပ်နဲ့ စီးကရက် သောက်သုံးတတ်ခြင်း၊ ဒါမှမဟုတ် ဆေးလိပ် သောက်သုံးတတ်သူတွေရဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခြင်း။

၃။ အရက်နဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ ဖျော်ရည်တွေကို အလွန်အကျွံ သောက်သုံးတတ်ခြင်း။

၄။ မျက်နှာကြေးချွတ်ရာမှာ အသုံးပြုတဲ့ ခရင်မ်တွေကို အတင်း ပွတ်တိုက် သုံးတာကြောင့်အရေပြား ပျက်စီးစေပါတယ်။ (သွေးလည်ပတ်မှုအတိုင်း လက်သူကြွယ်ရဲ့ဖိအားလောက်ကိုသာ သုံးပြီး ပွတ်သပ်ပေးပါ။)

၅။ ညစ်ပေနေတဲ့လက်၊ မသန့်ရှင်းတဲ့ လက်တွေနဲ့ မျက်နှာနဲ့ သင့်အရေပြားက ကုတ်မိတာကြောင့် မသန့်ရှင်းတဲ့ လက်ကနေတစ်ဆင့် ဘက်တီးရီးယားပိုး ဝင်ခြင်း။

၆။ မျက်နှာပေါ်က မှဲ့နဲ့ အမာရွတ်တွေဟာ ပုံမှန်မဟုတ်ဘဲ မကြာခဏဆိုသလို ထွက်ရှိလာတတ်ခြင်း။

၇။ ဓာတုပစ္စည်းပါဝင်တဲ့ အရောင်ဆိုးဆေးတွေ၊ ဆံပင်ဆိုးဆေးတွေနဲ့ အလှပြင်ပစ္စည်းတွေ အသုံးပြုခြင်း။

၈။ မျက်နှာကို မကြာခဏဆိုသလို ဆေးကြောနေတတ်ခြင်း။

၉။ အိပ်စက်ချိန် ပုံမှန်မရှိတာနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဝက်ခြံတွေ ထွက်လာတတ်ပြီး အရေပြား ထိခိုက်စေခြင်း။

၁ဝ။ ပူလွန်းတဲ့ရေနဲ့ မျက်နှာသစ်မိတာ၊ မျက်နှာပေါင်းတင်ချိန်မှာ အသုံးပြုတဲ့ရေနွေးငွေ့ပေးတဲ့ စက်တွေကို သုံးချိန်မှာ နားလည်တဲ့သူရဲ့ အသုံးပြုပေးမှုကို မခံယူတာကြောင့် မျက်နှာ အပူလောင်ရာကနေ အရေပြား ပျက်စီးခြင်း။

၁၁။ ဆီကြော်စာတွေနဲ့ ထပ်ပြန်ကြော်စာ၊ အဆီများတဲ့ အစာတွေ အစားများခြင်း။

၁၂။ သင့်အရေပြားနဲ့ မသင့်တော်တဲ့ မိတ်ကပ်နဲ့ ဖောင်ဒေးရှင်းတွေကို ကြာရှည်သုံးစွဲနေမိခြင်း။

၁၃။ ဝက်ခြံနဲ့ အဖုအပိမ့်တွေကို လက်သည်းနဲ့ ကုတ်ဖဲ့တတ်ခြင်း။

၁၄။ ရေသောက်နည်းခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အစားအသောက်မမှန်ခြင်း၊ ပင်လယ်စာတွေနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်ခြင်း။

၁၅။ ကြာရှည်စွာ နေပူဆာလှုံခြင်း။

၁၆။ အလှကုန်ပစ္စည်းတွေကို ရောနှောထားရာကနေ ဓာတ်မတည့်မှုဖြစ်ပြီး အရေပြားပေါ်တင်ချိန်မှာ အရေပြားကို ထိခိုက်မိခြင်း။

၁၇။ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း။

 

Healthcare.com.mm

 

Ref;Good health 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18