Print

၀ဲယားနာအကြောင်း သိကောင်းစရာ

  30-Oct-2016
Preview Image

၀ဲစွဲတယ်၊ ၀ဲကုုတ်နေရတယ် ဆိုုတာဟာ စာရေးသူတိုု့ နေ့တစ်ဓူဝ ပတ်ဝန်းကျင်မှာ ရှိတတ်ပါတယ်။ တိုုးတက်ဆဲနိုုင်ငံဖြစ်နေတဲ့ အတွက် ချမ်းသာတဲ့ နိုုင်ငံတွေနဲ့ ယှဉ်လိုုက်ရင် ၀ဲဖြစ်တာ အင်မတန် များကြပါတယ်။ ၀ဲရောဂါဖြစ်ပြီဆိုုရင် ဒီလူ မသန့်ရှင်းလိုု့ပဲဆိုုပြီး လူအများက သတ်မှတ်တတ်ကြပေမဲ့ တကယ်တမ်းပြောရရင် ၀ဲ ဖြစ်တိုုင်းလည်းညစ်ပတ်လိုု့မဟုုတ်နုုိင်ပါဘူး။ ဘာလိုု့လည်းဆိုုရင် ၀ဲ ဟာ ကူးစက်လွယ်တဲ့ အရေပြားရောဂါ တစ်ခုုဖြစ်နေတာမိုု့ ၀ဲ တွေနဲ့ပါလားဆိုုပြီး နှာခေါင်းရှံ့ချင်ရင်တောင်မှ မရှံ့ကြပါနဲ့၊ မကူးစက်အောင်နေထုုိင်ကြပါ၊ ဖြစ်နေသူကိုုလည်း ကျန်းမာရေး ဗဟုုသုုတ အသိလေးတွေ မျှဝေပေးပါလိုု့ တုုိက်တွန်းရင်းနဲ့ ဒီတစ်ပတ် အရေပြားမှာဖြစ်တတ်တဲ့ ၀ဲ Scabies အကြောင်းလေး လေ့လာကြည့်ကြရအောင်။

၀ဲ ဘာကြောင့် ဖြစ်ရသလဲ

၀ဲဖြစ်တာဟာ သဲ တွေကိုုင်လိုု့ ဖြစ်ပါတယ်၊ ရွံှ့တွေပေလုုိ့ ဖြစ်ပါတယ်လိုု့ တစ်ချို့တွေပြောတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုုသာ ဖြစ်ကြေးဆုုိရင် ပင်လယ်ကမ်းခြေကိုု အပန်းဖြေ ခရီးသွား၊ သဲတွေ ရွှံ့တွေနဲ့ရေကူးလာတဲ့သူတွေအားလုုံးလိုုလိုု ပြန်လာတာနဲ့ ၀ဲစွဲလာမယ်နဲ့တူတယ်နော်။ ဒါပေမဲ့ ဒီလိုု မဖြစ်နုုိင်ပါဘူး၊ ဘာလိုု့်ပါလဲဆိုုရင်တော့ ၀ဲ ဟာ ဒီလိုု သဲကိုုင်ရုံု၊ ရွှံ့ကိုုင်ရုံုကြောင့် ဖြစ်ရတာထက် ၀ဲ ရောဂါကိုု ဖြစ်စေတဲ့ ပိုုးမွှားတစ်မျိုးဖြစ်တဲ့ Sarcoptes scabei ဆိုုတဲ့ မိုုက်တ် (Mite) ပိုုးမွှားတစ်မျိုးကြောင့်ပဲ ဖြစ်ပါတယ်။နောက်ပြီး ဒီဝဲပိုုးဟာ လူ့အရေပြားမှာ ခဏပဲနေပြီး ပြန်ဆင်းတက်တဲ့ ပိုုးမွှားမဟုုတ်ပြန်ပါဘူး။ ဆက်ပြီး အိမ်ထောင် သားမွေးပြုပါတော့တယ်။ ဒါကြောင့် ၀ဲပိုုးတုုိ့ရဲ့ အိမ်ထောင် သားမွေးပြုရာနေရာကောင်းတစ်ခုုကိုု ပြပါဆိုုရင်တော့ စာရေးသူတိုု့ လူတွေရဲ့ နူးညံ့လှတဲ့ အရေပြားပါလိုု့ ဆိုုရပါမယ်။ ဒီလိုု အိမ်ထောင်ကျပြီးခါစ ၀ဲစုံုတွဲမှာဆိုုရင် ၀ဲထီးက အရေပြားပေါ်မှာပဲ ဟန်ကျကျ ဆက်နေတာပေမဲ့ ၀ဲမကတော့ ကိုုယ်ဝန်လွယ်တာနဲ့ ဥတွေဥဖိုု့ဆိုုပြီး အရေပြားအတွင်းထဲကိုု ပင်ပင်ပန်းပန်းတွင်းတူးပါတော့တယ်။ ဒီလိုုတွင်းတူးတာဟာလည်း ၀ဲ ယားလိုု့ ဘရိတ်ဒန့်ကသလိုုပဲ ကုုတ်နေရပါတယ်ဆိုုတဲ့ အကြောင်းရင်းတစ်ချက်ထဲမှာ ပါပါတယ်။ (နောက်ပြီး ၀ဲ နဲ့ လူ့ခန္ဓာကိုုယ်က ကိုုယ်ခံစွမ်းအားတွေ တိုုက်ခိုုက်ကြတဲ့ အတွက်လည်း ယား တယ်ဆိုုတာ ဖြစ်ပါတယ်။)

၀ဲတုုိ့ရဲ့ဘဝ၊ ၀ဲတိုု့ရဲ့ သဘာဝ

၀ဲမတွေရဲ့ သက်တမ်းဟာ ၄ ပတ်ကနေ ၆ ပတ်လောက်ထိ ရှိတတ်ပါတယ်။ တစ်နေ့ကိုု ဥ သုံုးဥလောက်ထိဥတတ်ပါတယ်။ ဒါကြောင့် တော်ရုံုတန်ရုံု ၀ဲဖြစ်သူတွေ (ClassicScabies) မှာဆိုုရင် ၀ဲအကောင်ရေ ၅ ကောင်ကနေ ၁၅ ကောင်လောက်ရှိတတ်မှာဖြစ်ပြီး ဆိုုးဆိုုးရွားရွား ၀ဲထူသူ (Crusted Scabies) တွေမှာဆိုုရင်တော့၀ဲအကောင်ရေဟာ ရာချီ ထောင်ချီ သောင်းချီ ပြီးရှိသွားနုုိင်ပါတယ်။ ဒါကြောင့်လည်း သူတိုု့ သိပ်မပွားခင် စောစောစီးစီး ကုုနုုိင်တာ ပိုုကောင်းမယ်ဆိုုတဲ့ အချက်ကိုု သဘောပေါက်လောက်မယ်ထင်ပါတယ်။ ဒါကြောင့် ဆက်ပြောရမယ်ဆုုိရင် ၀ဲအကောင်အသစ်တွေ ဥကနေပေါက်တာကတော့ ၃ ရက်၊ ၄ ရက် အတွင်းဖြစ်ပါတယ်။ အကောင်သစ်ကလေးတွေဟာ အရွယ်ရောက်တဲ့အချိန်အထိ အရေပြားပေါ်မှာပဲ ဆက်နေနေမှာဖြစ်ပြီး ဥ ဥချိန်ကနေ အရွယ်ရောက်ချိန်အထိဆိုုရင် ၁၀ ရက်ကနေ ၁၃ ရက်လောက်အထိပဲ ကြာနုုိင်ပါတယ်။ ဒါကြောင့် ဆေးသေချာမကုုပဲ ဆေးမြီးတိုုနဲ့ ၀ဲ ကိုု ကြာရှည်အောင်မွေး သလိုုဖြစ်နေသူတွေမှာ ၀ဲကောင်ရေဟာ စဖြစ်ဖြစ်ချင်းကနေကြည့်လိုုက်ရင် ၁ လဆိုုရင် ဘယ်နှစ်ကောင်လောက်တောင် ပွားလောက်ပြီဆိုုတာကိုု စာဖတ်သူတော့ မှန်းဆနုုိင်လောက်ပြီတော့ထင်ပါတယ်။ စာရေးသူ ၀ဲ အကောင်တွေအကြောင်းကိုု ဋီကာချဲ့နေရတာလည်း ဒါကိုု မြင်စေချင်လိုု့ပဲ ဖြစ်ပါတယ်။

၀ဲ ရောဂါ ဘယ်လိုုကူးစက်တတ်သလဲ

၀ဲအကောင်တွေဟာ အရေပြားချင်း ထိမိတာကနေ ကူးလာနုုိင်ပါတယ်။ ဒါကတော့ တိုုက်ရိုုက်ကူးတဲ့ နည်းပါ။ နောက်ကူးနိုုင်တဲ့နည်းတွေကတော့ ၀ဲ ရှိသူရဲ့ အဝတ်အစားတွေ၊ အိပ်ယာခင်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ၀ဲ ကိုု ကုုသရင် အိမ်သူ၊ အိမ်သားအားလုံုး၊ ဒါမှမဟုုတ်ရင် အတူနေသူအားလုံုး ပြိုင်တူကုုသရပါမယ်။ အထူးသဖြင့် အများနဲ့နေရတဲ့ သူတွေမှာ ပိုုကူူးစက်တာလွယ်မှာပါ။ ဥပမာပြရရင် ဘုုန်းကြီးကျောင်းတစ်ကျောင်းမှာ ကိုုရင်တစ်ယောက် ၀ဲ ဖြစ်ပြီဆိုုတာနဲ့ သူ့ကျောင်းက ကိုုယ်တော်တွေကိုု လိုုက်ကူးဖိုု့က များနေတာမိုု့ အတူသီတင်းသုံုးတဲ့ ကိုုယ်တော်တွေကိုုပါ ဆေး ကုုပေးရတာမျိုး လိုုအပ်တတ်ပါတယ်။

၀ဲ ကိုု ဘယ်လိုုကုုသရသလဲ

ဟိုုးယခင်ခေတ်ကတော့ ၀ဲ ဆိုုရင် နံမည်ကြီး လိမ်းဆေး ဘာစကေဘီလိုု လိမ်းဆေးနံနံကြီးတွေ လူးကြရတာကိုု ကြံုရပါတယ်။ ခုုတော့ တိုုးတက်လာတာမိုု့ Permethrin ပါတဲ့ ခရင်မ်နဲ့ အဓိကထား ကုုသလာကြပါတယ်။ လူးရတာလည်း လွယ်ကူတာမိုု့ သုံုးစွဲသူတွေလည်း မပျက်မကွက် သုံုးစွဲဖြစ်ကြပါတယ်။ ဆိုုးဆိုုးရွားရွား ၀ဲတွေဆိုုရင်တော့ သောက်ဆေးတွေကိုုပါ ဆရာဝန်က လုုိအပ်သလိုု ညွှန်ကြားရတတ်ပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် သုံုးတဲ့ လိမ်းဆေးတွေကိုု အကျိုးရှိစေဖိုု့ အကြမ်းဖျဉ်းအားဖြင့် ဘယ်လိုု လိမ်းသင့်တယ်ဆိုုတာကိုု အနည်းငယ် ဖော်ပြလိုုပါတယ်။

 

➢ လိမ်းဆေးများကိုု ပုံုမှန်အားဖြင့်တော့ မျက်နှာနဲ့ လည်ပင်း ဦးခေါင်းပိုုင်းမှတစ်ပါး ကျန်တဲ့နေရာ တစ်ကိုုယ်လုံုးကိုု ရေမိုုးချိူး၊ သန့်စင်ပြီး ခြောက်သွေ့နေတဲ့ အရေပြားပေါ်ကိုု လိမ်းပေးရပါမယ်။ အထူးသဖြင့် လက်ချောင်းကြား၊ ခြေချောင်းကြားတွေ မကျန်ခဲ့ပါစေနဲ့။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ဆရာဝန်ညွှန်ကြားချက်အရ မျက်နှာတစ်ဝိုုက်ကိုု လူးရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကိုုတော့ မသုံုးခင်မှာ မိမိဆရာဝန်ကိုု ရှင်းလင်းအောင်မေးနုုိင်ပါတယ်။

➢ လက်သည်းတွေရှည်နေမယ်၊ ချီးတွေ ရှိနေမယ်ဆိုုရင်လည်း အရင် လက်သည်း၊ခြေသည်းညှပ်၊ ချီးတွေ ဖယ်ရှားပြီးမှ လိမ်းဆေးတွေ စလူးပါ။

➢ Permethrin ပါတဲ့ ဆေးမျိုးဆိုုရင်တော့ ၁၂ နာရီလောက် လိမ်းထားပေးပြီးရေမစိုုစေရပါ။ ရေစိုုစရာရှိမယ်ဆိုုရင်လည်း စိုုပြီးတာနဲ့ ဆေးပြန်ဖြည့်လူးလိုုက်ပါ။

➢ လိမ်းဆေးတွေကိုု Course တစ်ခါ ပြည့်သွားပြီဆိုုရင် နောက် တစ် Course ကိုု ၁ ပတ်လောက်ကြာရင် ထပ်လိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် Permethrin ပါတဲ့ လိမ်းဆေးမျိုးပါ။

➢ Benzyl Benzoate လိုု ယခင်ကသုံုးလေ့ရှိတဲ့ လိမ်းဆေးမျိုးဆိုုရင် ၂၄ နာရီခြားကိုု တစ်ခါလောက် ပြန်ပြန်လူးပေးပြီး သုံုးရက်လောက် လိမ်းထားပေးရပါတယ်။

➢ လိမ်းဆေးတွေလိမ်းတာအပြင် အိပ်ယာခင်း အသုံုးအဆောင် ပစ္စည်းတွေနဲ့ အဝတ်အထည်တွေကိုု ရေနွေးနဲ့ပြုတ်လျှော်တာမျိုး၊ သေချာသန့်စင်အောင် လျှော်တာမျိုး တစ်ချိန်တည်းမှာ ပြုလုုပ်ရပါမယ်။ လိမ်းဆေးလူးတာက သပ်သပ်၊ နောက်မှ တစ်အိမ်လုံး အဝတ်တွေ ထပြီးလျှော်တာက သပ်သပ်ဆိုုရင် သိပ်မထိရောက်တတ်ပါဘူး။

ဒါကြောင့် နိဂုံုးချုပ်ရရင် ၀ဲ ဖြစ်တဲ့ သူကိုု မြင်တာနဲ့ လန့်စရာတော့ မလိုုပါဘူး၊ ဒါပေမဲ့ ဘယ်လောက်တောင် ကူးစက်နုုိင်တယ်ဆိုုတာကိုု သိထားရပါလိမ့်မယ်။ ဒါအပြင် ၀ဲ ရောဂါဖြစ်တဲ့သူတွေကိုုလည်း ကုုသမှုစနစ်တကျရှိစေအောင် လမ်းညွှန်ပေးမယ်၊

သေချာကုုသပေးမယ်ဆိုုရင်တော့ ၀ဲရောဂါဟာ နာတာရှည်မဖြစ်နုုိင်ပါဘူး၊ လန့်စရာ မဖြစ်နုုိင်ပါဘူး၊ ရှက်စရာ မဟုုတ်ပါဘူးဆိုုတာကိုုလည်း ပြောရင်းနဲ့ ဒီတစ်ပတ် “၀ဲယားနာအကြောင်း တစ်စေ့တစ်ဆောင်း” ဆောင်းပါးကိုု ဒီမှာပဲနိဂုံုးချုပ်လိုုက်ရပါတယ်။

အားလုံုး ကျန်းမာရွှင်လန်းကြပါစေ။

 

Healthcare.com.mm

 

Ref:

နေခြည် (ဆေး-၁)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18