Print

လက်သည်း ခြေသည်း အက်ကွဲခြင်း

  30-Oct-2016
Preview Image

လက်သည်း ခြေသည်းတွေအက်ကွဲတာနဲ့လက်သည်း ခြေသည်း ကြွပ်ဆတ်တာက ရေ၊ ကြမ်းတမ်းတဲ့ ဆပ်ပြာ၊ လက်သည်းဆိုးဆေး၊ ဖျက်ဆေးတွေနဲ့ ထိတွေ့မှု များလွန်းတာကြောင့် ဖြစ်တတ်ပါတယ်။ လက်သည်း ခြေသည်း အက်ကွဲတာဟာ ကြည့်ရတာ အရုပ်ဆိုးရုံတင် မကပါဘူး။ လက်သည်း ခြေသည်းတွေက လက်ချောင်းခြေချောင်းရဲ့ ထိပ်နေရာတွေကို အကာအကွယ် ပေးထားပါတယ်။ လက်သည်းခြေသည်းတွေကို ကီရာတင်လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ကျန်းမာတဲ့ လက်သည်း ခြေသည်းဟာ ချောမွေ့ပြီး အစင်းရာ၊ အချိုင့်ရာတွေ မရှိပါဘူး။ အစက်အပြောက် ကင်းကာ အရောင်က ကြည်လင်နေတတ်ပါတယ်။

ကာကွယ်မှု

 

လက်သည်း ခြေသည်းတွေ အက်ကွဲပြီး ပုံပျက်ပန်းပျက် ဖြစ်မလာအောင် အောက်ပါ နည်းလမ်းတွေနဲ့ ကာကွယ်သင့်ပါတယ်။

- လက်သည်းတွေကို သွားနဲ့ မကိုက်ပါနဲ့။ ဒီလို လုပ်တာက လက်သည်း အခြေက အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ လက်သည်းကို လက်သည်းထိပ်နဲ့ ကပ်ပြီး တိုလွန်းအောင် ညှပ်တာက ကူးစက်ပိုး ဝင်တာကို ဖြစ်စေနိုင်ပါတယ်။

- လက်သည်း ခြေသည်းတွေကို ချွန်ထက်တဲ့ လက်သည်းညှပ် ကိရိယာနဲ့ ညှပ်ပေးပါ။ ထိပ်ပိုင်းကို လေးထောင့်ပုံစံ ညှပ်တာက ထိခိုက်မှု နည်းစေပါတယ်။ လက်သည်း မညှပ်ခင်မှာ လာဗန်ဒါဆီကို လိမ်းပြီး မိနစ် အနည်းငယ်ကြာ ထားပေးပါ။ လက်သည်းတွေနူးည့ံသွားမှ လက်သည်းကို ညှပ်ပေးပါ။

- အိုးခွက် ပန်းကန်တွေကို ဆေးကြောတဲ့ အခါနဲ့ ဓာတုပစ္စည်းပါတဲ့ သန့်စင်ဆေးရည်တွေ၊ ဆပ်ပြာမှုန့်တွေကို သုံးတဲ့အခါ လက်အိတ်စွပ်ပေးပါ။

- ရေထဲမှာ လက်ကို အကြာကြီး စိမ်တာမျိုး မလုပ်ပါနဲ့။ လက်သည်းတွေကို ကြွပ်ဆတ်သွားစေနိုင်ပါတယ်။ ရေချိုးကန်ထဲမှာ စိမ်ပြီး ကြာကြာ ရေချိုးရင် လက်တွေကိုရေနဲ့ မထိအောင် ထားပါ။

- အစိုဓာတ် ထိန်းပါ။ လက်တွေကို ဆေးကြောပြီးတဲ့ အခါတိုင်း အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးပါ။ ရေချိုးပြီးတဲ့ အခါမှာလည်း အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းဖို့ မမေ့ပါနဲ့။ ညအိပ်ရာဝင်ချိန်မှာ လက်သည်း၊ ခြေသည်းတွေကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းဖို့ အရေးကြီးပါတယ်။

- လက်သည်း ခြေသည်းတွေကို သန်စွမ်း ကျန်းမာစေချင်တယ် ဆိုရင် သံပရာသီးစိတ်နဲ့ ပွတ်တိုက်ပေးပါ။

- လက်သည်းဖျက်ဆေး သုံးတဲ့အခါ အဆီတုန်း (Acetone) မပါတဲ့ အမျိုးအစားကို ရွေးပါ။အဆီတုန်း ပါတဲ့ လက်သည်း ဖျက်ဆေးဟာ လက်သည်းတွေကို ခြောက်သွေ့စေပြီးအက်ကွဲစေနိုင်ပါတယ်။

ကုသမှု

လက်သည်း ခြေသည်း အက်ကွဲတာကို သံလွင်ဆီ မှန်မှန် လိမ်းပေးပြီး ရှည်ထွက်လာတိုင်း ညှပ်ပေးပါ။ လက်သည်း ခြေသည်း အက်ကွဲတာက မှိုစွဲတာကြောင့် ဖြစ်တတ်တဲ့ အတွက် သန့်ရှင်း ခြောက်သွေ့အောင် အမြဲ ဂရုစိုက်ပါ။

 

Healthcare.com.mm

 

Ref:

ကြယ်စင်

Good Health



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18