Print

အင်ပျဉ်

  30-Oct-2016
Preview Image

အင်ပျဉ်သည် ယားယံသော၊ အနီရင့်ရောင်ရှိသော ကြွတက်နေသည့် အဖုများ သို့မဟုတ် အပြင်များ ဖြစ်ပါသည်။ ဓာတ်မတည့်ခြင်းကြောင့် မကြာခဏဖြစ်တတ်ပြီး ဓာတ်မတည့်ခြင်းနှင့် မသက်ဆိုင်သော ဖြစ်စေသော အကြောင်းများလည်း အများအပြားရှိပါသည်။ ဖြစ်ပွားချိန် ၆ ပတ်အောက်နည်းသောအင်ပျဉ်များ (ချက်ချင်း ဖြစ်သော အင်ပျဉ် (acute urticaria)) သည် ဓာတ်မတည့်ခြင်းကြောင့် အဖြစ်နည်းပါသည်။ဖြစ်ပွားချိန် ၆ ပတ်ထက်များသော အင်ပျဉ်များ (ကြာရှည်ဖြစ်သောအင်ပျဉ် (choronic urticaria)) သည် ဓာတ်မတည့်ခြင်းကြောင့် အဖြစ်နည်းပါသည်။ ကြာရှည်ဖြစ်သော အင်ပျဉ်ဖြစ်ပွားသူ လူနာအများစုတွင် ဖြစ်စေသော အကြောင်းအရင်းမသိသည်က များပါသည်။ ၃၀ မှ ၄၀% သော လူနာများတွင် မိမိ၏ကိုယ်ခန္ဓာခုခံအားစနစ် (autoimmune cause) ကြောင့်ဖြစ်သည်ဟု ယူဆရပါသည်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းသည် အခြားသော အဖြစ်များသည်ဖြစ်စေသော အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ အတွေ့ရနည်းသော၊ ဖြစ်စေသောအကြောင်းအရင်းများတွင် ပွတ်တိုက်မှု၊ ကြာရှည်ဖိထားမိခြင်း၊ ပူလွန်းခြင်း၊ အေးလွန်းခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့်နေရောင်ခြည်တို့ပါ၀င်ပါသည်။ အသားဖြူသောသူများတွင် အင်ပျဉ်ပို၍ အဖြစ်များပါသည်။ ဖြစ်စေသော အကြောင်းအရင်းသည် ဓာတ်မတည့်ခြင်းနှင့် သက်ဆိုင်သည်ဖြစ်စေ၊မသက်ဆိုင်သည်ဖြစ်စေ၊ သွေးကြောများအတွင်း ရောင်ရမ်းမှုဖြစ်လျှင်ထွက်သော ဓာတုပစ္စည်းများထွက်ရှ်ိပါသည်။ အင်ပျဉ်သည် အပ်ဖျားလောက် သေးငယ်သောအရွယ်မှ အချင်းလက်မအနည်းငယ် ရှိသည့်အရွယ်အထိ ဖြစ်နိုင်ပါသည်။ အင်ပျဉ်တွင်ဖြစ်သောအရေပြားအဖုအပိမ့်များသည် အရေပြားရောင်ရမ်းမှု ဖြစ်စေကြောင့် ဆံခြည်မျှင်သွေးကြောများအတွင်းမှ သွေးရည်ကြည်များ စိမ့်ထွက်လာခြင်းကြောင့် ဖြစ်ပါသည်။

အင်ပျဉ်အမျိုးအစားများ

ချက်ချင်းဖြစ်သောအင်ပျဉ် (acute urticaria)ဓာတ်မတည့်စေသောပစ္စည်းနှင့်ထိတွေ့ပြီး မိနစ်အနည်းငယ်အကြာတွင်စတင်ဖြစ်ပေါ်ပြီး နာရီအနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ်အထိ ကြာနိုင်ပါသည်။ အစားအစာဓာတ်မတည့်ခြင်း ဖြစ်စေများလည်း ဤအမျိုးအစားတွင် ပါ၀င်ပါသည်။ အရွယ်ရောက်ပြီးသူများတွင် အဖြစ်များသော အစားအစာမတည့်ခြင်းများမှာ ကမာကောင်များ အစေ့များ၊ မြေပဲ၊ ဥ၊ ဂျုံနှင့် ပဲပိစပ်တို့ဖြစ်ပါသည်။ နှစ်မျိုးထက်ပိုသော အစားအစာမတည့်ခြင်းများမှာ အတွေ့ရနည်းပါသည်။ကြာရျည်ဖြစ်သောအင်ပျဉ် (choronic urticaria) ရက်သတ္တပတ် ၆ ပတ် သို့မဟုတ်ထိုထက် ပို၍ကြာသော အင်ပျဉ်မျိုးဖြစ်သည်။ ချက်ချင်းဖြစ်သော အင်ပျဉ်နှင့် ကြာရှည်ဖြစ်သော အင်ပျဉ်အကြား သိသာသော အမြင်ကွာခြားချက်မရှိပါ။ လေ့လာမှုတစ်ခု၏အဆိုအရ ကြာရှည်ဖြစ်သော အင်ပျဉ်ခံစားနေရသူများ၏ ၅၀% ကျော်သည် တစ်နှစ်ထက်ပိုပြီး ခံစားရလေ့ရှိသည်။ ၂၀ % ခန့်သည် အနှစ် ၂၀ ခန့်အထိ ခံစားရတတ်ပါသည်။ တစ်ဝက်ခန့်သည် တစ်နှစ်အတွင်း ပျောက်ကင်းတတ်ပြီး ၈၀% ခန့်သည် အနှစ် ၂၀ အတွင်း ပျောက်ကင်းလေ့ရှိပါသည်။

ဆေးကြောင့်ဖြစ်သော အင်ပျဉ်

ဆီးချိုပျောက်ဆေးများ၊ အက်စ်ပရင်၊ ပင်နီဆီလင်၊ အတက်ပျောက်ဆေးများ၊ dextroamphetamine, clotrimazole, sulfonamides တို့ကြောင့် ဖြစ်တတ်ပါသည်။ ဆိုးရွားပြီး အသက်အန္တရာယ် ရှိနိုင်ပါသည်။

ရုပ်ဝတ္ထုပစ္စည်းကြောင့်ဖြစ်သော အင်ပျဉ်များ

(Physical urticarias)

- ရေကြောင့်ဖြစ်သောအင်ပျဉ်

- Cholinergic အင်ပျဉ်

လေ့ကျင့်ခန်းလုပ်ချိန်၊ ရေနွေးဖြင့် ရေချိုးချိန်တို့တွင်ဖြစ်သော ကိုယ်ခန္ဓာ၏အပူကိုတုံ့ပြန်မှုဖြစ်စဉ်ကြောင့် ဖြစ်ပါသည်။

- အအေးကြောင့်ဖြစ်သော အင်ပျဉ်ရေခဲ၊ လေအေးနှင့် ရေအေးတို့ကြောင့် ဖြစ်တတ်ပြီး အပူချိနရုတ်တရက် အပြောင်းအလဲတွင် ပိုဆိုးတတ်ပါသည်။

- ကြာရှည်ဖိထားမငကြောင့်ဖြစ်သော အင်ပျဉ်အချိန်ကြာမြင့်စွာ ရပ်နေခြင်း၊ အတွင်းခံအင်္ကျီချိတ်၊ အတွင်းခံအဝတ်များ၏ ရှုံ့ကြိုးများနှင့် ခါးပတ်များကြောင့် ဖြစ်တတ်ပါသည်။

- အရေပြားတွင် ပုံဆွဲနိုင်ခြင်းအရေပြားကို ခြစ်လိုက်သောအခါ ဖြစ်ပေါ်လာတတ်ပါသည်။ (အလွန်အဖြစ်များပါသည်။)

- အပူကြောင့်ဖြစ်သော အင်ပျဉ်ပူသောအစာ သို့မဟုတ် ပူသော ၀တ္ထုပစ္စည်းများကြောင့် ဖြစ်ပါသည်။ (ဖြစ်ခဲ့ပါသည်)

- နေရောင်ခြည်ကြောင့်ဖြစ်သော အင်ပျဉ် နေရောင် တိုက်ရိုက်ထိတွေ့ခြင်းကြောင့် ဖြစ်ပါသည်။ (ဖြစ်ခဲ့ပါသည် အသားဖြူသူများတွင် ပိုဖြစ်တတ်ပါသည်။)

- တုန်ခါမှုကြောင့်ဖြစ်သော အင်ပျဉ်

- Adrenergic အင်ပျဉ်အလွန့်အလွန် အဖြစ်နည်းပါသည်။

 

Healthcare.com.mm

Ref:

ဒေါက်တာခိုင်ခိုင်ဇော်

အရေပြားရောဂါအကြောင်းတစေ့တစောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18