Print

၀က်ခြံ

  30-Oct-2016
Preview Image

အပျိုပေါက်၊ လူပျိုပေါက် ၀က်ခြံပေါက်သည်။ အချို့အတွက် စိတ်လက် ညစ်ညူးစရာ။ အချို့ အဖို့ နှစ်ချို့ပြဿနာ အနီဖု၊ ၀တ်ဆံလေးနှင့်။ ပြည်ဝပ် ကလေးနှင့် ဖောင်းဖောင်း ဖုဖု၊ အရည်စုအိတ်။ မျက်နှာ အနှံ့ ရင်ဘတ်နှင့်ကြောမှာလည်း ပေါက်တတ်သေးသည်။ အရွယ်ရောက်လာလျှင် ဖိုဟော်မုန်း၊ မဟော်မုန်း အပြိုင်းအရိုင်း ထွက်လာသည်။ ထိုဟော်မုန်းများက မျက်နှာ အရေပြားပေါ်ရှိ မျက်နှာအဆီ ပြန်စေတတ်သော အဆီကျိ်တ်များကို လာလှုံ့ဆွသည်။ အကျိတ်မှ ပြွန်တစ်ချောင်း၊ အရေပြားအောက် မှထွက်ကာ မွေးညင်းပေါက်မှာလာပွင်သည်။ ချွေး၊ ချေး၊ ဖုန်၊ အမှုန်၊ မွေးညင်း ပေါက်ဝ ပိတ်ဆို့သွား သောအခါပြွန်ထဲတွင် အဆီများ တောင့်ကာ ၀က်ခြံဖု ပေါက်လာသည်။ ပိတ်သည့်အပေါက်ထဲ ပိုးဝင် ပါက ပြည်တည်သည်။ ၀က်ခြံဖုကို ပြန်ပိတ်အောင် လုပ်၍ရသည်။ သို့သော် အမာရွတ် ကျန်သည်။ ရာသီဥတု အပြောင်းအလဲ၊ စိတ်ဖိစီးမှု၊ အလှကုန်ပစ္စည်း အချို့ကြောင့်လည်း အရွယ်ရောက်သူတို့တွင် ၀က်ခြံပေါက်တတ်ပြန်ပါသည်။

မိမိဘာသာ ဆောင်ရွက်ရန်ကိစ္စများ

၀က်ခြံကို ကိုင်တွယ် ဆုံးမရသည့် နည်းများစွာရှိသည်။ အမာရွတ် ထင်မကျန်ခဲ့စေရန်စောစော ကုထားဖို့ လိုပါသည်။

• Benzoyl peroxide (ဘဲန်ဇွိုင်းလ်ပါရောက်ဆိုဒ်) လိမ်းပေးပါ။

• အဆီမပါ၊ မွေးရနံ့ကင်းသော ဆပ်ပြာ၊ ရေကြက်သီးနွေးတို့ဖြင့် တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ။ နေ့စဉ် ရှန်ပူဖြင့် ခေါင်းလျှော်ပါ။ ဆံပင်များ မျက်နှာပေါ် ကျမနေစေသင့်ကော်န်ဒစ်ရင်နာ (Conditioners) များ မသုံးသင့်။

• အဝတ်စား ကျပ်ကျပ် မဝတ်သင့်။ ဦးထုပ်မဆောင်းသင့်။

• ၀က်ခြံ မညှစ်ရ။ ပိုးဝင်ပြည်အောင်းကာ ပြည်တည် ၀က်ခြံနာ ဖြစ်နာသည်။ မုတ်ဆိုး၊ နှုတ်ခမ်းေျွွး ရိတ်သည့်အခါ ၀က်ခြံထိပ်ပါမသွားစေရန် ဂရုစိုက်ပါ။

• အဆီများသော အလှကုန်၊ ခရင်မ်များ မသုံးရ အဆီမပါသော အလှကုန်များကို သုံးသင့်သည်။ သို့မှသာ မွေးညင်းပေါက် ပိတ်ဆို့မသွားနိုင်။ ၀က်ခြံပေါက်လာပါက တစ်ရက်နှစ်ရက်ခန့် မိတ်ကပ် မလိမ်းဘဲနေကာ မျက်နှာပြောင်ပြောင်ဖြင့်သာနေပါ။

• စာဖတ်နေစဉ်၊ ရုပ်သံ ကြည့်နေစဉ် သတိလက်လွတ် ဖြစ်ပြီး ၀က်ခြံကို စမ်းသပ်ကိုင်တွယ်မကြည့်ရ။ ဆီကြော်အစာများ၊ ငပိအငံဓာတ်လွန်ကဲသော အစားအစာရှောင်ပါ။ဆရာဝန် (သို့) အရေပြားအထူးကု ပညာရှင်တွေက ၀က်ခြံဟာ ဆိုးရွားပြင်းထန်လာရင်တော့ ဆေးဝါးနှင့် ကုသဖို့လိုအပ်တဲ့အကြောင်း လက်ခံလာကြပါသည်။ Benzoyl Peroxide ဒါမှမဟုတ် Salicylic acid ပါ၀င်တဲ့ ၀က်ခြံပျောက်လိမ်းဆေးတွေကို အသုံးပြုကြပါသည်။ ဒါနဲ့မှ မသက်သာဘူးဆိုရင် Tretinoin ပါ၀င်တဲ့ဆေးတွေ၊ ဗီတာမင်အေ (Retinoid) ပါ၀င်တဲ့ ဆေးတွေ၊ Azelaic acid ဒါမှမဟုတ် ပဋိဇီဝပိုးသေဆေး (Clindamcin, erythromycin, tetracycline) ပါ၀င်တဲ့ ဆေးတွေကို ဆရာဝန်တွေက ၀က်ခြံကုသရာမှာ အသုံးပြုကြသည်။ ပဋိဇီဝပိုးသတ်ဆေးတွေက ဓာတ်မတည့်တုံ့ပြန်မှုဖြစ်လာရင် ဆက်မသုံးသင့်ပါဘူး။ တက်ထရာ စိုင်ဂလင်းဆေးတွေကတော့ကောင်းကျိုးများကို အသုံးများတဲ့ ၀က်ခြံကုဆေးပါ။ ဒါပေမဲ့ သူက ကိုယ်ဝန်ဆောင်တွေအနေနှင့် Tetracycline သောက်ဆေးကို မသောက်သင့်ပါဘူး။ သန္ဓေသားရဲ့ အရိုးနဲ့ သွားဖွံ့ဖြိုးမှုကို ထိခိုက်စေပါသည်။ Isotretinoin ဆေးက တစ်ခါတစ်ရံမှာသွေးတွင်းကအဆီဓာတ်ကို မြင့်တက်စေပါသည်။ သူက လည်းပဲ ကိုယ်ဝန်ဆောင်တွေသောက်သုံးရင်ကလေးကို ထိခိုက်စေတတ်လို့ ဒီဆေး သောက်နေစဉ် အတွင်း ကလေးမယူသင့်ပါ။

အထက်ပါဆေး၊ အစာ၊ အာဟာရတို့ဖြင့် နှစ်လခန့် ၀က်ခြံကို ကုကြည့်ပြီးသည့်တိုင် တိုးတက်မှု မရှိဘဲ ပိုများလာလျှင်၊ နီရဲ၍ အရည်တရွှဲရွှဲ ဖြစ်နေလျှင်။ ၀က်ခြံထူပြောသူသည် အမျိုးသမီး ဖြစ်နေပြီး ဓမ္မတာလည်း မမှန်ကာ၊ နှုတ်ခမ်းမွေးများ ပေါက်လာလျှင်။

 

Ref:

၀က်ခြံပြဿနာကြောင့် စိတ်ညစ်နေသူများအတွက် သိသင့်သည့်အချက်များကို အိမ်သားသမားတော်၊ ရောဂါနှင့်ဆေးဝါး စသည့်စာအုပ်များမှ ကောက်နုတ်၍ တင်ပြပေးလိုက်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18