Print

ခရုသင်း/ သမင်ဖြူ ရောဂါ

  30-Oct-2016
Preview Image

ခရုသင်းသည် အရေပြားပေါ်တွင် အရောင်ကင်းမဲ့သောအကွက် (သို့မဟုတ် )အဖြူကွက်များဖြစ်သော အနည်းငယ်အဖြစ်များသည့် နာတာရှည် အရေပြားရောဂါတစ်မျိုး ဖြစ်ပါသည်။ အရေပြား၏အရောင်ကို ဖြစ်စေသည့် မယ်လနိုဆိုက်ဆဲလ်(melanocytes) များ သေသွားသောအခါ သို့မဟုတ် အလုပ်မလုပ်သောအခါ ဤရောဂါဖြစ်ပွားပါသည်။

ရောဂါလက္ခဏာများ

အတွေ့ရအများဆုံးမှာ ခြေလက်တို့တွင် အရောင်မရှိသောအကွက်၊ အဖြူကွက်များဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ နေရောင်နှင့် ထိတွေပသော ကိုယ်ခန္ဓာအရေပြားတွင် အဖြစ်များပါသည်။ သေငယ်သော အဖြူကွက်များအဖြစ် စတင်ပြီး အဖြူကွက်များ ကြီးလာခြင်းနှင့် ပုံသဏ္ဍာန်ပြောင်းလာ ခြင်းများ မကြာခဏတွေ့ရတတ်ပါသည်။ မျက်နှာ၊ လက်များနှင့် လက်ကောက်ဝတ်များတွင်ဖြစ်သော ခရုသင်းများသည် အထူးထင်ရှားတတ်ပါသည်။ ကိုယ်ခန္ဓာ၏ ဒွါရပေါက်များ - ပါးစပ်၊ မျက်လုံးများ၊ နှာခေါင်းပေါက်များ၊ လိင်အင်္ဂါတစ်ဝိုက်နှင့် ချက်တစ်ဝိုက်ဖြစ်သော အဖြူကွက်များသည်လည်း အထူးသတိထားမိစရာ ဖြစ်တတ်ပါသည်။ အချို့အဖြူကွက်များ၏ အနားသတ်တွင် အသားရောင် ပိုရင့်နေတတ်ပါသည်။ mucous membranes များ (ပါးစပ်နှင့် နှာခေါင်းအတွင်း) တွင်လည်း ဖြစ်နိုင်ပါသည်။ ခရုသင်းအကွက်များပေါ်တွင် ပေါက်သော အမွေးများသည်လည်း တစ်ခါတစ်ရံ ဖြူနေတတ်ပါသည်။ အချိန်မတိုင်မီ ဆံပင်များ၊ မျက်တောင်များ မျက်ခုံးမွေးများနှင့် မုတ်ဆိတ်မွေးများဖြူခြင်းလည်းဖြစ်နိုင်ပါသည်။ ခရုသင်းရောဂါသည် ဆေးပညာရှုတောင့်မှကြည့်လျှင် အန္တရာယ်မရှိပါ။ သို့သော် ယေဘုယျပြောရလျှင် အချို့ခရုသင်းကွက်များသည် အနာကြီးအကွက်များနှင့် ဆင်တူတတ်ပြီး အနာကြီးရောဂါဟု အထင်ခံရတတ်ပါသည်။ ထို့ကြောင့် ခရုသင်းလူနာများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဖံစားရမှုမှာ သိသိသာသာ ထိခိုက်ခံစားရမှုဖြစ်ပါသည်။ ထိုစိတ်ထိခိုက်မှုသည် ခရုသင်းရောဂါကိုပိုဆိုးစေနိုင်ပါသည်။ ပြင်းထန်သော ကိုယ်၊ စိတ်ပင်ပန်းမှုများသည် ခရုသင်းရောဂါကို ပိုဆိိုးစေနိုင်ပါသည်။ခရုသင်းရောဂါကြောင့်ခွဲခြားဆက်ဆံရသော သူများတွင် စိတ်ကျခြင်းနှင့် အလားတူ စိတ်ရောဂါများ ဖြစ်နိုင်ပါသည်။

ကုထုံးများ

ခရုသင်းရောဂါ ကုထုံးများသည် အချိန်ယူရတတ်ပြီး ၆ လ မှ ၁၈ လအထိတောက်လျှောက် ကုသရခြင်းမျိုးရှိတတ်ပါသည်။ ကုထုံးရွေးချယ်မှုမှာ အဖြူကွက် အရေအတွက်၊ ရှိနေသောနေရာ၊ အရွယ်အစား၊ ကြီးထွားပုံ စသည်တို့ပေါ် မူတည်၍ ကွဲပြားပါသည်။ ကုသမှုအပေါ် တုံ့ပြန်မှုမှာလည်း လူနာတစ်ဦးနှင့် တစ်ဦးမတူဘဲ ကွဲပြားတတ်ပါသည်။ ဖြစ်စေသောအကြောင်းအရင်းကို ကုသခြင်း မဟုတ်ဘဲ ခရုသင်း၏ အသွင်အပြင်ကို ပြောင်းလဲစေသော နည်းလမ်းအချို့ရှိပါသည်။ အနည်းငယ် သာဖြစ်သော သူများတွင် အဖြူကွက်များကို မိတ်ကပ် သို့မဟုတ် အရောင်ပြောင်းစေသော အလှပြင် ပစ္စည်းများဖြင့် ဖုံးထားနိုင်ပါသည်။ အသားဖြူသူများတွင် နေရောင်ရှောင်ခြင်းအားဖြင့် ပုံမှန်အရေပြား ကို နေရောင်ကြောင့် အရောင်ရင့်ခြင်းအဖြစ်စေဘဲ အဖြူကွက်များကို ပို၍သိသာစေခြင်းမှ ကာကွယ် နိုင်ပါသည်။ သို့ရာတွင် နေရောင်နှင့် ထိတွေ့ခြင်းသည် တစ်ခါတစ်ရံ မယ်လနိုဆိုက်ဆဲလ်များကို ပြန်ပွားစေနိုင်ပြီး အသားအရောင်ကို ပြန်လည်ရရှိစေနိုင်ပါသည်။အရေပြားအထူးကုဆရာဝန်အများစု၏ ထုံးတမ်းစဉ်လာကုသမှုမှာ corticosteroid လိမ်းဆေး များ ပေးခြင်းဖြစ်ပါသည်။ အလင်းရောင်ဖြင့် ကုသခြင်းမှာလည်း ထိရောက်မှုရှိပါသည်။ ခရမ်းလွန် ရောင်ခြည် အေ နှင့် Psoralen ဆေးပေးခြင်း၊ ခရမ်းလွန်ရောင်ခြည် ဘီ၏ အချို့သော လှိုင်းအလျား (၃၁၁-၃၁၃ နာနိုမီတာ) ဖြင့် ကုသပေးခြင်းဖြစ်သည်။ရောဂါသည် အများစုတွင် ထိရောက်မှုရှိပါသည်။ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးသော Protopic နှင့် Elidel လိမ်းဆေးများသည် ခရမ်းလွန်ရောင်ခြည် ဘီကုသမှုနှင့်တွဲ၍ အသုံးပြုလျှင် အချို့လူနာများတွင် အရေပြားအရောင်ပြန်ကောင်းလာခြင်းကို ဖြစ်စေပါသည်။အဖြူကွက်များ အလွန်များနေသူများတွင် ဓာတုနည်းဖြင့် အရောင်ချွတ်ခြင်းကို ကုထုံးအဖြစ်ရွေးနိုင်ပါသည်။ ၂၀ ရာခိုင်နှုန်း monobenzone ဖြင့် အရောင်ချွတ်ခြင်း ဖြစ်ပါသည်။

ပြန်၍အရောင် မဖြစ်နိုင်သော အရောင်ချွတ်ခြင်း ဖြစ်ပါသည်။ မယ်လနိုဆိုက်ဆဲလ်များကို အစားထိုးခြင်းဖြင့်လည်း ခရုသင်းရောဂါကို ထိရောက်စွာ ကုသနိုင်ပါသည်။ ရ၃ ရာခိုင်နှုန်းမှ ၈၄ ရာခိုင်နှုန်းသော လူနာများတွင် လုံးဝနီးပါး အရေပြား အရောင်ပြန်ကောင်းလာခြင်းကို တွေ့ရပါသည်။ အရေပြားအရောင် ပြန်ကောင်း လာခြင်း၏ တာရှည်ခံမှုမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါသည်။ မိမိကိုယ်ခန္ဓာ၏ အခြားနေရာမှ အရေပြားဖြင့်ခရုသင်းဖြစ်နေသော အရေပြားကို အစားထိုး ခြင်းဖြင့်လည်း ကုသနိုင်ပါသည်။ ငရုတ်မည်းမှ ရရှိသော piperine သည် ခရမ်းလွန်ရောင်ခြည် ကုသမှုများနှင့် တွဲ၍အသုံးပြုလျှင် အရေပြားအရောင် ပြန်ကောင်းလာခြင်းကို အထောက်အကူပေးပါ သည်။ ယခင်ကုထုံးများထက် ပို၍တာရှည်ခံသော အရေပြား အရောင်ပြန်ကောင်းလာခြင်းကို ဖြစ်စေပါသည်။လေ့လာမှုတစ်ခုတွင် Ginkgo biloba သောက်ဆေးသည် ကျယ်ပြန့်နှုန်းနှေးသော ခရုသင်းရောဂါ၏ တိုးတက်မှုကို ရပ်တန့်စေကြောင်း တွေ့ရှိရပါသည်။

 

Ref:

ဒေါက်တာခိုင်ခိုင်ဇော်

အရေပြားရောဂါများအကြောင်းတစေ့တစောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18