Print

အရေပြားယားယံခြင်း

  30-Oct-2016
Preview Image

ဆရာဝန်နှင့် ပြသသင့်သောအချိန်- အရေပြားယားယံမှုကြောင့်

အရေပြားဆရာဝန််နှင့် ပြသသင့်သော အချိန်များမှာ-

- မိမိဘာသာ ကုသသော်လည်း အရေပြားယားယံမှုသည် ရက်သတ္တ နှစ်ပတ်ကျော်

လာပြီး မသက်သာသောအခါ။

- အရေပြားယားယံမှုသည် အလွန်ပြင်းထန်ပြီး ပုံမှန်နေ့စဉ်လုပ်ဆာင်မှုများနှင့် အိပ်ချိန်ကို

ပါ ထိခိုက်လာသောအခါ

- အရေပြားယားယံမှုသည် အလွယ်တကူ ရှင်းပြရန် မဖြစ်နို်င်သောအခါ ။

- တစ်ကိုယ်လုံး ယားယံသောအခါ။

- အလွန်အမင်း မောပန်နွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဆီး၊ ၀မ်းမမှန်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဖျားခြင်း၊ အရေပြား နီရဲလာခြင်း စသည်တို့နှင့် တွဲဖက်၍ အရေပြားယားယံခြင်းဖြစ်သောအခါများ ဖြစ်ပါသည်။

 

အရေပြားယားယံခြင်းကို ဖြစ်စေသော အကြောင်းရင်းများ အရေပြားခြောက်သွေ့ခြင်းအခြား သိသိသာသာ ပြောင်းလဲမှုများမတွေ့ရသော အရေပြားယားယံမှုသည် များသောအားဖြင့် အရေပြား ခြောက်သွေ့ခြင်းကြောင့် ဖြစ်ပါသည်။ အရေပြားခြောက်သွေ့ခြင်းသည် ပုံမှန်အားဖြင့် ပတ်ဝန်းကျင် အခြေအနေများကြောင့် ဖြစ်ပါသည်။ ရာသီဥတု ပူခြင်း၊ အေးခြင်း၊ လေထုစိုထိုင်းဆ နည်းခြင်း၊ လွန်ကဲစွာ ကိုယ်လက်ဆေးကြောခြင်း၊ သို့မဟုတ် ရေချိုးခြင်းစသည်တို့ကို အရေပြားခြောက်သွေ့ခြင်းကိုဖြစ်စေနို်င်သောအချက်များ ဖြစ်ပါသည်။

အရေပြားအခြေအနေနှင့် ရောဂါများ

အရေပြားယားယံခြင်းကို ဖြစ်စေနိုင်သော အခြေအနေများတွင် အကြောင်းအရင်းများတွင် အရေပြားအခြေ အနေများနှင့် ရောဂါများ၊ ကိုယ်တွင်အင်္ဂါများ ၊ဓာတ်မတည့်ခြင်းများနှင့် သုံးစွဲလိုက်သော ဆေးဝါးများကြောင့် ယားယံမှုသည် အတွေ့ရဆုံးဖြစ်ပါသည်။

အရေပြားအခြေအနေနှင့် ရောဂါများ

အရေပြားယားယံခြင်းကို ဖြစ်စေသော အခြေအနေများတွင် Psoriasis ၊ အရေပြားယောင်ရမ်းခြင်း၊ ၀ဲ သန်းစွဲ ခြင်း၊ ရေကျောက်ပေါက်ခြင်း၊ အင်ပျဉ်ထခြင်း စသည်ဖြင့်များစွာရှိပါသည်။ ဤအခြေအနေတွင် ယားယံခြင်းသည် နေရာကွက်၍ဖြစ်ပွားပြီး အရေပြားနီရဲခြင်း၊ အဖုထခြင်းနှင့် ရေကြည်ဖုထခြင်းများနှင့် အတူတွဲ ပြီးအတွေ့ရများပါသည်။ 

ကိုယ်တွင်းရောဂါများ

အသည်းရောဂါ၊ ကျောက်ကပ် ပုံမှန်အလုပ်မလုပ်ခြင်း၊ သံဓာတ်ချို့တဲ့မှု ကြောင့်ဖြစ်သော သွေးအားနည်းခြင်း၊ သွိုင်းရွိုက်ဂလင်းပြဿနာနှင့် သွေးကင်ဆာများ စသည်တို့တွင် အရေပြားယားယံခြင်း ဖြစ်ပွားတတ်သည်။ ဤအခြေအ နေများတွင် ယားယံခြင်းသည် နေရာကွက်၍ ဖြစ်ခြင်းထက် တစ်ကိုယ်လုံးယားယံလေ့ရှိပါသည်။ အရေပြားကို စစ်ဆေး ကြည့်လျှင် ကုတ်ခြစ်ရာမှလွဲ၍ ပုံမှန်အရေပြားအတိုင်းပင်တွေ့ရလေ့ရှိသည်။

ဓာတ်မတည့်ခြင်းများ

သိုးမွေး၊ ဓာတုပစ္စည်းများ၊ ဆပ်ပြာနှင့် အခြားအရေပြားကို လှုံ့ဆော်သောအရေများသည် ယားယံခြင်းကို ဖြစ်စေနို်ငပါသည်။ အစားအစာ ဓာတ်မတည့်ခြင်းများသည်လည်း အရေပြား ယားယံခြင်းကို ဖြစ်စေနိုင်ပါသည်။ 

ဆေးဝါးများ

ပဋိဇီဝဆေးများ၊ မှိုသေစေသော ဆေးများနှင့် မူးယစ်စေသော နာကျင်မှု သက်သာစေသောဆေးများသည် ယားယံခြင်းနှင့် အင်ပျဉ်ထခြင်း ကဲ့သို့သော အခြေအနေများကို ဖြစ်စေနို်င်ပါသည်။

 

ကိုယ်ဝန်ရှိခြင်း

အချို့အမျိုးသမီးများတွင် ကိုယ်ဝန်ရှိချိန်၌ ယားယံမှုဖြစ်ပွားတတ်ပြီး ၀မ်းဗိုက်၊ပေါင်၊ ရင်သားနှင့် လက်မောင်း များတွင် အဖြစ်များပါသည်။ ယားယံတတ်သော အရေပြားယောင်ရမ်းခြင်းကဲ့သို့သော အခြေအနေများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ပိုဆိုးလာတတ်သည်။

နောက်ဆက်တွဲ ပြဿနာများ

ကာလရှည် ယားယံနေမှုနှင့် ကုတ်ခြစ်ခြင်းသည် ယားယံမှုကို တိုးစေပြီး Lichen simplex chronicus ခေါ် အရေပြားနှင်းခူတစ်မျိုးဖြစ် ကူးပြောင်းသွားနိုင်ပါသည်။ဆက်တိုက် ကုတ်ခြစ်နေရခြင်းသည် အရေပြားတွင်း ဗက်တီးရီး ယားပိုး ၀င်ခြင်းများကို ဖြစ်စေနိုင်ပြီး အရေပြားအရောင်ပြောင်းလဲခြင်းများနှင့် ရာသက်ပန် အမာရွက်များကို ဖြစ်စေနိုင်ပါ သည်။ 

စမ်းသပ်စစ်ဆေးမှုများနှင့် ရောဂါအမည်တပ်ခြင်း

အရေပြားရောဂါများကို သေချာစွာ ကြည့်ရှုစစ်ဆေးရန် လိုအပ်ပါသည်။ရောဂါရှာဖွေ ဓာတ်ခွဲ စစ်ဆေးမှုအနေ ဖြင့် သွေးစစ်ဆေးမှုအချို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မည်။

ကုသမှုနှင့်ဆေးဝါးများ

အရေပြားယားယံမှုကို ကုသရာတွင် ဖြစ်စေသော အကြောင်းအရင်းခံကိုလိုက်၍ အောက်ပါကုသမှုများကို အသုံးပြုနိုင်ပါသည်။

ဆေးဝါးများ

Antithistamines သောက်ဆေးများကို ဓာတ်မတည့်ခြင်းနှင့် အင်ပျဉ်ထခြင်းကဲ့သို့သော ယားယံမှုအတွက် corticosteroid လိမ်းဆေးများ အသုံးပြူနိုင်သည်။

ပတ်တီးအစိုပတ်၍ ကုသခြင်း

ဖြစ်ပွားသောနေရာကို ဆေးလိမ်းပြီးနောက် ထိုနေရာကို ပတ်တီးအစိုဖြင့် အုပ်ထားခြင်း ဖြစ်ပါသည်။ ထိုအစိုဓာတ် သည် အရေပြားထဲသို့ လိမ်းဆေးများစိမ့်ဝင်မှုကို အကူအညီပေးပါသည်။

အကြောင်းရင်းခံ ရောဂါများကို ကုသခြင်း

ကိုယ်တွင်းရောဂါတစ်ခုခု (ဥပမာ-ကျောက်ကပ်ရောဂါ၊ သွေးအားနည်းခြင်း၊ သွိုင်းရွိုက်ပြဿနာစသည်) စစ်ဆေးတွေ့ရှိပါက ၄င်းရောဂါကို ကုသလိုက်ခြင်းသည် ယားယံမှုကိုပါ ပျောက်ကင်းသွားစေနိုင်ပါသည်။ ယားယံမှု သက်သာစေဟော အခြားကုသမှုများကို တွဲဖက်အသုံးပြုနိုင်ပါသည်။

အလင်းဖြင့်ကုသခြင်း

အရေပြားကို ခရမ်းလွန်ရောင်ခြည်လှိုင်းအလျား အချို့ဖြင့် ထိတွေ့စေခြင်းဖြင့် ကုသခြင်းဖြစ်ပါသည်။ တစ်ကြိမ် ကုသရုံဖြင့် မပျောက်ကင်းတတ်ဘဲ အကြိမ်ကြိမ်ကုသရန် လိုတတ်ပါသည်။ ယားယံမှုကို ကုသရာတွင် သက်သာပျောက်ကင်းမှုသည် ချက်ချင်းမသက်သာညဲ တဖြည်းဖြည်းချင်းသာ သက်သာလာလေ့ရှိပါသည်။ ချက်ချင်းလက်ငင်း ယားယံမှုကို သက်သာစေနိုင်သော လိမ်းဆေးများရှိသောလည်း ရေရှည်ပျောက်ကင်းမှုအတွက် ယားယံခြင်းကို ဖြစ်စေသော အကြောင်းအရင်းခံကို ကုသရန်မှာ အရေကြီးဆုံးဖြစ်ပါသည်။ 

နေထိုင်မှုပုံစံနှင့် မိမိဘာသာကုသမှုများ

ယားယံမှုကို လျော့နည်းစေရန်နှင့် အရေပြားရောင်ရမ်းမှုကို သက်သာစေရန်

အောက်ပါ မိမိဘာသာ ကုသမှုများကို ကြိုးစားကြည့်နိုင်ပါသည်။

- ယားယံမှုသက်သာစေသော လိမ်းဆေးများ လိမ်းခြင်း

- တတ်နိုင်သမျှ ကုတ်ခြစ်ခြင်းကို ရှောင်ကြဉ်ခြင်း (ကုတ်ခြစ်မှုကို မရှောင်နို်င်လျှင် ယားယံနေသောနေရာကို အုပ်ထားနိုင်ပါသည်။ လက်သည်းများကို ညှပ်ထားပြီး အိပ်ရာဝင်သောအခါ လက်အိတ်စွပ်ထားနိုင်ပါသည်။)

- အအေးဝတ်ကပ်ခြင်း။

- ရေအေးဖြင့် ရေချိုးခြင်း။

- ချောမွတ်သော ချည်ထည်များဝတ်ဆင်ခြင်း။

- ဆိုးဆေးနှင့် အမွှေးနံ့မပါသော ဆပ်ပြာများကို ရွေးချယ်အသုံးပြုခြင်း။

- အဝတ်အစားလျှော်ဖွတ်ရာတွင် ပြင်းအားမများသော အနံ့မရှိသော သန့်စင်ဆေးရည်များကို ရွေးချယ်အသုံးပြုခြင်း။

- နီကယ်၊ ကျောက်မျက်ရတနာများ၊ ရေမွှေး၊ သန့်စင်ပစ္စည်းများနှင့် အလှပြင်ပစ္စည်းများ သုံးစွဲရာတွင် မိမိအရေပြားကို လှုံ့ဆော်နို်င်သော၊ ဓာတ်မတည့်ခြင်း ဖြစ်စေနိုင်သော ပစ္စည်းများကို ရှောင်ကြဉ်သုံးစွဲခြင်း စသည်တို့ဖြစ်ပါသည်။

 

Ref:

အရေပြားရောဂါများအကြောင်း တစေ့တစောင်း

ဒေါက်တာခိုင်ခိုင်ဇော်

Pg,55-58



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18