Print

မွေးကျွတ်နာပေါက်ပြီဆိုရင် ဘာတွေလုပ်ရမလဲ

  30-Oct-2016
Preview Image

ဘက်တီးရီးယားတစ်မျိုး ကြောင့် အရေပြားမှာ ဝက်ခြံလို အဖုသေးလေးကစလို့ တဖြည်း ဖြည်းကြီးလာပြီး ပြည်တည်နာ အထိဖြစ်တတ်တဲ့ မွေးကျွတ်နာတို့၊ အနာပဆုပ် တို့ဖြစ်လာခဲ့ပြီဆိုရင် အန္တရာယ်ကင်းကင်းနဲ့ သက် သာပျောက်ကင်းစေမယ့် နည်းလမ်းလေးတွေသိထားရအောင် ဖော်ပြပေးလိုက်ပါတယ်။

အိမ်မှာ နနွင်းမှုန့်အဆင်သင့် ရှိတယ်ဆိုရင် နနွင်းမှုန့် ၂ ဇွန်းကိုရေခပ်နွေးနွေး လက်ဖက်ရည်တစ်ပန်းကန်စာဖျော်စပ်ပြီး သောက်ပေးနိုင်သလို နနွင်းမှုန့်နဲ့ရေနဲ့ခပ် ပျစ်ပျစ်ဖျော်ပြီး အနာကိုလိမ်းပေး နိုင်ပါတယ်။ ရေနွေးအဖြူထဲကို ဆားအနည်းငယ်ခတ်ပြီး အဝတ်သန့်တစ်ခုစိမ်ပြီး အနာပေါ်ကို နွေးနေတဲ့အဝတ်လေးအုပ်ပေး ရင်လည်း သက်သာစေပါတယ်။

ကြက်သွန်နီအနည်းငယ်ကို တောက်တောက်စဉ်းပြီး ရေနွေးနဲ့ ပြုတ်ပြီး ရေတစ် ဝက်လောက်ခန်းသွားရင် အနားတစ်ဝိုက်ကို အဲဒီရေနဲ့ ဖန်ရေဆေးတာ မျိုးလုပ်ပေးနိုင် ပါတယ်။ ကြက်သွန်ဖြူကိုလည်း အနှစ်ဖြစ်တဲ့အထိ ကြိတ်ခြေပြီး အနာပေါ်ကို အုံပေးထားပြီး ခြောက်သွားရင် ရေစွတ်ထားတဲ့ အဝတ်သန့်လေးနဲ့ သုတ်ပေးရင် သက်သာပျောက်ကင်းနိုင်ပါတယ်။

ပန်းသီးဗီနီကာရှိရင်လည်း ဂွမ်းစလေးနဲ့ အနာရှိတဲ့နေရာကို တို့ပေးနိုင်သလိုရေနည်းနည်းနဲ့ ရောပြီးတော့လည်း အနာကိုဆေး ကြောလို့ရပါတယ်။ တမာရွက်ကို လည်း ကြိတ်ခြေအနှစ်လုပ်ပြီး အနာတစ်ဝိုက်သုတ်လိမ်းထား တာမျိုး နှစ်ရက်လောက်

လုပ်ပေးနိုင်ပါတယ်။

အာလူးကို အရည်ညှစ်ပြီး အနာကိုတစ်နေ့လေး ငါးကြိမ် လိမ်းပေးရင်လည်းမြန်မြန်သက် သာစေတယ်လို့ဆိုပါတယ်။ ဇီရာ စေ့ကိုလည်း ကြိတ်ပြီး ရေနည်း နည်းနဲ့ရောကာ အနာတစ်ဝိုက် လိမ်းထားပြီး ခြောက်တဲ့အထိ ထားကာ ရေဆေးချလိုက်ပါ။

တရုတ်နံနံရွက် လတ်လတ် ဆတ်ဆတ်အနည်းငယ်ကို ငါးမိ နစ်လောက်ပြုတ်ပြီး အနှစ်ဖြစ် အောင်ကြိတ်ခြေကာ အချိန်အနည်းငယ်ကြာအောင်သုတ်လိမ်းထား ပေးရင် အနာသက်သာစေတယ် လို့ဆိုပါတယ်။ ကြက်ဆူဆီအနည်းငယ်ကို အနာရှိတဲ့နေရာလိမ်းပြီး တစ်ညလောက်ပတ်တီးစည်းထားလိုက်ရင် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

 

REF:

ကျန်းမာရေး, ဗဟုသုတ, အလှအပ

ဖိုးသူတော်(www.phothutaw.com)

Credit : 7day Daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18