Print

အတုပ်ခံရခြင်း၊ အကိုက်ခံရခြင်း

  30-Oct-2016
Preview Image

အကောင်ကိုက်ခံရပါက ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိစေပြီး ဖျားနာစေနိုင်ပါသည်။ သင် ကိုယ်တိုင်နှင့် သင့်မိသားစုအား ပျား၊ သန်းစသော အင်းဆက်များကိုက်ခံရခြင်းမှ ကာကွယ်နိုင်ရန် အသေအချာ ကြိုတင်ပြင်ဆင်ထားပါ။

အင်းဆက်ကိုက်ရခြင်း

၁။ ပိုးမွှားများကိုက်ခြင်း၊ တုပ်ခြင်းခံရပါက နာကျင်ခြင်း၊ ယောင်ရမ်းခြင်းများဖြစ်နိုင်ပါသည်။ အကိုက်ခံရ သောနေရာသည် ယောင်လာပြီး သွေးထွက်လာနိုင်ပါသည်။

၂။ မျက်နှာပြင်ညီညာလာသည်အထိ အကိုက်ခံရသောနေရာကို ညှစ်ပေးပါ။

၃။ အဆိပ်ကုန်အောင် ဖယ်ထုတ်ရန် ဇာဂနာကအသုံးပြုပါ။

၄။ ဒဏ်ကို ဆပ်ပြာနှင့် ဆေးကြောပါ။ ပြီးလျှင် အဝတ်စဖြင့် ဖုံးအုပ်ပြီး ရေခဲကပ်ပေးပါ။

၅။ လူနာသည် ဓာတ်မတည့်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းသို့ အမြန် ဆုံးပို့ဆောင်ပေးပါ။ ရောဂါလက္ခဏာများမှာ အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း၊ လက်၊ ခြေထောက်၊ မျက်နှာတို့ ယောင်လာခြင်းနှင့် အသက်ရှူနှေးသွားခြင်းတို့ ဖြစ်ပါသည်။

တောထူသောနေရာသို့သွားပါက မည်သည့်ပိုးမွှား မကိုက်သည့်ဆေးကို အသုံးပြုသင့်ပါသနည်း။ ပိုးမွှားမကိုက်သည့်ဆေးလိမ်းသွားပါ။ (Insect repellent) ထိုဆေးကို ကလေးငယ်များတွင် အသုံးပြုနိုင်ပါသလား။ ကလေးငယ်များအတွက်ဆေးပါ၀င်မှု ၁၀% အောက်ပါသော ဆေးများကိုသာအသုံးပြုပါ။ အိမ်တွင် အင်းဆက်ကိုက်ခံရခြင်း လျော့နည်းရန် မည်ကဲ့သို့ပြုလုပ်ရမည်နည်း။ မိမိ၏ခြံထဲတွင် ရေအိုင်၊ ရေတိုင်ကီစသော ရေသေများမရှိအောင်ထားပါ။

Ref:

မြန်မာနိုင်ငံကြက်ခြေနီအသင်း

22.10.2015



Related Articles


Advertisment 18