Print

အရေပြား ယားယံခြင်း အကြောင်းများ

  29-Oct-2016
Preview Image

မိတ်ဆွေ တစ်ဦး အိမ်လာလည်ရင်း ကျွန်မ အမျိုး သားအား သူ၏ လက်နှင့် ခြေထောက်၊ ပေါင်တို့မှာ ယားယံ နေတဲ့ အကွက်ငယ် (၁ စင်တီမီတာ အ ရွယ်) လေးများ ဟိုတစ်ကွက် ဒီတစ်ကွက်ကို ပြပါတယ်။ သူ့အပြောအရ ဤအကွက် လေးများပေါ်  လာတာ ၁ လခန့် ရှိပြီ။ သက်သာလိုက်၊ ပြန်ယားလိုက် နှင့်စိတ်ညစ်နေကြောင်း၊ ပွေးလို့ထင်ပြီး ပွေးရောဂါအတွက်လိမ်းရတဲ့ အရေပြားယားနာလိမ်းခရင်မ်တွေလည်း လိမ်းနေကြောင်း၊ သို့သော်မသက်သာကြောင်း လည်းရှင်းပြပါတယ်။

ကျွန်မတို့က အရေပြားလန်သလို အလွှားလိုက်ကွာနေသော အကွက်လေး များနှင့် နှုတ်ခမ်းသားလေးတွေ ထူနေတာတွေ့ရတော့ အရေပြားကျန်းမာရေး ပြဿနာမှာ တစ်ခါတစ်ရံ လွဲမှားတတ်လို့ အတွေ ့အကြုံ ရင့်ကျက်တဲ့ အရေပြားအထူးကုဆရာဝန် တစ်ဦးဦးနှင့်ပြသပြီး လိုအပ်သလိုကုသရန် အကြံပေးလိုက်ကြပါတယ်။ အရေပြား ယားယံမှုဟာ မှိုပိုး ကြောင့် ဖြစ်တတ်သလို တစ်ခါ တစ်ရံ ဓာတ်မတည့် မှုကြောင့်လည်း ယားယံတတ်ပါတယ်။

ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ အရေပြားယားယံမှုဟာ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားလန်၊ အကွက်လေး များ၏ နှုတ်ခမ်းသား ထူထူလေးတွေ ဖြစ်လာတာနှင့် လည်း ဆင်တူယိုးမှား ဖြစ်တတ်ပါသေးတယ်။ ဓာတ်မတည့်မှုဆိုရာမှာ  အစားအသောက်ကြောင့် ဓာတ်မတည့်ခြင်း၊ ဆေးဝါးများကြောင့်ဓာတ်မတည့်ခြင်း၊ မိမိနေ့စဉ်သုံးစွဲတဲ့ဓာတုပစ္စည်းများ ပါဝင်တဲ့အသုံးအဆောင်ပစ္စည်းများ နှင့်  ဓာတ်မတည့်ခြင်း စသည်ဖြင့် အမျိုးမျိုးရှိရာ ထိုဓာတ်မတည့်မှုမှာ အရေပြားပေါ်တွင် မည်သည့် အချိန်မှစ၍ဖြစ်ပေါ်လာမှန်း မသိရဘဲ အရေပြားတွေ ယားယံလာမှသာ  သတိပြုမိတာမျိုးထိ ဖြစ်တတ်ပါတယ်။

အဲဒီအချိန်မျိုးမှာ ယားနာရောဂါတွေ အတွက်လိမ်းစရာဆေးဝါးတွေက ဆေးဆိုင်တွေမှာ အလွယ်တကူ ရောင်းချပေးနေတဲ့အတွက် မိမိဘာသာ မိမိ ရောဂါနာမည် အမည်တပ်၊ စိတ်ထင်ရာဆေးဝါး လိမ်းဆေးတွေ ဝယ်ယူလိမ်းလိုက် ခြင်းဖြင့် ပို၍ဆိုးဝါးကာ အနာမှာပိုရောင်ရမ်းလာခြင်း၊ ပို၍ယားယံလာခြင်းစသည့် ဆိုးဝါးပြင်းထန်သော လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။ မိမိမကျွမ်းကျင် သော ဘာသာရပ်တစ်ခုမှာ အထူးသဖြင့် အရေပြားအသားအရေကို လိမ်းဆေးခရင်မ်များ လိမ်းပေးခြင်းဖြင့် ဆွပေးသလိုဖြစ်ကာ ပိုမိုဆိုးဝါးလာစေတတ်ပါတယ်။ ဆေးဆိုင်တွေ အထူးသဖြင့် လမ်းဘေးဆိုင်တွေမှာ ယားနာလိမ်းဆေး လို့ပြောတာနဲ့ ဆိုင်ရှင်က သူပေးချင်တဲ့ ဆေးပေးပါလိမ့်မယ်။ အရေပြားမှာ ပြဿနာဖြစ်ရင် အရေပြားဆရာဝန်နှင့် တိုင်ပင်ရန်လိုအပ်ပါတယ်။

ဒါမှ ဆရာဝန်အနေဖြင့် မှိုပိုးကြောင့်ဖြစ်တာလား၊ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တာလား၊ တခြားမည်သည့် အချက်တွေကြောင့် ဖြစ်ပေါ်လာရတာလဲဆိုတာ စစ်ဆေးကြည့်ရှုအဖြေရှာပါလိမ့်မယ်။ ထိုယားနားကွက်လေးများကို အသာခြစ်ယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးခြင်းဖြင့်လည်းကောင်း၊ နှစ်ပတ်အတွင်း ပိုးမွေးပေးခြင်းဖြင့် လည်းကောင်း မှိုပိုးဟုတ်မဟုတ် ရှာဖွေပေးနိုင်ပါတယ်။ အကယ်၍ မှိုပိုးဖြစ်ပါက မည်သည့်မှို အမျိုးအစားဖြစ်သလဲ ဆိုတာရှာဖွေပေးနိုင်တဲ့အပြင် အမြန် ဆုံးသက်သာစေနိုင်မည့် ဆေးဝါးအမျိုးအစားကိုပါ ရှာဖွေပေးနိုင်ပါတယ်။ ဤသို့ အလွယ်တကူတွေ့ရှိရပါက ကုသရန်မခက်ခဲတော့ပါ။

သို့သော် အားလုံးကတော့ ကုသရန် အမြဲလွယ်ကူတာမဟုတ်ပါ။ တစ်ခါတစ်ရံ သိရန်ခက်ခဲတဲ့ အရေပြားပြဿနာတွေလည်း ရှိတတ်ပါတယ်။ ဆရာဝန်ရဲ့ အတွေ့အကြုံရင့် ကျက်မှုအပေါ်မူတည်၍ သက်သာ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ လူနာများ အနေဖြင့် မိမိသဘောနှင့် မိမိကုသတာဟာ အနာကိုပိုဆိုးစေပါတယ်။ ယားယံလွန်းလို့ မနေနိုင်သဖြင့် လက်သည်း သို့မဟုတ် မသန့်ရှင်းသည့်လက်နှင့် ကုတ်ခြစ်မိတာကတစ်မျိုး၊ အနာနှင့်ဆေး လွဲမှားစွာကုမိတာက တစ်ဖုံအပြင် မပျောက်နိုင်လို့စိတ်ဓာတ်ကျ ရတာက အဆစ်ရ တတ်ပါသေးတယ်။ ဒီကြားထဲ ပတ်ဝန်းကျင်ရှိ လူများကပေးတဲ့ ဆေးမြီးတိုနှင့် လက်တည့် စမ်းမိ၍ပိုဆိုးတာမျိုးလည်း ရှိတတ်ပါတယ်။ အရေပြားယားယံပြီး လန်လာ၊ အကွက်လေးတွေကြွလာတာမျိုး ကြုံရပါက အောက်ပါအတိုင်းဆန်းစစ်ပါ။

(၁) တစ်ကိုယ်ရေ သန့်ရှင်းမှု ဂရုစိုက်မိပါရဲ့လား။ ဥပမာချွေးစို သို့မဟုတ် ရေစိုအဝတ်အစားကို မလဲလှယ်ဘဲ တစ်နေကုန်ဝတ်ထားမိလား။

(၂) ရက်ပိုင်း အတွင်းထူးခြားတဲ့အစားအစာ ဘာတွေစားမိပါသလဲ။

(၃) ရက်ပိုင်းအတွင်း သို့မဟုတ် လ သောက်/ထိုး/လိမ်းမိပါသလဲ။

(၄) မိသားစု သို့မဟုတ် သူငယ်ချင်း တစ်ဦးဦး၏ အဝတ်အစားအတူခွဲဝေ သုံးစွဲ ဝတ်ဆင်မိပါသလား။

(၅) ရေချိုးခန်းသုံး ဓာတုပစ္စည်းများပါဝင်သည့် ခေါင်းလျှော်ရည်ရှမ်ပူ၊ ကိုယ်တိုက်ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ မျက်နှာသန့် စင်ဆေးရည်၊ Body Lotional ခန္ဓာ ကိုယ်လိမ်းပစ္စည်းများ၊ ရေမွှေး၊ ပေါင်ဒါ၊ ဂျိုင်းလိမ်း Roll On စသည့်ဓာတုပစ္စည်းများ ပါဝင်သည့် အသုံးအဆောင်များကို သုံးနေကျမဟုတ်ဘဲ အသစ်တစ်မျိုးမျိုးဝယ်သုံးမိလား။

REF: ဒေါက်တာရည်ညွန့်မေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18